ဆော်ဒီအာရေဗျနိုင်ငံသို့
ရောက်ရှိနေသော မြန်မာနိုင်ငံမှ မွတ်စလင်တစ်ဦးသည် ၎င်း၏
ဇနီးနှင့်သားသမီးလေးဦးကို မီးဖိုချောင်သုံးဓားဖြင့် ထိုးသတ်ခဲ့ပြီး
ထိုသို့သတ်ဖြတ်ရခြင်းမှာ ၎င်းတို့အား ချစ်ခင်ခြင်းကြောင့်ဖြစ်သည်ဟု
ပြောကြားခဲ့ကြောင်း Emirates 24/7 သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။
ရှေးရိုးဆန်သော
ပင်လယ်ကွေ့နိုင်ငံ ဆော်ဒီအာရေဗျတွင် ယခုဖြစ်ပွားခဲ့သော မှုခင်းကြောင့်
လူအများကြား ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်။ ယခုဖြစ်ရပ်မှာ ဗုဒ္ဓဟူးနေ့
အရုဏ်ဦးအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏တိုက်ခန်းကျဉ်းလေးတွင်
မိသားစုအားလုံး သွေးအိုင်ထဲ၌ လဲကျသေဆုံးလျက်ရှိသည်ကို ရဲတပ်ဖွဲ့က
ရှာဖွေတွေ့ ရှိခဲ့သည်။
အသက် ၄၂ နှစ်အရွယ် Abu Al Kalam က ၎င်းသည် အသက်
၃ဝနှစ် အရွယ်ဇနီး အပါအဝင်၊ အသက် ကိုးလမှ ခြောက်နှစ်အထိရှိသော သမီးလေးဦးအား
ဓားဖြင့် လည်ပင်းအားလှီးပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။
၎င်းတို့အား သတ်ဖြတ်ပြီးနောက် Abu Al Kalam သည် ဆော်ဒီနိုင်ငံသား
အလုပ်ရှင်ကိုဖုန်းဆက်၍ မှုခင်းအကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် ၎င်းသည်
ဆုတောင်းရန်အတွက် မက္ကာအနီးရှိ မဟာဝတ်ကျောင်းတော်သို့ သွားရောက်ပြီး
ဝတ်ကျောင်းတော်တွင် နာရီပေါင်းများစွာ နေထိုင်ခဲ့ပြီးမှ ရဲတပ်ဖွဲ့ထံသို့
လာရောက်အဖမ်းခံခဲ့သည်ဟု သိရသည်။
မိသားစုအား သတ်ဖြတ်ခဲ့ရခြင်းနှင့်
ပတ်သက်၍ ၎င်းကထွက်ဆိုရာတွင် နောက်ထပ် ရက်အနည်းငယ်အတွင်း၌ ၎င်းအနေဖြင့်
သေဆုံးသွားမည်ဖြစ်သည်ဟု အာရုံရနေခဲ့ပြီး ၎င်း၏မိသားစုအား စိတ်ဆင်းရဲ
ကိုယ်ဆင်းရဲမထားခဲ့လိုသောကြောင့် ယခုလို ၎င်းနှင့်အတူ
ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ၎င်း၏မိသားစုအား
အလွန်ချစ်ခင်သောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိ ရသည်။
By Eleven Media Group
No comments:
Post a Comment