ထူးထူး/popularmyanmar
05 March 2014
ထူးကုမ္ပဏီ မိသားစုက ကုသိုလ်ပြု လှူဒါန်း တည်ထားသော နတ်ကျွန်းစေတီ ထီးတော်တင်ပွဲ၊ အနုပညာ ဖျော်ဖြေပွဲ အကြောင်း ပြောပြသည့် ဆုန်သင်းပါရ်
၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း
ကဖြစ်ပွားခဲ့သော ရဟတ် ယာဉ် မတော်တဆမှုတွင် ကယ်ဆယ်ရေး လုပ်ငန်းများ
ဆောင်ရွက်ပေးခဲ့ကြသူများ အား ထူးကုမ္ပဏီ အုပ်စု မိသားစုဝင် များက ဒေသခံ
တိုင်းရင်းသား များကို ကျေးဇူးဆပ်သော အနေဖြင့် ဖေဖော်ဝါရီ ၂၄ ရက်
နံနက်ပိုင်းမှာ မလိခမြစ် လယ် အတွင်း ၌ နတ်ကျွန်းစေ တီတော် ကို ကုသိုလ်ပြု
လှူဒါန်းကာတည် ထား ပေးခဲ့ပြီး ညနေပိုင်းတွင် ထီးတော် တင်လှူပွဲ
ပြုလုပ်ပေးခဲ့သည်။ အဆိုပါ ဘုရားထီးတော် တင်လှူပွဲတွင် Iron Cross တီးဝိုင်း
အဖွဲ့နှင့် အတူ အဆိုတော် များဖြစ်သော လေးဖြူ၊ အငဲ၊ မျိုးကြီး၊
ဝိုင်ဝိုင်း၊ ကော်နီ၊ ဆုန်သင်းပါရ်၊ ချမ်းချမ်း၊ ယူရေနီယံ အကအဖွဲ့
တို့ပါဝင်သည်။ ထူးဖောင်ဒေးရှင်း မှ နာယက ဦးတေဇ အပါအဝင် အဖွဲ့ဝင် ၆ ဦးလည်း
လိုက်ပါခဲ့ရာ ပါဝင်ဖျော်ဖြေခဲ့သူ တစ်ဦး ဖြစ်သော တေးသံရှင် ဆုန်သင်းပါရ် က
“ထူးဖောင်ဒေးရှင်း က ဦးဆောင် ပြီးလုပ်တဲ့ပွဲပါ။ အဓိက ဖျော်ဖြေပွဲ
ရည်ရွယ်ချက်က ငြိမ်းချမ်း ရေးအတွက် ပါပဲ။ တိုင်းရင်းသား ဒေသခံတွေ ကို
အဓိကထား ဖျော်ဖြေတာပါ။ သူတို့ဘက် က လည်း ရိုးရာ အကတွေ နဲ့
ပြန်ဖျော်ဖြေပါတယ်။ ငြိမ်းချမ်းရေး အတွက် တစ်ထောင့် တစ်နေရာ ကနေ
ပါဝင်ခွင့်ရလို့ တိုင်းရင်းသား တစ်ဦးအနေ နဲ့ အတိုင်း မသိ ဝမ်းသာ တယ်” ဟု
ပြောပြပါသည်။ အဆိုပါ ဖျော်ဖြေပွဲသို့ ပူတာအို ခရိုင်အတွင်းရှိ ကျေးရွာ
ဒေသခံများက ပူတာအို ဘောလုံးကွင်း အပြည့် လာရောက် အားပေး ကြည့်ရှု ကြပြီး
အနုပညာ လောကမှာ အောင်မြင်မှု ရရှိထားသော ယူရေနီယံ အက အဖွဲ့ ကလည်း စစ်နှင့်
ငြိမ်းချမ်းရေး သီချင်း အပါအဝင် သီချင်းများ စွာဖြင့် ဖျော်ဖြေ ခဲ့ကြ သည်။
No comments:
Post a Comment