05 March 2014

ဟစ်ဟော့ပ် အဆိုတော် ဂျောက်ဂျက်ရဲ့ ပရဟိတ အလှူ

ဟစ်ဟော့ပ် အဆိုတော်ဂျောက်ဂျက် က မကြာသေးခင်က ထွက်ရှိထားတဲ့ မာစတာသင်္ကြန် အခွေမှာ “သင်္ကြန် ဘာဘီရုပ်” ဆိုတဲ့ သီချင်းကို ပါဝင်သီ ဆိုထားပါတယ်။ သင်္ကြန် သီချင်းတွေကို ဟစ်ဟော့ပ် ဆန်ဆန် ဆိုတတ်တဲ ဂျောက်ဂျက်က သင်္ကြန်သီချင်း ဆိုရတဲ့ ဖီလင် နဲ့ ပတ်သက်ပြီး “အမှန် အတိုင်းပြောရရင် သင်္ကြန် သီချင်း ကရေးစရာ သိပ်မရှိဘူး။ အဆိုတော်တိုင်းကို မေးကြည့်လို့ ရတယ်။ တကယ် မလုပ်ချင်ဆုံးက သင်္ကြန် သီချင်းပဲ။ ဘာဖြစ် လို့လဲဆိုတော့ ထွေထွေထူးထူး ရေးစရာ သိပ် မရှိလို့။ ဒါပေမဲ့ ဒီသီချင်းလေး ကိုတော့ အကောင်းမွန်ဆုံး ဖြစ်အောင် လုပ်ထားပါတယ်” လို့ ဂျောက်ဂျက် က ပြောပါတယ်။
ဒီနှစ် သင်္ကြန်မှာ မန္တလေးမှာရှိဖို့များ တယ်လို့ပြောတဲ့ ဂျောက်ဂျက်က အဆိုတော် ဖြစ်ပြီးတဲ့ နောက်ပိုင်း သင်္ကြန်ကာလတွေ ဆို အလုပ်များကြောင်း ပြောပါတယ်။ “သင်္ကြန် ကတော့ မန္တလေးမှာ ရှိမယ်။ သင်္ကြန်ဆို သိပ်မကဲရပါဘူး။ အလုပ်လုပ်ရတာ များတယ်။ ငယ်ငယ်တုန်း ကဆို ကျွန်တော် ၉တန်းနှစ်တုန်း ကပေါ့။ ကားနဲ့ ခိုးလည်တာ အဖေ သိသွားတော့ အရိုက်ခံရတယ်။ အဲဒါလေးကတော့ သင်္ကြန် အမှတ်တရပါပဲ”လို့ ဂျောက်ဂျက် က သင်္ကြန်နဲ့ပတ်သက်ပြီး ငယ်ဘဝ အမှတ်တရ ကို ပြောပြပါတယ်။

ဂျောက်ဂျက် က သူ့မှာရှိတဲ့ အဝတ် အစားတွေကို ပရဟိတဂေဟာ တစ်ခုမှာ သူငယ်ချင်းတွေ အားလုံး စုပြီး အလှူဒါန တစ်ခုကို မတ်လထဲမှာ ပြုလုပ်မယ့် အကြောင်းကို” MCC နားက မီးပွိုင့်မှာလေ။ မိဘမဲ့ ကလေးတော့ မဟုတ်ဘူး။ ဆွံ့အ နားမကြားလား၊ ခန္ဓာကိုယ် မဖွံ့ဖြိုးတာလားမသိဘူး။ အဲဒီ ကလေးတွေပေါ့။ သူတို့အတွက် ကျွန်တော် က သွားလှူမှာ။ သူငယ် ချင်းတွေအကုန် လုံးကို ဖုန်းဆက်ပြီးတော့ ချိန်းနေတာ။ Snare က ကိုနေဝင်း နဲ့ သူ့ကောင်မလေးက လည်း လိုက်မယ် လို့ပြော တယ်။ ထိန်ဝင်း တို့၊ ကျော်ထွဋ်ဆွေ တို့၊ လွှမ်းပိုင် တို့ကိုလည်း ခေါ်ကြည့်ရဦးမယ်။ ကျွန်တော့် ဆီမှာ အင်္ကျီတွေ ဂုန်နီအိတ်ကြီးနဲ့ အပြည့်အများ ကြီးရှိတယ်။ ဟိုးငယ်ငယ် တုန်းကတည်းက ဝတ်ခဲ့တာတွေရောပေါ့။ ကျွန်တော့်ဘက်က အဝတ်အစားတွေ ပါမယ်။ တခြား သူတွေကျတာ့ သူတို့ တတ်နိုင်သလောက် လှူကြမယ့်ဟာတွေ လည်း ရှိပါတယ်” လို့ ပြောပါတယ်။

မျိုးမောင်/popularmyanmar

No comments:

Post a Comment