05 April 2014
သင်္ကြန်မှာ အနုပညာရှင်တွေ ဘယ်မဏ္ဍပ်မှာ ရှိနေမလဲ
မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် နီးကပ်လာပြီ ဖြစ်တာမို့ မြန်မာ့ အနုပညာရှင် များအနေနဲ့လည်း အခုနှစ်သင်္ကြန် ဘယ်မှာ ရှိကြမလဲ ဆိုတာကို ပရိသတ်များ အတွက် ဖော်ပြ လိုက်ပါတယ်။
မြန်မာပြည်ရဲ့ နာမည် အကြီးဆုံး ရော့ခ်တီးဝိုင်း တစ်ခုဖြစ်တဲ့ Iron Cross တီးဝိုင်းက ရန်ကုန် သင်္ကြန်မှာပဲ ရှိမှာဖြစ် ပြီး လူငယ်ရော့ခ် ပရိသတ် အသည်းစွဲ S.I.R Rock Group ကတော့ မန္တလေး သင်္ကြန် High Class မဏ္ဍပ်မှာ ဖြတ်သန်းမယ်လို့ သိရပါတယ်။ ရန်ကုန် သင်္ကြန်မျှော်စင်ကျွန်း ထဲက Grand Royal မဏ္ဍပ် မှာတော့ လင်းလင်း၊ ဆိုတေး၊ အလင်းရောင်၊ ဇွဲပြည့်၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ လိမ္မော်သီး စတဲ့ တေး သံရှင်တွေ ရှိနေကြမှာဖြစ်ပြီး ဟစ်ဟော့ပ် တေးသံရှင် အများစုက ကမ္ဘာအေး ဘုရားလမ်းပေါ်က မဏ္ဍပ် အသီးသီးမှာ ရှိကြမယ်လို့ သိရပြီး တေးသံရှင် ရန်ရန်ချန်းကတော့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ မဏ္ဍပ်ဆောက်ဖြစ်မယ် လို့လည်း သိရပါတယ်။
AEC အာစီယံ စီးပွားရေး အသိုက်အဝန်းကို ရင်ဆိုင် နိုင်ဖို့ ပြင်ဆင်
အာစီယမ် နိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေ ဟာဝိုင်ယီမှာ တွေ့ဆုံ
၂၀၁၅ ခုနှစ် ကျရင် စတင် ကျင့်သုံးတော့မယ့် AEC အာစီယံ စီးပွားရေး အသိုက်အဝန်းကို ရင်ဆိုင် နိုင်ဖို့အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ အရှေ့ဖက် တံခါးပေါက် မြဝတီမြို့မှာ လုပ်ငန်းရှင်တွေ အတွက်၊ အလုပ်ရုံ ဆွေးနွေးပွဲတခုကို ပါရမီ စွမ်းအင် ကုမ္ပဏီက ပြုလုပ်ပေးခဲ့ပါတယ်။
လက်ရှိမှာ၊ ထိုင်းအပါအဝင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စကာပူနဲ့ ဂျပန်နိုင်ငံတွေက ကုန်ပစ္စည်းတွေ မြဝတီကတဆင့် မြန်မာနိုင်ငံထဲကို တင်သွင်းနေတာ ဖြစ်ပါတယ်။
မြန်မာ့ ထွက်ကုန်တွေကို ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၊ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေကို တင်ပို့နေတဲ့ ကုန်သွယ်ရေး လမ်းကြောင်းကြီး ဖြစ်နေပါတယ်။

KIAနယ်မြေမှာ သန်းခေါင်စာရင်းကောက်ဖို့ မဖြစ်နိုင်သေးကြောင်း ဗိုလ်ချုပ်ဂွမ်မော် ပြော
ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အို ထိန်းချုပ်နယ်မြေ
အတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူဖို့ မဖြစ်နိုင်သေးကြောင်း ကေအိုင်အေ
ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဒီကနေ့ပြောပါတယ်။
ရန်ကုန်မြို့ MPC မြန်မာငြိမ်းချမ်းရေး စင်တာမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်း စာချုပ်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်စဉ် သတင်းထောက်တွေက သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ မေးမြန်းစဉ် ဗိုလ်ချုပ်ဂွမ်မော်က အခုလို ဖြေကြားခဲ့ပါတယ်။
"သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ ဘာမှဆက် လုပ်စရာမရှိသေးဘူး၊ ဒါပေမဲ့ အခုလောလော ဆယ်မှာတော့ တိုက်ပွဲတွေ လည်းဖြစ်နေတဲ့ အခါမှာ ကျနော်တို့ KIO ထိန်းချုပ်တဲ့ ဒေသတွေမှာတော့ သန်းခေါင်းစာရင်း ကောက်ယူဖို့ကတော့ အဆင်အသင့်မဖြစ်သေးပါဘူး၊

မလေးလေယာဉ် Black Box အချက်ပေး ဖြစ်နိုင်တဲ့အသံ တရုတ်သင်္ဘော ကြားရ
တိုင်ဝမ်ဗုဒ္ဒဘာသာ အသင်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ပေါ်က ခရီးသည်တွေ ဘေးကင်းရေး ဆုတောင်း မေတ္တာ ပို့သနေပုံ။
ပျောက်နေတဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ လိုက်ရှာနေတဲ့ တရုတ်သင်္ဘော တစီးက Ping signal သံကို ကြားနေရတယ်လို့ တရုတ်က ဒီကနေ့ ပြောလိုက်ပါတယ်။ ဒီအသံဟာ ပျောက်နေတဲ့ လေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Box ကထုတ်လွှတ်နေတဲ့ အသံဖြစ်နိုင်ပါတယ်။
Signal သံကို တစက္ကန့်မှာ 37.5 KHz တကြိမ် ကြားရတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းက ဖော်ပြပါတယ်။ ဒီကြိမ်နှုန်းဟာ ရေအောက်ရောက် Black Box တွေကနေ ထုတ်လွှတ်တဲ့ နိုင်ငံတကာစံသတ်မှတ်ထားတဲ့ radio frequency ကြိမ်နှုန်းဖြစ်ပါတယ်။ တကယ်သာ Black Box က အချက်ပြနေမှုဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ပြီဆိုရင် ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ် ဘာဖြစ်ခဲ့တယ်ဆိုတဲ့ အဖြေကို ရှာနိုင်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အမည်မသိသူများအားကြည့်မိရာမှ ၀ိုင်းဝန်းထိုးကြိတ်ခံရသဖြင့်ဒဏ်ရာများရ
၎.၄.၂၀၁၄ရက်နေ့ ၁၉၃၀အချိန်တွင် လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်နေ ဦးကျော်ဝင်းမှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် သားဖြစ်သူ စိုးမိုးအောင်၊ (၂၄)နှစ်နှင့် တူဖြစ်သူ ချစ်မွှေး၊ (၁၇)နှစ်တို့(၂)ဦးမှာ အပြင်မှနေအိမ်သို့
ပြန်လာရာ သားဖြစ်သူတွင် ၀ဲ/ယာလက်ပြင်နှင့် လည်ဂုတ်တို့၌ ထိုးသွင်း
ဒဏ်ရာများ၊ နောက်စေ့နှင့် ၀ဲမျက်ခုံးပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ တူဖြစ်သူ
တွင် ယာလက်ဖျံ၌ ပြတ်ရှဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ထိုသို့ဒဏ်ရာရရှိခဲ့သည့်အကြောင်းအရင်းအားမေးမြန်းရာ ၎င်းတို့(၂)ဦးသည် လက်ဖက်ရည်ဆိုင်မှအပြန် (၆)ရပ်ကွက်၊ အောင်သာယာလမ်းပေါ်အရောက် အမည်မသိသူများအားကြည့်မိသည်ကို ၎င်းလူများမှ “ဘာကြည့်တာလဲ”ဟု
ဆိုကာ လက်သီး၊ ဓါးဖြင့် ထိုးခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလူများအားလိုက်လံစုံစမ်းရာ ခိုင်သန့်ဇင်(စုံစမ်းဆဲ)နှင့် အောင်ပိုင်စိုး
လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြမှုနှင့် လုယက်မှုများ အစိုးရသစ် လက်ထက်တွင် ပိုများလာ
(ရန်ကင်းမြို့နယ်၌ ဖြစ်ပွားခဲ့သော ရက်စက်စွာ လူသတ်မှုဖြစ်စဉ်တွင်
ကျူးလွန်သူကို ပြင်းထန်စွာ အရေးယူပေးရန် ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-
ဝေလင်းအောင်))
အစိုးရသစ် လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သည့် အမှုကြီး ၁၀ ခုတွင် မုဒိမ်းမှု၊ ဓားပြမှု၊ လုယက်မှုတို့မှာ နှစ်စဉ်တိုးမြင့် လာနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းသို့ ထုတ်ပြန်မှုများအရ ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ် မတ်လကုန်အထိ အချက်အလက်များ ပါရှိခဲ့ပြီး ပထမပိုဒ်တွင် လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန်ခိုးမှု၊ နိုင်ငံတော် သစ္စာဖောက်မှု၊ လက်နက်မှုနှင့် မတရားအသင်း စသည်တို့ ပါဝင်သည့် အမှုကြီး ၁၀ မှုကို ဖော်ပြထားသည်။
အမှုကြီး ၁၀ ခုတွင် လူသတ်မှုမှာ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ တစ်နှစ်လျှင် ပျမ်းမျှ အမှု ၁၀၀ ခန့်သာ ရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင်မူ အမှုပေါင်း ၁၅၀ ကျော်ထိ ရှိလာနေကြောင်း သိရသည်။

ယောက်ဖအသတ်ခံရမှု သွားကြည့်သူ လူငယ်ကို ရဲတပ်ဖွဲ့ဝင်လေးဦးက နံပါတ်တုတ်များဖြင့် ဝိုင်းရိုက်ဟုဆို
မှော်ဘီမြို့နယ် မြောင်းတကာ ကျေးရွာအမှတ် (၄) ရပ်ကွက် ဘုရားကြီးလမ်းတွင်
ဧပြီလ ၃ ရက် ည ၇ နာရီခန့်က ယောက်ဖဖြစ်သူ ဓားထိုး အသတ်ခံရသည်ဟု
ကြားသိရသောကြောင့် အသတ်ခံရသော နေအိမ်သို့ သွားရောက် ကြည့်ရှုခဲ့သော အသက် ၂၈
နှစ်အရွယ် အမျိုးသားကို နယ်မြေခံ ရဲတပ်ရင်းမှ စခန်းမှူး အပါအဝင်
ရဲတပ်ဖွဲ့ဝင် လေးဦးက နံပါတ်တုတ်များဖြင့် ဝိုင်းရိုက်နှက်ခဲ့သည်ဟု
ယင်းကျေးရွာ နေသူများထံမှ သိရှိရသည်။
ရိုက်နှက်ခံရသည်ဟု ဆိုသူ ကိုထွန်းဝင်းအောင်သည် အဆိုပါ ကျေးရွာအပိုင်း (၂) တွင် နေထိုင်သည့် ၎င်း၏ ယောက်ဖ တော်စပ်သူ အသက် ၃၅ နှစ်အရွယ် ကိုထိန်လင်းသည် ယင်းနေ့က ဘုရားကြီးလမ်းရှိ အသက် ၄၃ နှစ်အရွယ် ဦးခင်မောင်ညွန့် (ခ) ဦးမောင်ညွန့်၏ နေအိမ်သို့ သွားရောက် လည်ပတ်ခဲ့စဉ် စကားများ ရန်ဖြစ်ရာမှ ရင်အုံနှင့် ဝမ်းဗိုက် အတွင်းသို့ ဓားမြှောင်ဖြင့် ငါးချက်ဆင့် ထိုးခံရသဖြင့် သေဆုံးခဲ့သည်ကို သွားရောက် ကြည့်ရှုခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ခိုအောင်းနေသည့် ခိုး၊ ဆိုး၊ နှိုက်များကို တိုင်းဒေသကြီးနှစ်ခုမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးမည်
မန္တလေးမြို့တော် အနီးရှိ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် ဆိုက်ကပ်သော
သင်္ဘောနှင့် စက်လှေများပေါ်ရှိ ကုန်ပစ္စည်းများကို ခိုးယူခြင်း၊ လက်နက်ဖြင့်
ခြိမ်းခြောက် ယူခြင်းများ ဖြစ်ပေါ်နေပြီး ယင်းကျူးလွန်သူများသည် အဆိုပါ
မြစ်ကြောင်း တစ်လျှောက်ရှိ သဲသောင်ပြင်များတွင် ခိုအောင်းနေသည့်အတွက်
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့
ပူးပေါင်းကာ ဧပြီလ ၄ ရက်နေ့မှ စတင်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း မန္တလေးခရိုင်
ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။
မန္တလေးမြို့အနီး ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ ကုန်တင်စက်လှေ၊ သင်္ဘောများပေါ်မှ ကုန်ပစ္စည်းများကို အုပ်စုလိုက် ခိုးယူခြင်း၊ လက်နက်များဖြင့်ပါ ခြိမ်းခြောက်ယူခြင်းများ ဖြစ်ပေါ်မှု များပြားလာသည့်အတွက် မန္တလေးမြို့တော်ရှိ နယ်မြေရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျူးလွန်သူများကို ဖမ်းဆီးခဲ့ပြီး ကျူးလွန်သူများ၏ ခေါင်းဆောင်များသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ သဲသောင်၊ ကျွန်းများတွင် ကျန်ရှိနေသည့်အတွက် ယင်းသို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားသည်။

လှည်းကူး ရန်ပွဲ ၉ ဦးဒဏ်ရာရ
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဈေးထဲမှာ မနေ့ညနေ ၄ နာရီလောက်က ဖယောင်းပုဆိုးရောင်းတဲ့ ဗမာနဲ့ မွတ်စလင်ဈေးဆိုင်နှစ်ဆိုင်က လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ရာ ကနေအစပြုပြီး၊ ဆူပူမှုတွေဖြစ်ပွါးခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ခိုက်ရန်ဖြစ်တဲ့ ဆိုင်နှစ်ဆိုင်မှာ ဆိုင်တဆိုင်က မွတ်စလင် လူငယ်က ကတ်ကြေးနဲ့ ထိုးလိုက်တဲ့အတွက် အထိုးခံရတဲ့တဘက်ဆိုင်က ဗမာလူငယ် မျက်လုံးအောက် နား ထိခိုက်သွားပြီး ဆေးရုံတင်လိုက်ရ ပါတယ်။
အဲဒီလိုဖြစ်ပြီးတဲ့နောက် လူတချို့ က ပြစ်မှုကျူးလွန် သူလူငယ်သွားရောက်ပုန်းအောင်းခဲ့တဲ့ အိမ်ကို ဝိုင်းပြီး ဖျက်ဆီးကြသလို၊ မြို့ထဲကနေအိမ်တွေနဲ့ဈေးဆိုင်တွေကို ဖျက်ဆီးခဲ့ကြပါတယ်။ ဒဏ်ရာရသူတွေထဲက အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၂ ယောက် ရန်ကုန်မြို့ပေါ် ကိုဆေးကုဖို့ ရောက်လာတဲ့အကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်း ကိုထွန်းကြည်က RFA ကိုပြောပါတယ်။
လှည်းကူးမြို့နယ်၊ မြို့မဈေးအတွင်း ခိုက်ရန် ဖြစ်ပွားခဲ့မှုအား အရေးယူ ထားရှိခြင်း
၎.၄.၂၀၁၄ ရက်နေ့ ၁၅၄၅ အချိန်တွင် လှည်းကူးမြို့နယ်၊ မြို့မဈေး အရှေ့ဘက်
အမိုးအကာ ကူရှင်ပြုလုပ်သည့် ဆိုင်ခန်းအမှတ်(၂၇/၂၉/၅၉) ဆိုင်ခန်း(၃)ခုမှ
ဦးကိုကိုနိုင်၏သားများ ဖြစ်သည့် ရန်နိုင်(ခ)ရန်အောင်ကိုကို
(ခ)အွစ္စမန်ပါ(၃)ဦးတို့နှင့် ဆိုင်ခန်းအမှတ်(၁/၂၈)မှ “ချစ်မိတ်ဆွေ”အမည်ရှိ
နာရီနှင့် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သက်ပိုင်ဦး၊ (ဘ)ဦးအောင်ဦးတို့
ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရန်နိုင်ပါ(၃)ဦးမှ တုတ်ဖြင့်ရိုက်ပြီး
ချွန်ထက်သောအရာ ဖြင့်ထိုးခဲ့သဖြင့် သက်ပိုင်ဦး၏ မျက်လုံးနှင့်
ဦးခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့ ပါသည်။
ထိုသို့ ကျူးလွန်သူများကို အရေးယူပေးပါရန် သက်ပိုင်ဦး၏မိခင် ဒေါ်ခင်မာဝေမှ တိုင်တန်းချက်အရ လှည်းကူးမြို့မရဲစခန်း(ပ)၁၅၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၄/၃၂၆ ဖြင့် အမှုဖွင့် အရေးယူခဲ့ပါသည်။
ထိုသို့ ကျူးလွန်သူများကို အရေးယူပေးပါရန် သက်ပိုင်ဦး၏မိခင် ဒေါ်ခင်မာဝေမှ တိုင်တန်းချက်အရ လှည်းကူးမြို့မရဲစခန်း(ပ)၁၅၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၄/၃၂၆ ဖြင့် အမှုဖွင့် အရေးယူခဲ့ပါသည်။
လှည်းကူး ပဋိပက္ခကြောင့် ရဲအင်အား ၃၀၀ခန့် လုံခြုံရေးချထားရ
ဧပြီလ ၄ ရက် ညနေပိုင်းက ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွင် ခိုက်ရန်
ဖြစ်ပွားရာမှ အစပြုပြီး လူအုပ်စု များက ဆူပူခဲ့ကြပြီးနောက် လက်ရှိ
အခြေအနေမှာ တည်ငြိမ် နေသော်လည်း ရဲအင်အား ၃၀၀ ခန့် လုံခြုံရေး ချထားရသည် ဟု
လှည်းကူးမြို့နယ် ရဲမှူးခင်မြင့်က မဇ္ဈိမကိုပြောသည်။
“ဒီနေ့ အခြေအနေကတော့ အေးအေးဆေးဆေးပါပဲ။ ရဲအင်အားကတော့ နှစ်ရာကျော် သုံးရာလောက် ချထားရတယ်” ဟု မြို့နယ်ရဲမှူးက ဧပြီလ ၅ ရက် နံနက် ၁၀နာရီ ၅၀မိနစ်တွင် ပြောခြင်းဖြစ်သည်။
လှည်းကူးမြို့နယ်၊ ဈေးကြီးရပ်ကွက်ရှိ ဗန်ဒါလမ်းဈေးကြီးအတွင်း စကားများရန်ဖြစ်ရာမှ ကတ်ကြေးဖြင့်ထိုးသဖြ င့် မကျေနပ်သူ ရာပေါင်းများစွာတို့က ခဲများဖြင့် ပစ်ပေါက်သည့် အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့သည်။

အကြမ်းဖက် သတင်းများကြောင့် စစ်တွေမြို့တွင် လုံခြုံရေးတိုးမြှင့်
ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ၀င် ရောက် အကြမ်းဖက်မည်ဟု သတင်းရရှိသောကြောင့် စစ်တွေ မြို့တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေး အထူးတင်းကျပ်ထား ကြောင်း သတင်းရရှိသည်။
ဧပြီ ၄ ရက် ညတွင် လက်နက်အပြည့်အစုံတပ်ဆင် ထားသော လုံခြုံရေးတပ်ဖွဲ့ဝင် များက လှည့်ကင်းအဖွဲ့များခွဲပြီး စစ်တွေမြို့ပေါ်တွင် လုံခြုံရေးတိုး မြှင့်ဆောင်ရွက်နေသည်ကို တွေ့ ရသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမှတ် (၄) ရဲတပ်ရင်းများ ကွပ် ကဲရေးအဖွဲ့ ဒုတိယကွပ်ကဲရေး မှူး ရဲမှူးကြီး ထွန်းဦးကို ဆက် သွယ်မေးမြန်းရာ ‘‘လှည့်ကင်းတိုး မြှင့်ထားတာပါ။ နောက်ဒီထက် ပို တိုးမြှင့်ဖို့ရှိတယ်။ တခြားနေရာက အဖွဲ့တွေကိုလည်း အင်အားဖြည့် ထားတယ်။ ပြီးတော့ ဒီမှာက ည မထွက်ရ အမိန့်ထုတ်ထားတာ ဆိုတော့ စည်းကမ်းချိုးဖောက်တာ တွေ့ရင် အရေးယူဖို့ အင်အား ထပ်တိုးတာ’’ဟု ပြန်လည်ဖြေ ကြားသည်။
သံလွင်အနောက်ကမ်းကူးသည့် ဝ တပ်ဖွဲ့ နှင့် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း သံလွင်အရှေ့ခြမ်း မှ အနောက်ဘက်ခြမ်းသို့ ကူးကာ ရွှေတူးဖေါ်နေသည့် UWSA ဝ တပ်ဖွဲ့နှင့် RCSS/ SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု ဆိုသည်။
ဧပြီလ ၂ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့ အရှေ့တောင်ဘက် သံလွင်မြစ်အနောက်ခြမ်း ကူးကာ ရွှေတူးဖေါ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် RCSS/SSA တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။ တိုက်ပွဲတွင် RCSS/ SSA ဘက်မှ လက်နက်ကြီးငယ် သုံးလက်ထက်မနည်း သိမ်း ဆည်းရရှိကြောင်း၊ လူသေလောင်းလဲ တွေ့ရှိကြောင်း မိုင်းပန်ဒေသခံပီစိုင်းကပြောသည်။
“တာချီလိတ်မြို့ရောက် RCSS/ SSA ကစဝ်စိုင်းလူး က ဝ တပ်ဖွဲ့ဌာနချုပ် ပန်ဆန်းကို အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး သတင်းပေးပို့အကြောင်းကြားလိုက်ပြီ။ ဝ တပ်ဖွဲ့မှန်း ကျနော်တို့မသိဘူး၊ ရွှေလာတူးနေတာဘယ်သူလဲပေါ့၊ စုံစမ်းဖို့အသွားလမ်းမှာထိပ်တိုက် တိုက်ပွဲ ဖြစ်တော့တာပဲ” - ဟု အမည်မဖေါ်လိုသည့် ဌာနချုပ် အရာရှိ တဦးကပြောသည်။