ဧပြီလ ၄ ရက် ညနေပိုင်းက ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွင် ခိုက်ရန်
ဖြစ်ပွားရာမှ အစပြုပြီး လူအုပ်စု များက ဆူပူခဲ့ကြပြီးနောက် လက်ရှိ
အခြေအနေမှာ တည်ငြိမ် နေသော်လည်း ရဲအင်အား ၃၀၀ ခန့် လုံခြုံရေး ချထားရသည် ဟု
လှည်းကူးမြို့နယ် ရဲမှူးခင်မြင့်က မဇ္ဈိမကိုပြောသည်။
“ဒီနေ့ အခြေအနေကတော့ အေးအေးဆေးဆေးပါပဲ။ ရဲအင်အားကတော့ နှစ်ရာကျော်
သုံးရာလောက် ချထားရတယ်” ဟု မြို့နယ်ရဲမှူးက ဧပြီလ ၅ ရက် နံနက် ၁၀နာရီ
၅၀မိနစ်တွင် ပြောခြင်းဖြစ်သည်။
လှည်းကူးမြို့နယ်၊ ဈေးကြီးရပ်ကွက်ရှိ ဗန်ဒါလမ်းဈေးကြီးအတွင်း
စကားများရန်ဖြစ်ရာမှ ကတ်ကြေးဖြင့်ထိုးသဖြ င့် မကျေနပ်သူ
ရာပေါင်းများစွာတို့က ခဲများဖြင့် ပစ်ပေါက်သည့်
အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ဖြစ်ပွားခဲ့မှုကြောင့် လှည်းကူးမြို့တွင် မနက် ခြောက်နာရီမှ ည ခြောက်နာရီထိ အပြင်မထွက်ရန် အာဏာပိုင်တို့က အမိန့်ထုတ်ထားရသည်။
“လုံခြုံရေးတွေကတော့ ဟိုတစ်စု၊ ဒီတစ်စုနဲ့ အများကြီးပဲ။ လူတွေက တော့
သိပ်မတွေ့ဘူး။ တစ်ချို့ ဆိုင်တွေလ လည်းပိတ်ထားကြတယ်” ဟု
မြို့ခံအမျိုးသမီးတစ်ဦးက ဧပြီလ ၅ ရက် မနက် လှည်းကူးမြို့မြင်ကွင်းကို
ပြောပြသည်။
မဇ္ဈိမသတင်းဌာန
(ဓါတ်ပုံ - အီးပီအေ)
No comments:
Post a Comment