28 February 2014

Myanmar Hot Sites.apk ရှယ်လေးနော် :D



 ဒီကောင်လေးကတော့ ကျားစာလေးပါ လိုအပ်ရင်တော့ ဒေါင်းသွားကြပေါ့. :D

tawwinminntharlay

Four in a Row Game.apk

ကိုင်းဒီနေ့တော့ Four in a Row Game.apk ဒီဂိမ်းကလေး တင်ပေးလိုက်ပါတယ် ကလေးလူကြီးဆော့လို့ရပါတယ် ဦးနှောက်ကလေးသုံးပြီးတော့ ကစားရတဲ့ ဂိမ်းလေးဆိုတော့ စိတ်ဝင်စားစရာလေးဗျာ အပိုထပ်ပြီးတော့ပြောတော့ဘူး လိုအပ်ရင် ဒေါင်းသွားလိုက်ကြဗျာ...

 tawwinminntharlay

Resident Evil English version (Apk+Data)

                  ဒီ Game လေးဆော့ချင်ကြဘူးလား ထွက်တာ တော့ ကြာ ပါပြီ japan စာတွေနဲ့ပဲဆော့ဘူးတာ English လိုတော့ မဆော့ဘူး ပါဘူး အခုမှ တွေ့လို့ပါ ဆော့ချင်ရင်တော့ အောက်က down လိုက်ပါ
APK
http://www49.zippyshare.com/v/3245014/file.html
DATA
http://www49.zippyshare.com/v/89962280/file.html
apk ကို Install လုပ်ပြီး Data.zip ကိုဖြည်ပါ ပြီးရင် SD Card ထဲက Andriod ထဲက data ထဲထည့်ပြီး ကစားနိင်ပါ ပြီ
အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် သယ်ရင်းတို့ရဲ့ မိတ်ဆွေတွေကိုလည်း ဆိုဒ်လေးကို လာလည်ရန် ဖိတ်ခေါ်ပေးပါအုန်း လိုအပ်သည်များကို Cbox တွင် ပြောကြားခဲ့ပါ ပျော်ရွှင်ပါစေ

ဒီ Game လေးဆော့ချင်ကြဘူးလား ထွက်တာ တော့ ကြာ ပါပြီ japan စာတွေနဲ့ပဲဆော့ဘူးတာ English လိုတော့ မဆော့ဘူး ပါဘူး အခုမှ တွေ့လို့ပါ ဆော့ချင်ရင်တော့ အောက်က down လိုက်ပါ
                                                   APK
                                             Download
                                           
                                               DATA
                                            Download
apk ကို Install လုပ်ပြီး Data.zip ကိုဖြည်ပါ ပြီးရင် SD Card ထဲက Andriod ထဲက data ထဲထည့်ပြီး ကစားနိင်ပါ ပြီ
baygyiknowledge







ကျောင်းထဲက ဘ၀များ

                (သန်လျင်မြို့၊ ကျောက်ရေတွင်းကျေးရွာ ပရဟိတကျောင်း တစ်ကျောင်းရှိ ကလေးငယ်များ ထမင်းမစားမီ ဆုတောင်းမေတ္တာပို့သနေစဉ်)

ဒီကျောင်းမှာ အသက် သုံးနှစ်လောက်ကနေ တက္ကသိုလ်ပညာသင်ပြီး ဘွဲ့ရပြီးတဲ့ သူတွေအထိ ရှိတယ်။ ဒီကျောင်းမှာ ကချင်၊ ချင်း၊ ပလောင်၊ ကရင်၊ ရှမ်း၊ ရခိုင်စတဲ့ လူမျိုးစုံ ရှိတယ်။ ဒီကျောင်းမှာ မိဘစုံရှိတဲ့သူ ရှိသလို မိဘမစုံတဲ့သူ၊ မိဘမဲ့တဲ့ သူတွေ စုနေသေးတယ်။ ဒီကျောင်းမှာ ဘ၀စုံစုံကိုလည်း တွေ့နိုင်သေးတယ်။ ဒီကျောင်းဆိုတာ ဒေသ အသီးသီးက အကြောင်းအမျိုးမျိုးကြောင့် ရောက်လာသူတွေကို စား၊ ၀တ်၊ နေရေး တာဝန်ယူပေးနေတဲ့ သန်လျင်မြို့ ကျောက်ရေတွင်းကျေးရွာမှာရှိတဲ့ ပရဟိတကျောင်းလေး တစ်ကျောင်းပါ။

ပရဟိတကျောင်းဆိုပေမယ့် ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ စားစရိတ်တွေနဲ့ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကဘော်ဒါလား ထင်ရပါတယ်။ ကျောင်းမှာ ထမင်းစားဆောင်၊ စာသင်ဆောင်၊ ကစားကွင်း၊ နေစရာအခန်း၊ ဆရာ၊ ဆရာမစတဲ့ ပုဂ္ဂလိက ဘော်ဒါဆောင်တစ်ခုလို အဆင့်မြင့် ထောက်ကူပစ္စည်းတွေ မရှိပေမယ့် အခြေခံသင်ကြားမှုအတွက် ဖတ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးစားပွဲခုံ စတဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးထားပါတယ်။

အခွင့်ထူးခံတွေဆီက ဒီလိုအခွန်တွေ မကောက်တော့ဘူးလား


                                                        (ရန်ကုန်မြို့တွင်း စီးနင်းနေသည့် Rolls-Royce ကားတစ်စီးကိုတွေ့ရစဉ်)

မကြာသေးမီက အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က ရပ်ကွက်ထဲ၊ ဈေးများထဲအထိ အခွန်ကောက်ခံမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

အောက်ခြေတွင် ရရှိမည့်အခွန်များ လစ်ဟင်းမှုမရှိစေရန် ကောက်ခြင်းဖြစ်ပြီး အခြေခံပြည်သူများ အခွန်မပေး၍ နိုင်ငံတော်အခွန်လည်း နစ်နာနေသည့်အတွက် ကောက်သည်ဟု အကြောင်းပြချက် ပေးထားသည်။

ဘေးကျပ်နံကျပ် ပြည်သူ

တစ်လကျပ် ၁၂ဝဝဝဝ၊ တစ်ရက် ကျပ် ၄ဝဝဝ အထက် ဝင်ငွေရှိသော အခြေခံပြည်သူများထံမှ ဝင်ငွေခွန် ကောက်ခံသည့် နိုင်ငံမှာ အာဆီယံနိုင်ငံများအတွင်း မြန်မာတစ်နိုင်ငံ တည်းသာရှိသည်။

အမြန်လမ်းမကြီးပေါ်၌ အရှိန်ထိန်းတိုင်း စက်ကိရိယာများ တိုးချဲ့ တပ်ဆင်မည်

၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့သော မိုင် ၃၀၀ ကျော် ရှည်လျားသည့် ရန်ကုန် - မန္တလေး အမြန် လမ်းမကြီးသည် မော်တော်ယာဉ် အသုံးပြုမှု များပြားလာခြင်း နှင့် ယာဉ်များ အရှိန်ပြင်းစွာ မောင်းနှင် ကြခြင်းကြောင့် စတင် ဖွင့်လှစ်သည်မှ စ၍ ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်အထိ ယာဉ် တိမ်းမှောက်မှု ၃၉၈ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁၈ ဦး ၊ ထိခိုက် ဒဏ်ရာရသူ ၆၇၅ ဦး ရှိခဲ့သည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်များတွင် ၉၇ ရာခိုင်နှုန်းမှာ လူနှင့် ယာဉ်ကြောင့် လည်းကောင်း ၊ ၃ ရာခိုင်နှုန်း မှာ လမ်းကြောင့် လည်းကောင်း အမြန် လမ်းမကြီး ပေါ်၌ ၂၀၁၃ ခုနှစ် အတွင်း တစ်နှစ်လုံးတွင် ယာဉ် မတော်တဆမှု ၂၅၉ ကြိမ် ဖြစ်ပွားခဲ့ရာ လူကြောင့် ၁၁၄ မှု ၊ ယာဉ်ကြောင့် ၁၇၈ မှု ၊ လမ်းကြောင့် ၃ မှု ရှိခဲ့ပြီး သေဆုံးသူ ၁၁၃ ဦး ၊ ထိခိုက် ဒဏ်ရာရသူ ၆၂၈ ဦး ရှိခဲ့သည်။

၈၈ ခေါင်းဆောင်တွေ နယ်ရုံးခွဲတာဝန်ခံ ၂၀၀ ကျော်နဲ့ ပထမဆုံး တွေ့ဆုံ

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရှေ့လုပ်ငန်းစဉ်တွေမှာ တူညီအောင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ နယ်ဒေသမှာရှိတဲ့ ရုံးခွဲတာဝန်ခံ ၂၀၀ လောက်ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ ၂ ရက်ကြာကျင်းပနေတဲ့ အဲဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့လွတ်လာပြီး ၂ နှစ် အတောအတွင်းမှာ နယ်တွေသွားခဲ့တယ်၊ နယ်တွေမှာ ကျနော်တို့ အရင်လူဟောင်းတွေရော၊ နောက်ပိုင်း စိတ်ဝင်စားတဲ့ လူငယ်မျိုးဆက်တွေရော ချိတ်ဆက်မိတာတွေရှိတယ်၊ အဲဒါကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြန်မစုနိုင်သေးဘူး၊

အထောက်အထားအချို့ တွေ့ရှိသော်လည်းသုဝဏ္ဏဘူမိမြို့ဟောင်းဟု အတည်မပြုနိုင်သေး

သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်မှု သုံးနေရာပြုလုပ်ပြီး နောက်အထောက် အထားအချို့တွေ့ရှိသော်လည်း သုဝဏ္ဏဘူမိ မြို့ဟောင်းဟု အတိအကျ မသတ်မှတ်နိုင်သေးကြောင်း မြို့ဟောင်းတူးဖော်ရာတွင်ပါဝင်ဆောင်ရွက်ကြ သူများ၏ ပြောကြားချက်အရ သိရသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်မှု သတ်မှတ်လေးနေရာ အနက်သုံးနေရာ တူးဖော်ပြီးချိန်တွင် မြို့ရိုး၊ မြို့ပြ၊ အရံအတားများ၊ အုတ်ခွက်ဘုရားများနှင့် ဂ၀ံရုပ်တုများ တွေ့ရှိခဲ့သည်။

" ဒီလောက်အနေအထားနဲ့တော့ အများကြီးပြောလို့ မရသေးဘူး။ တူးလို့ရသလောက်ပဲ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ အခု တူးနေတဲ့အနေအထားအရတော့ မြို့ပြကြီးတစ်ခုလုံး၊ တကယ့် သုဝဏ္ဏဘူမိမြို့ဟောင်းရဲ့အစိတ်အပိုင်းအားလုံးကို ကျွန်တော်တို့ မထိတွေ့နိုင်သေးဘူး " ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ညီညီထက်က
ပြောဆိုသည်။

ကျပ် ၅၀ ဖြင့် ဖြန့်မည့် သတင်းစာ လာမည်

ဘဏ်ချေးငွေ ကျပ် သိန်းပေါင်း ၁ သောင်းရယူပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ဒီမိုကရေစီ တူဒေးသတင်းစာကို လာမယ့် မတ် ၁ ရက်နေ့ကစပြီး ထုတ်ဝေတော့မယ်လို့ မြန်မာနယူးနက်ဝပ်ခ် (အမ်အန်အန်) အမှုဆောင်အရာရှိချုပ် ဦးကိုကို(စက်မှု) က ပြောပါတယ်။

News Paper and Journalဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန် မြရိပ်ညိုဟိုတယ်မှာ လုပ်တဲ့ သတင်းစာ စတင် ထုတ်ဝေခြင်း မိတ်ဆက်အခမ်းအနားမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

သတင်းစာကို ၃၂ မျက်နှာ ထုတ်ဝေမှာ ဖြစ်ပြီး သာမန်ပြည်သူတွေ ဖတ်နိုင်အောင် ဖြန့်ဈေး တစောင် ကျပ် ၅၀၊ ရောင်းဈေး ၁ စောင် ကျပ် ၁၀၀ သတ်မှတ်သွားမယ်လို့ သူက ရှင်းပြပါတယ်။

ကျိုင်းတုံရှိ ပြည်ခိုင်ဖြိုး ပါတီပိုင် Bright Time စက်သုံးဆီဆိုင် မြို့ ပြင်ပြောင်းရမည်

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့လယ်ရှိ မြို့မဈေးကြီးနှင့် ကပ်လျက်တွင် ဖွင့်လှစ် ရောင်းချနေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပိုင် Bright Time Trading Co.,Ltd. စက်သုံးဆီ အရောင်းဆိုင်ကို မီးဘေး အန္တရာယ် စိုးရိမ်ရသဖြင့် မြို့ပြင်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ရန် အကြောင်းကြား ထားကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့မိမြို့ဖများထံမှ သိရသည်။

ကျိုင်းတုံ-တာချီလိတ် ကားလမ်းဘေးတွင်ရှိသော Bright Time စက်သုံးဆီ အရောင်းဆိုင်သည် မြို့လယ်တွင် တည်ရှိနေသည် သာမက မြို့မဈေးကြီး အနီးတွင် တည်ရှိသဖြင့် မီးဘေးအန္တရာယ် ကျရောက်လာပါက ပျက်စီးဆုံးရှုံးမှု ကြီးမားနိုင်သဖြင့် ပြည်နယ် အစိုးရအဖွဲ့ထံ မြို့မိမြို့ဖများက တင်ပြ တောင်းဆိုကြသဖြင့် မြို့ပြင်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ရန် အကြောင်းကြားရခြင်း ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဦးက ပြောကြားသည်။

ကျောက်စိမ်းမဟုတ်သည့် ကျောက်တုံးကြီး နေပြည်တော်သို့ ပို့ရန် စီစဉ်နေ

ဖားကန့်ဒေသတွင် တွေ့ရှိခဲ့သည့် ကျောက်စိမ်းတုံးကြီးမဟုတ်ဘဲ ကျောက်တုံးကြီးအဆင့်သာရှိသည့် ကျောက်တုံးကြီးကို သတ္တုတွင်းဝန်ကြီးဌာန လုံးခင်း ကျောက်စိမ်းတူးဖော်ရေးဌာနမှ ခေတ္တထိန်းသိမ်းထားပြီး နေပြည်တော်သို့ ပို့ရန် စီစဉ်နေကြောင်း အထက်ပါဌာနမှ သတင်းရရှိသည်။

‘‘ပြည်နယ်အစိုးရက ဖွဲ့ထားတဲ့ ကျောက်စိမ်းတုံးသယ်ယူပို့ဆောင်ရေးအဖွဲ့ရှေ့မှာ ချိတ်ပိတ်ပြီး ဝေခါကျောက်မှော်ကနေ အခု လုံးခင်းကို ရောက်နေပါပြီ’’ဟု လုံးခင်းကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ခန့်မှန်းပြောဆိုမှုများအရ အဆိုပါကျောက်တုံးကြီးမှာ ကျောက်စိမ်းအဖြစ်သို့ မပြောင်းလဲမီ မောက်တုံးအဆင့်သာရှိပြီး ခန့်မှန်းတန်ချိန် ၃၀ မှ တန် ၅၀ အထိ ရှိသည်ဟု အမျိုးမျိုး ထင်ကြေးပေး ပြောဆိုကြလျက်ရှိသည်။

ရွှေပါရမီဖောင်ဒေးရှင်း ထောက်ပံ့ကြေးရသော်လည်း ကျောင်းလခပေးရန် စရိတ်မပြည့်မီ၍ ကျောင်းသားအချို့ တက္ကသိုလ်မှ နုတ်ထွက်

ပညာရေးဖောင်ဒေးရှင်း၏ ထောက်ပံ့ မှုရရှိသော်လည်း ကျောင်းလခပြည့်မီ စွာမသွင်းနိုင်ခြင်းကြောင့် တက္ကသိုလ်မှ နုတ်ထွက်သွားသည့် ကျောင်းသား အချို့ ရှိခဲ့ကြောင်း ရွှေပါရမီပညာရေး ဖောင် ဒေးရှင်း၏ ဦးဆောင်နာယက ဆရာတော် အရှင်ဆန္ဒာဓိက ကမိန့်ကြားသည်။

ကျောင်းသားများအား ဖောင်ဒေးရှင်းအနေဖြင့်တစ်လလျှင် ငွေကျပ် သောင်းဂဏန်းမျှသာထောက်ပံ့ပေး နိုင်ပြီး လက်တွေ့တွင် တက္ကသိုလ်များ၌ ကုန်ကျနေသည်က သိန်းဂဏန်းမကရှိ နေခြင်းကြောင့် ကျောင်းသားများ လစဉ်ကြေးများပေးသွင်းရန်အခက်အခဲ များရှိဆဲဖြစ်သည်ဟု သိရသည်။ ထို့ ကြောင့် ငွေကြေးထပ်မံထောက်ပံ့ရန် မတတ်နိုင်သည့်မိသားစုများ မှ ကျောင်း သားများမှာ ထောက်ပံ့ကြေးရသော် လည်း ကျောင်းထွက်လိုက် ရခြင်းများ ရှိ လာသည်ကို စုံစမ်းတွေ့ရှိရကြောင်း ဆရာတော်အရှင် ဆန္ဒာဓိကက ဖေဖော် ဝါရီ ၂၃ ရက်နေ့တွင် ဒုတိယအကြိမ် မြောက်ပြုလုပ် သည့် ရွှေပါရမီပညာရေး ဖောင်ဒေးရှင်းဆုချီးမြှင့်ပွဲ အခမ်းအနား ၌ မိန့်ကြားသည်။

တစ်ကမ္ဘာလုံး အင်တာနက် အခမဲ့ ရရှိတော့မည်

အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် Media Development Investment Fund (MDIF) လုပ်ငန်း သည် အာကာသအတွင်းသို့ ရေဒီယိုလှိုင်းလွှင့်တုံးလေးများ လွှတ်တင်ရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ လှိုင်း လွှင့်တုံးလေးများသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်ပတ်၍ နေရာလပ် မကျန်အောင် အင်တာ နက်စနစ် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြံရွယ်ထားသည့် အစီအစဉ် အောင်မြင်မည်ဆိုပါက ၂၀၁၅ ဇွန်လခန့်ကစပြီး အာကာသထဲမှ ထုတ်လွှတ်သော အင်တာနက်စနစ်ကို တစ်ကမ္ဘာလုံး အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။ ကမ္ဘာပတ် လမ်းကြောင်းအတွင်း လွှင့်တင်ထားသော ရေဒီယိုလှိုင်းလွှင့်တုံးလေးများသည် မြေပြင်စခန်းမှ ထုတ်လွှတ် လိုက်သော အင်တာနက် သတင်းအချက်အလက်များကိုဖမ်းယူကာ လှိုင်းလွှင့်တုံးအချင်းချင်း အပြန်အလှန် ပေးပို့နိုင်သလို မြေပြင်မှ အင်တာနက် သုံးသူတိုင်းထံသို့လည်း ၀ိုင်ဖိုင်လှိုင်းဖြင့် တိုက်ရိုက် ပေးပို့နိုင်မည် ဖြစ်သည်။

မိမိသေတော့မည်ကို ကြိုတင်သိ၍ စိတ်မဆင်းရဲစေချင်သောကြောင့် ဇနီးနှင့် သမီး လေးဦးကို သတ်ခဲ့တဲ့ မြန်မာမွတ်ဆလင် တစ်ဦး

ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံမှ မွတ်စလင်တစ်ဦးသည် ၎င်း၏ ဇနီးနှင့်သားသမီးလေးဦးကို မီးဖိုချောင်သုံးဓားဖြင့် ထိုးသတ်ခဲ့ပြီး ထိုသို့သတ်ဖြတ်ရခြင်းမှာ ၎င်းတို့အား ချစ်ခင်ခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း Emirates 24/7 သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။

ရှေးရိုးဆန်သော ပင်လယ်ကွေ့နိုင်ငံ ဆော်ဒီအာရေဗျတွင် ယခုဖြစ်ပွားခဲ့သော မှုခင်းကြောင့် လူအများကြား ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်။ ယခုဖြစ်ရပ်မှာ ဗုဒ္ဓဟူးနေ့ အရုဏ်ဦးအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏တိုက်ခန်းကျဉ်းလေးတွင် မိသားစုအားလုံး သွေးအိုင်ထဲ၌ လဲကျသေဆုံးလျက်ရှိသည်ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ ရှိခဲ့သည်။

အသက် ၄၂ နှစ်အရွယ် Abu Al Kalam က ၎င်းသည် အသက် ၃ဝနှစ် အရွယ်ဇနီး အပါအဝင်၊ အသက် ကိုးလမှ ခြောက်နှစ်အထိရှိသော သမီးလေးဦးအား ဓားဖြင့် လည်ပင်းအားလှီးပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ၎င်းတို့အား သတ်ဖြတ်ပြီးနောက် Abu Al Kalam သည် ဆော်ဒီနိုင်ငံသား အလုပ်ရှင်ကိုဖုန်းဆက်၍ မှုခင်းအကြောင်း ပြောဆိုခဲ့သည်။

တရုတ်အမျိုးသားနှင့် လက်ထပ်ခဲ့သော အမျိုးသမီးငယ် ပျောက်ဆုံးနေ

တိုက်ကြီးမြို့နယ် ဥက္ကံရှမ်းစု ကျေးရွာတွင် တရုတ်နိုင်ငံသားတစ် ဦးနှင့်လက်ထပ်ခဲ့သော မြန်မာအမျိုး သမီးငယ်တစ်ဦး ပျောက်ဆုံးနေ သည်ဟုဆိုကာ လူကုန်ကူးမှုတား ဆီးနှိမ်နှင်းရေးတပ်ဖွဲ့သို့ တိုင်ကြား ခဲ့ကြောင်း တိုင်ကြားသူရှမ်းစုကျေး ရွာသားဦးမြင့်ဝေက ပြောသည်။

အဆိုပါတိုင်ကြားမှုကို ဖေ ဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးလူကုန် ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့သို့ လူကိုယ်တိုင် သွားရောက်တိုင်ကြား ခဲ့သည့်အပြင် ရန်ကုန်စာတိုက်ကြီး မှလည်း အမြန်ချောပို့ဖြင့် တိုင်ကြား စာကို ပို့ဆောင်ခဲ့ကြောင်း သိရ သည်။

''ရွာနာလို့တိုင်တာ၊ နိုင်ငံခြား သားက ရွာမှာလာအိပ်လို့ရလား၊ လက်ထပ်တာကို ကျေးရွာအုပ်ချုပ် ရေးမှူးက ခွင့်ပြုလို့ရလားဆိုတာ သိချင်တယ်''ဟု တိုင်ကြားသူ ရှမ်း စုရွာသားဦးမြင့်ဝေက ဆိုသည်။

အငြိမ်းစား ကျောင်းဆရာမ အိမ်တွင် ငါးတန်းကျောင်းသား တစ်ဦး ကြိုးဆွဲချ သေဆုံး

မှော်ဘီမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ၁၅၀၀ ကွက်သစ်၊ ထာဝရလမ်းတွင် ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၀ နာရီခန့်က မူလတန်းပြ အငြိမ်းစား ကျောင်းဆရာမ၏ သော့ပိတ်ထားသော အိမ်အတွင်းသို့ ဝင်ရောက်ကာ ကြိုးဆွဲချ သေဆုံးနေသည့် ငါးတန်းကျောင်းသား တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းရပ်ကွက် နေသူများထံမှ စုံစမ်း သိရှိရသည်။

ထာဝရလမ်းမှ အသက် ၄၅ နှစ် အရွယ်ရှိ အငြိမ်းစား ကျောင်းဆရာမ ဒေါ်ရီရီမြင့် ပိုင်ဆိုင်သော ခြေတံရှည် ပျဉ်ထောင်နေအိမ် အခန်းရှိ ထုပ်တန်းတွင် တစ်လမ်းတည်း နေသည့် စိတ်ကျန်းမာရေး ချို့တဲ့နေသည် ဆိုသော အသက် ၁၆ နှစ် အရွယ်ရှိ ပဉ္စမတန်း ကျောင်းသားတစ်ဦး ကြိုးဆွဲချလျက် သေဆုံးနေကြောင်း ဒေါ်ရီရီမြင့်က ပြောကြားသည်။

“ဒီအိမ်နဲ့ခြံ ဝယ်ထားတာ တစ်နှစ်ကျော်ပြီ။ ဒါပေမဲ့ လူမနေဖြစ်ဘူး။ ကလေးတွေ စာမေးပွဲ ဖြေပြီးလို့ ရန်ကုန်က ပြန်လာရင် အဆင်သင့် နေရအောင် ဒီမနက် အိမ်သန့်ရှင်းရေး လာလုပ်တုန်း အိမ်ခန်းတံခါး ဖွင့်လိုက်တော့ အထဲမှာ ကြိုးဆွဲချ သေနေတဲ့ ကလေးကို တွေ့လိုက်တော့ အရမ်းလန့်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။

သံဖြူဇရပ်မြို့တွင် ပြည်တန်ဆာများ ဖမ်းဆီးအရေးယူ

မွန်ပြည်နယ် သံဖြူဇရပ်မြို့ မြို့မရဲစခန်းမှ နယ်ထိန်းဒုရဲအုပ်ကျော်ဆန်းသည် ၂၃:၅၅ အချိန် သံဖြူဇရပ်မြို့ အောင်သာယာရပ်ကွက်တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည်ဟု သတင်းရရှိသဖြင့် မိမိ၏အမာခံတစ်ဦးဖြစ်သူ ကိုညီညီလွင်အား သက်သေများဖြစ်သည့် ဦးအောင်ကိုလတ်၊ဦးစိုမိုးတို့ရှေ့၌ ကြိုတင်မှတ်ယူထားသည့် တစ်ထောင်ကျပ်တန် (၃၅)ရွက်အား ပေး၍ အသွင်ယူပျော်ပါးစေရန် ပြည်တန်ဆာတစ်ဦးအား ဌာရမ်းစေပြီး ဗိုလ်နေဝင်းလမ်း ဝဲသွန်ချောင်ကျေးရွာရှိ အခန်းနံပါတ် (၉)မြတ်မိခင်တည်ခိုးခန်းတို့ခေါ်ဆောင်စေခဲ့ပါသည်၊ ၂၆ရက် ၀၀း၅၅ အချိန်တွင် ဒုရဲအုပ်ကျော်ဆန်း၏တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ  ဝင်ရောက်ဖမ်းဆီးရာ အသွင်ယူပျော်နေသည့် မိမိ၏အမာခံနှင့်အတူ ပြည်တန်ဆာဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ မတင်တင်အေး (သ)(၁၉)နှစ် အားသက်သေများနှင့်အတူ ဖမ်ဆီးရမိခဲ့သည်၊

မန္တလေးကျုံးတွင် နှစ်ရက်ဆက်တိုက် အလောင်းနှစ်လောင်းတွေ့

မန္တလေးမြို့ဂုဏ်ဆောင် ရှေးဟောင်း ယဉ်ကျေးမှု နေရာများတွင် ထိပ်ဆုံးမှ ပါဝင်သော မန္တလေး ကျုံးအတွင်းနှင့် ကျုံးအနီးတွင် ဖေဖော်ဝါရီလ ၂၆ ရက်နှင့် ၂၇ ရက်နေ့ နှစ်ရက်ဆက်တိုက် အလောင်း နှစ်လောင်း တွေ့ရှိ ရကြောင်း သက်ဆိုင်ရာထံမှ သတင်းရရှိသည်။
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း၈၀၊ ၁၇x၁၈ လမ်းရှိ ကျုံးရေပြင်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီအချိန်က အသက် ၅၀ နှစ်အရွယ်ရှိ ဦးတင်မောင်အေးသည် ပြင်ပဒဏ်ရာ မရှိဘဲ ရေနစ် သေဆုံးနေကြောင်း အောင်မြေသာစံ မြို့နယ် အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဦးတင်မောင်အေးသည် အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး သေဆုံးသူသည် အဆိုပါနေ့ နံနက်ခင်းပိုင်းတွင် အိမ်မှထွက်သွား၍ လိုက်လံရှာဖွေနေသူ ဖြစ်ကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူ ပြောပြချက်အရ သိရသည်ဟု မှုခင်းမှတ်တမ်းထဲတွင် ဖော်ပြထားသည်။

ပြင်သစ်နိုင်ငံသား တစ်ဦးကို ကျည်ဆန်များနှင့်အတူ လေဆိပ်တွင် ဖမ်းမိ

စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် ပြင်သစ်နိုင်ငံသားတစ်ဦးကို ကျည်ဆန်များတွေ့ရှိမဖြင့် မင်္ဂလာဒုံရဲစခန်းက ဖေဖော်ဝါရီ ၂၆ ရက်တွင် အမှုဖွင့်ဖမ်းဆီးလိုက်သည်။
ဖြစ်စဉ်မှာ ည ၇ နာရီကျော်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Jet Star လေကြောင်းလိုင်းဖြင့် စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်မှ စီးလာသည့် ပြင်သစ်နိုင်ငံသား Mr.Briano Florent Jean Marine ဆိုသူထံမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၎င်းကိုင်ဆောင်သည့် ခရီးဆောင်အိတ်ကို လေဆိပ်ရဲတပ်ဖွဲ့က X-Ray စက်ဖြင့် ဖြတ်သန်းစစ်ဆေးစဉ် ကျည်ဆန်များတွေ့ရှိခဲ့သည်ဟု ရဲအဖွဲ့က ဆိုသည်။
ထို့ကြောင့် လေကြောင်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်)မှ ရဲတပ်ဖွဲ့ဝင်များက ဖွင့်ဖောက်စစ်ဆေးရာ ခုနစ်မီလီမီတာ  Remington Mag ကျည် ခုနစ်တောင့်ကို စစ်စိမ်းရောင် အိတ်အတွင်း တွေ့ရှိခဲ့သည်ဟု ရဲကဆိုသည်။
ထို့နောက် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာတွင် ခွင့်ပြုချက်မရှိဘဲ ကျည်ဆန်များ ကိုင်ဆောင်သူ အဆိုပါ ပြင်သစ်နိုင်ငံသားကို အရေးယူပေးရန် လေကြောင်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်)မှ ဒု-ရဲမှူး မင်းဆုဦးက တရားလိုပြုလုပ် တိုင်တန်းလိုက်သည်။

တာမွေတွင် သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာမွေမြို့နယ်တွင် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးပြားများကို ဖေဖော်ဝါရီ ၂၆ ရက်က ဖမ်းဆီးရမိ သဖြင့် မြို့နယ်ရဲစခန်းက အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးဖော်ထုတ်နေသည်ဟု မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ ၀င်တစ်ဦးက ပြောသည်။
အမှုမှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မေတ္တာညွှန့်ရပ်ကွက်၊ ၀ဏ္ဏသိင်္ဂီလမ်းရှိ တိုက်ခန်းတစ်ခုကို နံနက် ၉ နာရီခွဲတွင် ၀င်ရောက်ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။
ထိုတိုက်ခန်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း ရဲတပ်ဖွဲ့က ကြိုတင်သတင်းရရှိခဲ့ပြီး ကျော်ဇင်ထိုက် (၃၇)နှစ်ကို ၎င်း၏ နေအိမ်ရှေ့ခန်းတွင် တွေ့ရှိခဲ့သည်။
ထို့နောက် ဆက်လက်ရှာဖွေရာတွင် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်စိတ်ကြွဆေးပြား ၂၀၀၀ကို တစ်အိတ် လျှင် ၂၀၀ ပြားစီပါ အပြာရောင်ကပ်ခွာအိတ် ၁၀ အိတ်ဖြင့် ထည့်လျက်တွေ့ရှိသိမ်းဆည်းနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

လျှပ်စစ်ခိုးယူ သုံးစွဲမှုဖြင့် ပြည်သူ ၁၆ ဦးကို အမှုဖွင့်

တရားမ၀င် လျှပ်စစ်ခိုးယူသုံးစွဲနေမှုဖြင့် ပြည်သူ ၁၆ ဦးကို အရေးယူပေးရန် မြို့ နယ်လျှပ်စစ်ဌာနက အမှုဖွင့် တိုင်တန်း လိုက်သဖြင့် မြောက်ဒဂုံရဲစခန်းက ဖေဖော် ၀ါရီ ၂၆ တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။
အဆိုပါ အမှုကို မြောက်ဒဂုံမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အုပ်ချုပ် ရေးမှူး ဦးတင်မြင့်အောင်က အမှုဖွင့် တိုင် တန်းလိုက်ခြင်း ဖြစ်သည်။
မြို့နယ်ရှိ အမှတ် (၄၈)ရပ်ကွက်အတွင်း တရားမ၀င် ဓာတ်အားခိုးယူသုံးစွဲလျက်ရှိ ကြောင်း စိစစ်တွေ့ရှိသဖြင့် ဖေဖော်ဝါရီ ၂၅ ရက် ညတွင် ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟုလည်း တရားလိုက ထွက်ဆို ထားသည်။
ထိုရပ်ကွက်တွင် ဦးသံတုတ်ဆိုသူက ဦးမျိုးစိန်ပါ ရပ်ကွက်နေပြည်သူ ၁၆ ဦးကို ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ပိုင် ၄၀၀ ဗို့ ဓာတ်အားလိုင်းမှတစ်ဆင့် တရားမ၀င်သွယ်တန်းပေး၍ သုံးစွဲနေ ကြောင်း စိစစ်တွေ့ရှိသဖြင့် မေးမြန်းစစ်ဆေးခဲ့သည်။

ရေဦးနှင့် ခင်ဦးတွင် လူသတ်မှု နှစ်မှုဖြစ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ရွာငယ်ကျေးရွာတွင် သားအမိနှစ်ယောက် သတ်ဖြတ်ခံရသည့် အတွက် ရေဦးမြို့မရဲစခန်းမှ ဖေဖော်ဝါရီ ၂၆ ရက်က အမှုဖွင့်အရေးယူခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၂၅ ရက်က တောင်သူကြီး ဦးမင်းအောင်နှင့်၎င်းင်း၏ဇနီးဖြစ်သူ ဒေါ်ဝင်းမာတို့သည် သမီး ဖြစ်သူ အသက် (၁၆)နှစ်အရွယ် မတင်တင်ဖွေး၊ အသက်(၄)နှစ်အရွယ် မခင်မို့မို့ထွေးနှင့် အသက်(၁၀)နှစ် အရွယ် မောင်ကျန်တို့ သုံးယောက်အား တဲစောင့်အဖြစ်ထားခဲ့ပြီး ၎င်းတို့က ရမန်းတောသို့ ဂျမ်းတုံးခုတ်ရန် သွားရောက်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် မွန်းလွဲ ၁ နာရီအချိန်တွင် တဲသို့ ပြန်ရောက်လာသည့်အခါ သမီးကြီးဖြစ်သူကို မတွေ့ရဘဲ ရေခပ်သွားသည်ဟု သားဖြစ်သူ မောင်ကျန်က ပြောပြခဲ့သဖြင့် မိခင်ဖြစ်သူ ဒေါ်ဝင်းမာက ၎င်းတို့နေထိုင် ရာ တဲ၏ အရှေ့မြောက်ဘက်ရှိ ချောင်းသို့ လိုက်သွားခဲ့သည်။

နွေရာသီအတွက် အရောင်လွင်တာလေးတွေ ရွေးဝတ်မယ်လို့ ပြောလိုက်တဲ့ ဆုမြတ်နိုးဦး

မတ်လကိုရောက်တော့မယ်ဆိုရင်ပဲ နွေရဲ့အပူကို မသိမသာ ခံစားလာကြရပြီလေ။ အပူဒဏ်ကို ကြံ့ကြံ့ခံပြီး မီးထိုးမှန်ထိုးတွေကြား ကိုယ်ချစ်တဲ့အနုပညာကို ပုံဖော်ကြရတဲ့ အနုပညာရှင်တွေထဲက ခုနောက်ပိုင်းအနုပညာခြေလှမ်းစိပ်လာတဲ့ ဆုမြတ်နိုးဦးကို ဒီနှစ်နွေရာသီမှာ သူမဘယ်မှာရှိမယ်၊ သူမရဲ့ဖက်ရှင်နဲ့ အသားအရေထိန်းသိမ်းမှုပုံစံအကြောင်းတွေ မေးကြည့်လိုက်တဲ့အခါ ‘ဒီနှစ်နွေရာသီမှာတော့ မြတ်နိုး လာမဲ့၁၀ရက်နေ့မှာ အင်းလေးကို တစ်ရက်သွားရိုက်ရမယ်။ သွားလည်တဲ့အခန်းပေါ့။ အဲဒီအခန်းရိုက်ပြီးလို့အလုပ်မရှိဘူးဆိုရင် ဟိုမှာနဲနဲလည်ပတ်ပြီးမှ ပြန်လာဖြစ်မှာပါ။ နွေရာသီဖက်ရှင်ကတော့ အရင်တိုင်းပါပဲ။တီရှပ်နဲ့ဂျင်းဘောင်းဘီပေါ့။  မြတ်နိုးက သိပ်အရောင်မရွေးဘူး။အစိမ်းရောင်တို့အဖြူရောင်တို့အနက်ရောင်တို့ပေါ့

ခေါင်းဆောင်ဆိုတာထက် အနုပညာအလုပ်လုပ်တဲ့ သရုပ်ဆောင်ဘ၀ကို ပိုသဘောကျတဲ့ ဆုမြတ်နိုးဦး

လက်ရှိမှာဇာတ်ကားတွေလဲ ပုံမှန်ရိုက်နေရသလို ထွက်သမျှ ဇာတ်ကားတိုင်းကလဲ ပရိသတ်နဲ့ အပေးအယူတည့်နေတာတဲ့ ဆုမြတ်နိုးဦးကို သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သတ်ပြီး အနည်းငယ်မေးမြန်းကြည့်မိတဲ့အခါ ‘ခုရိုက်နေတဲ့ ကားလေးက ချိုသောအရှုံးတဲ့။ ကိုမင်းသွေး၊ မဒါနဲ့ညီမပေါ့။ မြတ်နိုးက အဲကားထဲမှာ မဒါရဲ့သမီး၊ ကိုမင်းသွေးကိုကြိုက်တဲ့ ကောင်မလေး တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ။် မဒါနဲ့ကသားအမိ။ ကိုမင်းသွေးက မဒါကိုကြိုက်တယ်။ မြတ်နိုးကကျတော့ သူ့ကိုကြိုက်တယ်။ အပြင်မှာ အချစ်ဆိုတာဘာလဲတော့မသိဘူး။ ဇာတ်ညွှန်းဖတ်ပြီး စိတ်ထည့်ပြီး သရုပ်ဆောင်တာများတယ်။ ပြီးတော့ဆရာတွေ သင်တဲ့အတိုင်းပေါ့။ လာငှားတဲ့ဇာတ်တိုင်းကိုတော့ အမေနဲ့တိုင်ပင်ပြီး သေချာလေးရွေးဖြစ်တယ်။ ကိုယ့်အတွက် လုပ်ကွက်လဲရမယ်။ ပရိသတ်လဲ သတိထားမိမယ် ဆိုရင်တော့ ရိုက်ပါတယ်။ ဒီဇာတ်လေးကကျတော့ သားအမိနှစ်ယောက်နဲ့ကောင်လေးတစ်ယောက်ရဲ့ ကြားက ပတ်သက်မှုတွေဆိုတော့ ဆန်းမယ်ဆိုပြီး ရိုက်ဖြစ်ခဲ့တာပါ။’လို့ သူမက ပြောပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ ဒါရိုက်တာအလုပ်နဲ့ ထုတ်လုပ်ရေးပိုင်းကိုပဲ လုပ်သွားမယ်လို့ဆိုတဲ့ အကယ်ဒမီလူမင်း

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနေရာမှမကြာမီအနားယူတော့မယ့် သရုပ်ဆောင် အကယ်ဒမီလူမင်းက သူ့ရဲ့အသက်အရွယ်အရ နောက်ပိုင်းမှာ ဒါရိုက်တာအလုပ်ကိုပဲ ဦးစားပေးလုပ်သွားမယ်ဆိုတဲ့အကြောင်းနဲ့ ပတ်သက်လို့ ဒါရိုက်တာလူမင်းက ‘ဒါရိုက်တာ လုပ်ဖြစ်တာက ဝါသနာပါလို့ပါ။ သရုပ်ဆောင်တစ်ယောက်ဆိုတာ ဇာတ်ကားတစ်ကားလုံးမှာ ကိုယ်ပါဝင်တဲ့နေရာကပဲ သရုပ်ဆောင်ရတာ။ ဒါရိုက်တာဆိုတာက တစ်ကားလုံးကို ဖန်တီးခွင့်ရှိတယ်။ အဲဒီလို အနုပညာဖန်တီးရတာကို နှစ်သက်လာလို့ ဒါရိုက်တာလုပ်ဖြစ်တာပါ။ ပထမဆုံး ဒါရိုက်တာလုပ်ဖြစ်တာကတော့ ကျန်စစ်မင်းဇာတ်ကားကြီးပါ။ အဲဒီတုန်းကတော့ ဒါရိုက်တာ အတွေ့အကြုံတော်တော်လေး နုနယ်ပါသေးတယ်။ ဒါပေမဲ့ အဲဒီလိုကားကြီးကပဲ ကိုယ့်ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ကားဖြစ်တယ်။ ပြီးတော့ ခက်ခက်ခဲခဲရိုက်ရတဲ့ ကားကြီးနဲ့ ကိုယ့်ဟာကို စာမေးပွဲစစ်ပြီး ရိုက်လိုက်တာပေါ့။ ခုချိန်မှာ ပြန်ကြည့်ရင်တော့ လိုအပ်ချက်တွေ တွေ့ရပေမယ့် ဒီဇာတ်ကားကစပြီး ဒါရိုက်တာလုပ်ဖို့အတွက် ယုံကြည်မှုရခဲ့ပါတယ်။ အဲဒီ့နောက်ပိုင်းမှာ ဒါရိုက်တာအလုပ်ကို ခပ်ကျဲကျဲလေး လုပ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အသက်အရွယ်ရလာတာနဲ့ အမျှ ဒါရိုက်တာအလုပ်နဲ့ ထုတ်လုပ်ရေးပိုင်းကိုပဲလုပ် သွားမှာပါ’တဲ့။

စန္ဒီ/ Trend Myanmar

အရင်နဲ့မတူတဲ့ သီချင်းပုံစံမျိုးလေးတွေ ချပြဖို့ကြိုးစားနေတဲ့ ၀ိုင်းစုခိုင်သိန်း

အချစ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အခိုင်အမာရရှိခဲ့သူ ၀ိုင်းစုနဲ့တွေ့ဆုံခိုက် မကြာခင်ပြုလုပ်သွားမယ့် ဂီတ အကယ်ဒမီဆုပေးအပ်မယ့်အစီအစဉ်အပေါ်သူမရဲ့ စိတ်ခံစားချက်ဖီလင်နဲ့ သူမရဲ့မြူးဇစ်ပုံစံအပြောင်းအလဲဘာတွေရှိလာမလဲ မေးကြည့်တဲ့အခါ ‘ဒီလို ပြုလုပ်သွားမယ်ဆိုတာ ကောင်းပါတယ်။ ဆုပေးတဲ့အတွက်ကြောင့်မို့လို့ အကုန်လုံး ကြိုးစားချင်စိတ်ရှိတယ်။ အဓိကကတော့ ဂီတလောက အတွက်ပိုပြီးတော့ ကောင်းတာပေါ့နော်။ အဆိုတော်တွေပါမကပဲ အစစအရာရာ အဘက်ဘက်က တေးရေးရော၊ ရှိသမျှ မြူးဇစ်ပိုင်းနဲ့ ပတ်သက်တာရော၊ တီးဝိုင်းတွေရော အစစအရာရာ အတွက် ကောင်းပါတယ်။ ပရိသတ်တွေ အတွက်လည်း ဝိုင်းစုဘက်က အခုမင်္ဂလာဆောင်ပြီးနောက်ပိုင်း အရင်ထက်ပိုပြီးတော့ ဝိုင်းစုကြိုးစားမှာပါ။ နောက်ဝိုင်းစုရဲ့ မြူးဇစ်ပုံစံလေးတွေ ပရိသတ်လည်း လက်ခံရမယ်။ နောက်ထပ် နည်းနည်းလည်း အရင်နဲ့မတူတဲ့ ပုံစံမျိုးလေးတွေနဲ့ တင်ဆက်ဖို့ ကြိုးစားနေပါတယ်’လို့ သူမက ပြောပါတယ်။

စန္ဒီ  /Trend Myanmar