အချစ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အခိုင်အမာရရှိခဲ့သူ
ဝိုင်းစုနဲ့တွေ့ဆုံခိုက် မကြာခင်ပြုလုပ်သွားမယ့် ဂီတ
အကယ်ဒမီဆုပေးအပ်မယ့်အစီအစဉ်အပေါ်သူမရဲ့ စိတ်ခံစားချက်ဖီလင်နဲ့
သူမရဲ့မြူးဇစ်ပုံစံအပြောင်းအလဲဘာတွေရှိလာမလဲ မေးကြည့်တဲ့အခါ ‘ဒီလို
ပြုလုပ်သွားမယ်ဆိုတာ ကောင်းပါတယ်။ ဆုပေးတဲ့အတွက်ကြောင့်မို့လို့ အကုန်လုံး
ကြိုးစားချင်စိတ်ရှိတယ်။ အဓိကကတော့ ဂီတလောက အတွက်ပိုပြီးတော့
ကောင်းတာပေါ့နော်။ အဆိုတော်တွေပါမကပဲ အစစအရာရာ အဘက်ဘက်က တေးရေးရော၊ ရှိသမျှ
မြူးဇစ်ပိုင်းနဲ့ ပတ်သက်တာရော၊ တီးဝိုင်းတွေရော အစစအရာရာ အတွက်
ကောင်းပါတယ်။ ပရိသတ်တွေ အတွက်လည်း ဝိုင်းစုဘက်က
အခုမင်္ဂလာဆောင်ပြီးနောက်ပိုင်း အရင်ထက်ပိုပြီးတော့ ဝိုင်းစုကြိုးစားမှာပါ။
နောက်ဝိုင်းစုရဲ့ မြူးဇစ်ပုံစံလေးတွေ ပရိသတ်လည်း လက်ခံရမယ်။ နောက်ထပ်
နည်းနည်းလည်း အရင်နဲ့မတူတဲ့ ပုံစံမျိုးလေးတွေနဲ့ တင်ဆက်ဖို့
ကြိုးစားနေပါတယ်’လို့ သူမက ပြောပါတယ်။
စန္ဒီ /Trend Myanmar
No comments:
Post a Comment