မတ်လကိုရောက်တော့မယ်ဆိုရင်ပဲ နွေရဲ့အပူကို မသိမသာ ခံစားလာကြရပြီလေ။
အပူဒဏ်ကို ကြံ့ကြံ့ခံပြီး မီးထိုးမှန်ထိုးတွေကြား ကိုယ်ချစ်တဲ့အနုပညာကို
ပုံဖော်ကြရတဲ့ အနုပညာရှင်တွေထဲက ခုနောက်ပိုင်းအနုပညာခြေလှမ်းစိပ်လာတဲ့
ဆုမြတ်နိုးဦးကို ဒီနှစ်နွေရာသီမှာ သူမဘယ်မှာရှိမယ်၊ သူမရဲ့ဖက်ရှင်နဲ့
အသားအရေထိန်းသိမ်းမှုပုံစံအကြောင်းတွေ မေးကြည့်လိုက်တဲ့အခါ
‘ဒီနှစ်နွေရာသီမှာတော့ မြတ်နိုး လာမဲ့၁၀ရက်နေ့မှာ အင်းလေးကို
တစ်ရက်သွားရိုက်ရမယ်။ သွားလည်တဲ့အခန်းပေါ့။
အဲဒီအခန်းရိုက်ပြီးလို့အလုပ်မရှိဘူးဆိုရင် ဟိုမှာနဲနဲလည်ပတ်ပြီးမှ
ပြန်လာဖြစ်မှာပါ။ နွေရာသီဖက်ရှင်ကတော့ အရင်တိုင်းပါပဲ။တီရှပ်နဲ့ဂျင်းဘောင်းဘီပေါ့။ မြတ်နိုးက သိပ်အရောင်မရွေးဘူး။အစိမ်းရောင်တို့အဖြူရောင်တို့အနက်ရောင်တို့ပေါ့။ ဒါပေမယ့် အနက်ကကျတော့
နွေရာသီမှာဝတ်လို့သိပ်မသင့်တော်ဘူးပေါ့။ အရောင်လွင်တဲ့ဟာလေးတွေတော့
ရွေးဝတ်ဖြစ်မယ်ထင်ပါတယ်။ အပြင်သွားရင်တော့ မပါမဖြစ်ပါတဲ့ပစ္စည်းဆိုရင်
ဖုန်း၊ ဦးထုပ်၊ထီးတို့ဆောင်ဖြစ်ပါတယ်။ အလှအပအတွက်က သီးသန့်ကြီး
မလုပ်ဖြစ်ဘူး။ spa တွေဘာတွေလည်း သိပ်မသွားဖြစ်ဘူး။
ကျန်တာကတော့လိုးရှင်းပုံမှန်လိမ်းတာလောက်ပါပဲ’လို့ သူမက ပြောပြခဲ့ပါတယ်။
ခင်ဆွေသက်/ Trend Myanmar
No comments:
Post a Comment