05 March 2014

ထူးခြားတဲ့ ကာရိုက်တာလေးတွေ သရုပ်ဆောင်ရတာ သဘောကျတယ်လို့ဆိုတဲ့ သွန်းဆက်

ငြိတွယ်၊ ပျိုလေးရည်းစားမြို့ကြီးသားဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့ပြီး နောက်မှာတော့ အခုဆိုရင် ခေါင်းဆောင်မင်းသမီးအဖြစ် ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေပြီဖြစ်တဲ့ မော်ဒယ်လ်၊ သရုပ်ဆောင်သွန်းဆက်ကို လတ်တလော အနုပညာ လှုပ်ရှားမှုနဲ့အတူ နွေရာသီနဲ့ပတ်သက်တဲ့စိတ် ခံစားချက်တွေကိုမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ညီမလတ်တလောမှာတော့ ကိုရာဇာနေဝင်းနဲ့ ဗီဒီယိုဇာတ်ကားတစ်ကားရိုက်ပြီးသွားပြီ။ အခု မင်းသားသစ် ဇနဲ့ဗီဒီယိုဇာတ်ကားရိုက်နေပါတယ်။ ညီမ ခေါင်းဆောင်မင်းသမီးဖြစ်သွားပြီးတဲ့နောက် ဇာတ်ကားတွေ ရိုက်ခဲ့ပြီးတဲ့နောက်မှာ ကိုလူမင်းနဲ့ ရိုက်ထားတဲ့ ဘဲကွဲဆိုတဲ့ ဇာတ်ကားလေးကတော့ ထူးထူးခြားခြားဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ယောင်္ကျားလေးတစ်ယောက်ရဲ့ ပုံစံမျိုး သရုပ်ဆောင်ထားတာလေ။ အဲ့ဒီဇာတ်ကားလေးကိုလည်း ညီမသဘောကျပါတယ်။’လို့ သူမက ပြောပါတယ်။

စန္ဒီ/ Trend Myanmar

No comments:

Post a Comment