05 April 2014
အမည်မသိသူများအားကြည့်မိရာမှ ၀ိုင်းဝန်းထိုးကြိတ်ခံရသဖြင့်ဒဏ်ရာများရ
၎.၄.၂၀၁၄ရက်နေ့ ၁၉၃၀အချိန်တွင် လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်နေ ဦးကျော်ဝင်းမှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် သားဖြစ်သူ စိုးမိုးအောင်၊ (၂၄)နှစ်နှင့် တူဖြစ်သူ ချစ်မွှေး၊ (၁၇)နှစ်တို့(၂)ဦးမှာ အပြင်မှနေအိမ်သို့
ပြန်လာရာ သားဖြစ်သူတွင် ၀ဲ/ယာလက်ပြင်နှင့် လည်ဂုတ်တို့၌ ထိုးသွင်း
ဒဏ်ရာများ၊ နောက်စေ့နှင့် ၀ဲမျက်ခုံးပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ တူဖြစ်သူ
တွင် ယာလက်ဖျံ၌ ပြတ်ရှဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ထိုသို့ဒဏ်ရာရရှိခဲ့သည့်အကြောင်းအရင်းအားမေးမြန်းရာ ၎င်းတို့(၂)ဦးသည် လက်ဖက်ရည်ဆိုင်မှအပြန် (၆)ရပ်ကွက်၊ အောင်သာယာလမ်းပေါ်အရောက် အမည်မသိသူများအားကြည့်မိသည်ကို ၎င်းလူများမှ “ဘာကြည့်တာလဲ”ဟု
ဆိုကာ လက်သီး၊ ဓါးဖြင့် ထိုးခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလူများအားလိုက်လံစုံစမ်းရာ ခိုင်သန့်ဇင်(စုံစမ်းဆဲ)နှင့် အောင်ပိုင်စိုး
(စုံစမ်းဆဲ)တို့ပါ(၅)ဦးခန့်တို့မှ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ကို သိရှိခဲ့ရကြောင်းနှင့် အရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။
ထိုသို့တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၄၄၈/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၂၆/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီး
ရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment