၎.၄.၂၀၁၄ ရက်နေ့ ၁၅၄၅ အချိန်တွင် လှည်းကူးမြို့နယ်၊ မြို့မဈေး အရှေ့ဘက်
အမိုးအကာ ကူရှင်ပြုလုပ်သည့် ဆိုင်ခန်းအမှတ်(၂၇/၂၉/၅၉) ဆိုင်ခန်း(၃)ခုမှ
ဦးကိုကိုနိုင်၏သားများ ဖြစ်သည့် ရန်နိုင်(ခ)ရန်အောင်ကိုကို
(ခ)အွစ္စမန်ပါ(၃)ဦးတို့နှင့် ဆိုင်ခန်းအမှတ်(၁/၂၈)မှ “ချစ်မိတ်ဆွေ”အမည်ရှိ
နာရီနှင့် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သက်ပိုင်ဦး၊ (ဘ)ဦးအောင်ဦးတို့
ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရန်နိုင်ပါ(၃)ဦးမှ တုတ်ဖြင့်ရိုက်ပြီး
ချွန်ထက်သောအရာ ဖြင့်ထိုးခဲ့သဖြင့် သက်ပိုင်ဦး၏ မျက်လုံးနှင့်
ဦးခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့ ပါသည်။
ထိုသို့ ကျူးလွန်သူများကို အရေးယူပေးပါရန် သက်ပိုင်ဦး၏မိခင် ဒေါ်ခင်မာဝေမှ
တိုင်တန်းချက်အရ လှည်းကူးမြို့မရဲစခန်း(ပ)၁၅၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၄/၃၂၆
ဖြင့် အမှုဖွင့် အရေးယူခဲ့ပါသည်။
အမှုမှ ပြစ်မှုကျူးလွန်သူများဖြစ်သည့် လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်
နေသူများဖြစ်သော ရန်နိုင်(ခ)ရန်အောင်ကိုကို (ခ)အွစ္စမန်၊ (၂၂)နှစ်၊
(ဘ)ဦးကိုကိုနိုင်၊ ချစ်မင်းကိုကို(ခ)အယ်ရပ်၊ (၁၇)နှစ်၊ (ဘ)ဦးကိုကိုနိုင်၊
ညီညီမောင်(ခ)ရဖစ်၊ (၂၇)နှစ်၊ (ဘ)ဦးလှရွှေတို့(၃)ဦးကို ၄.၄.၂၀၁၄ ရက်နေ့
၁၈၃၀ အချိန်တွင် အမှုဖြင့်ဖမ်းဆီးခဲ့ပြီး အင်းစိန်အကျဉ်းထောင်သို့
ပို့အပ်ချုပ်နှောင်ထားရှိပါသည်။
ဖြစ်စဉ်မှ ဒဏ်ရာရရှိသူ သက်ပိုင်ဦးအား လှည်းကူးမြို့နယ် ဆေးရုံမှတစ်ဆင့်
ရန်ကုန်၊ မျက်စိအထူးကု ဆေးရုံ(ကန်တော်ကြီး)သို့ လွှဲပြောင်းပို့အပ်ကုသခဲ့ရာ
သက်ပိုင်ဦး၏ ယာဘက်မျက်လုံးဒဏ်ရာမှာ မျက်စိကိုထိခိုက်ခြင်းမရှိဘဲ
မျက်လုံးအောက် မျက်ခမ်း၌ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သဖြင့်
(၆)ချက်ချုပ်ကုသခဲ့ရပြီး ဒဏ်ရာမှာစိုးရိမ်ရသည့် အခြေအနေ မရှိသောကြောင့်
၅.၄.၂၀၁၄ ရက်နေ့ ၀၇၁၅ အချိန်တွင် ဆေးရုံ၏ ခွင့်ပြုချက်အရ
ပြန်လည်ဆင်းသွားခဲ့ကြောင်း သတင်းရရှိပါသည်။
လှည်းကူးမြို့နယ်၊ မြို့မဈေးအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှ ဒဏ်ရာရရှိသူ သက်ပိုင်ဦး၏ ဆေးကုသမှုမှတ်တမ်းများဖော်ပြခြင်း
ဖြစ်စဉ်မှဒဏ်ရာရရှိသူ သက်ပိုင်ဦးအား လှည်းကူးမြို့နယ်ဆေးရုံမှတစ်ဆင့်
တာမွေမြို့နယ်ရှိ မျက်စိရောဂါအထူးကုဆေးရုံကြီးသို့ လွှဲပြောင်း
ပို့အပ်ကုသခဲ့ရာ ၎င်း၏ ဒဏ်ရာအခြေအနေမှာ ဆေးမှတ်တမ်းများအရ“ယာဘက်
မျက်လုံးအောက်မျက်ခမ်း 1.4 cm x 0.3 cm အဆီပြင်ထိနက် ပေါက်ပြဲ
ဒဏ်ရာ(၁)ချက်၊ ၀ဲဘက်ပါးရိုး 2 x 1.5 cm ရှိ ဖူးရောင်ဒဏ်ရာ(၁)ချက်၊
မျက်စိအတွင်းမျက်ဖြူသားပွန်းပဲ့၊
မျက်ကြည်လွှာပွန်းဒဏ်ရာ၊အောက်မျက်ခမ်းရောင်၊ ယခုစစ်ဆေးချက်အရ
မျက်စိအမြင်အားလုံး ကောင်းမွန်နေ၊ မျက်စိအမြင်
ဆိုးဆိုးဝါးဝါးထိခိုက်မှုမရှိနိုင်ပါ၊ တစ်ခုခုဖြစ်ပါက မျက်စိဆေးရုံ
အမှောင်ခန်းသို့ ပြန်ပြရန်နှင့် ချုပ်ရိုးဖြေရန်အတွက် ဗုဒ္ဓဟူး(သို့မဟုတ်)
ကြာသပတေးနေ့တွင် မျက်စိဆေးရုံသို့ ပြသရန်” တို့ဖြစ်ကြောင်း သိရှိရပါသည်။
Yangon Police
No comments:
Post a Comment