27 February 2014

ဘဏ်အနီး စကေဘာတစ်လက်နှင့် ဆိုင်ကယ်စီးနေသူ ထောင်နှစ်နှစ်ချ

မကြာခဏ လုယက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဘဏ်လုပ်ငန်းများနှင့် ရွှေရတနာအရောင်းဆိုင်များတွင် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်သတင်းရယူနေစဉ် မုံရွာမြို့၊ ဆူးလေကုန်းရပ်၊ ဘူတာလမ်းရှိ ရိုးမဘဏ်အနီး၌ စကေဘာကိုင်ဆောင်ထားသူ ဆိုင်ကယ်စီး လူငယ်တစ်ဦးကို ဖမ်းဆီးအရေးယူလိုက်သည်ဟု မုံရွာခရိုင် ဒုစရိုက် အထူးနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်လင်းထက်နိုင်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောသည်။
ခိုး၊ ဆိုး၊ နှိုက် သတင်းများ စောင့်ကြပ်ကာလအတွင်း ဇန်န၀ါရီ ၃၁ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း၊ တံတားဦးမြို့၊ ကွက်သစ်ရပ်ကွက်နေ မောင်ကောင်းခန့်ပိုင် အသက် (၁၉) နှစ်သည် FZ ဆိုင်ကယ်အနက် ရောင်တစ်စီးဖြင့် ရိုးမဘဏ်အနီးခေါက် တုန့်ခေါက်ပြန်သွားလာနေရာ မသင်္ကာ၍ စစ်ဆေးခဲ့ရာတွင် ဆိုင် ကယ်၏ ရှေ့မီးခွက်နှင့် လက်ကိုင်အကြား၌ အရိုးအသွား ၁၁ လက္မရှိ ဦးချွန်စကေဘာတစ်ချောင်းအသင့် ထည့်ထားသည်ကို တွေ့ရှိရသဖြင့် မြို့မရဲစခန်းတွင် အရေးယူပေးရန် အထက်ပါရဲအရာရှိက တရားလိုပြု တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ကျပ်သိန်း ၇၀၀ ကျော်ထည့်ထားသည့် မီးခံသေတ္တာကို ပုံစံတူသေတ္တာအတုဖြင့် လဲလှယ်၍ ခိုးယူသွားဟုဆို


ကျပ်သိန်း ၇၀၀ ကျော် တန်ကြေးရှိ အမေရိကန်ဒေါ်လာများ ထည့်ထားသည့် မီးခံသေတ္တာကို ပုံစံတူ သေတ္တာအတုဖြင့် အစားထိုးလဲလှယ်ပြီး ခိုးယူသွားသည်ဟု ဆိုကာအမှုဖွင့် တိုင်တန်းမှုတစ်ခုကို ကမာရွတ်ရဲစခန်းက ဖေဖော်ဝါရီ ၂၅ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်။
ကမာရွက် (၆)ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာ၊ (၇)လွှာနေ အင်္ဂလိပ်စာသင်ကြားပေးသူ ဆရာတစ်ဦးဖြစ်သူ ကိုကောင်းညွှန့် (၃၉)နှစ်က အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက်က တရားလိုသည် ခရီးသွားကုမ္ပဏီဖွင့်ရန် ငှားရမ်းထားသည့် ကမာရွက် မြို့နယ်၊ (၄)ရပ်ကွက်၊ ဘုရင့်နောင်တာဝါရှိ အခန်း ၁/က ၀၆၁၊ (၇)လွှာတွင် မြန်မာတန်ဖိုးငွေ ကျပ် သိန်း ၇၀၅ သိန်းကျော် တန်ဖိုးရှိသည့် နိုင်ငံခြားမှ လှူဒါန်းထားသော အမေရိကန် ဒေါ်လာ ၇၁,၉၅၆ ကို မီးခံ သေတ္တာအတွင်း သော့ခတ်သိမ်းဆည်းထားခဲ့သည်ဟု တရားလိုက ရဲထံတွင် ပြောထားသည်။

တက္ကစီကိုဝိုင်းရိုက်ခဲ့သည့် ပြိုင်ကားငါးစီးနှင့် ပြစ်မှုကျူးလွန်သူ ငါးဦးကို စစ်ဆေးပြီ

ရန်ကုန်မြို့၊ ပြည်လမ်း၊ (၆) မိုင်အနီးတွင် တက္ကစီတစ်စီးအား ပြိုင်ကားငါးစီးက ၀ိုင်းဝန်းပိတ်ဆို့ ရိုက်နှက်မှုမှ ပြိုင်ကားငါးစီးနှင့် ပြစ်မှုကျူးလွန်သူ ငါးဦးကို မိဘများကိုယ်တိုင် ဖေဖော်ဝါရီ ၂၅ ရက်ကရဲစခန်းသို့ လာ ရောက်အပ်နှံလိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၅ ရက် ည ၁ နာရီကျော်က ဖြစ်ပွားခဲ့သည့် အဆိုပါရိုက်နှက်မှုကို လှိုင်ရဲစခန်းက အမှုဖွင့် ဆောင်ရွက်ခဲ့စဉ် ပြစ်မှုကျူးလွန်စဉ် ပါဝင်ခဲ့သည့် နစ်ဆန်းဖဲလေဒီအဖြူရောင်ပြိုင်ကားကို ၁၉ ရက် နံနက် ၂ နာရီကျော်တွင် မရမ်းကုန်းမြို့နယ် တော်ဝင်ချယ်ရီအိမ်ရာတွင် ရဲတပ်ဖွဲ့ကတွေ့ရှိ သိမ်းဆည်းခဲ့မိခြင်းဖြစ် သည်။
ကျန်ရှိပြိုင်ကားများကို ဆက်လက်စုံစမ်းနေစဉ်အတွင်း ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် ကိုထက် (ခ) ဇာ နည်(ခ)ဇာနည်ထက်ဝေ မောင်းနှင်ခဲ့သည့်  V 300 ARISTO အဖြူရောင်ပြိုင်ကားကို ဖေဖော်ဝါရီ ၂၁ ရက် တွင်လည်းကောင်း၊ ၂၂ ရက် တွင် ဝေယံလင်းမောင်းနှင်ခဲ့သည့် MAZ-DA RX-8 ခဲပုတ်ရောင် ပြိုင်ကားကို လည်းကောင်း မိဘများကိုယ်တိုင် လှိုင်ရဲစခန်းတွင် လာရောက်အပ်နှံခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

၁၅ နှစ်အရွယ် မိန်းကလေးအား တရုတ်နိုင်ငံသို့ရောင်းစားရန် ငွေဖြင့်စည်းရုံး

ရန်ကုန်လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့စု၏ အကြောင်းကြားချက်အရ ဖေဖေါ်ဝါရီ ၂၅ ရက်တွင် အဝေးပြေးယာဉ်ပေါ်၌ မသင်္ကာဖွယ် အမျိုးသမီး ၂ ဦး လိုက်ပါသွားကြောင်း မူဆယ်မြို့၊ ၁ဝ၅ မိုင် စစ်ဆေးရေး စခန်း၌ စောင့်ကြည့်ခဲ့ရာ ၂၆ ရက် ညနေက သတင်းပေးပို့ချက်အရ  ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နေသူ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်နှင့် ဧရာဝတီ တိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် နေသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတို့ကို ခေါ်ယူစစ်ဆေးခဲ့သည်။
၎င်းတို့အားစစ်ဆေးရာ ရန်ကုန် ရွှေဆံတော် ဘုရားပေါ် ၌ တွေ့ဆုံခဲ့ပြီး  ခေါ်ဆောင်လာသူ အမျိုးသမီးမှ အထည်ဆိုင်တွင် စရိတ်ငြိမ်း ၆ဝဝဝဝ ကျပ်ရမည် ဖြစ်ပြီး ၁နှစ်ခန့် လုပ်ပါက ( လေးငါးဆယ်သိန်း) ရမည်ဟု ပြောဆိုစည်းရုံးခဲ့သည်။

သားအမိနှစ်ဦး လည်ပင်းဒဏ်ရာဖြင့် အသတ်ခံရပြန်

ရွှေဘိုခရိုင်၊ ရေဦး မြို့နယ် အတွင်းရှိ ချောင်းဖြူ စခန်းတွင် နေထိုင်သော အသက် (၁၆) နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် အသက် (၄၀) နှစ်အရွယ် မိခင် ဖြစ်သူတို့ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ ညနေ (၃) နာရီ အချိန်ခန့်က အသတ်ခံရ မှုဖြစ်ပွား ခဲ့ကြောင်း ရေဦး မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက The Messenger သတင်းစာ သို့ ပြောသည်။

အဆိုပါ သားအမိ နှစ်ဦးမှာ ချောင်းဖြူ စခန်းမှ နေ့စဉ် ရေသွားခပ် နေကျ ဖြစ်သည့် သံ ချောင်း အစပ်တွင် လည်ပင်းတွင် ဒဏ်ရာ အသီးသီး ရရှိ၍ သေဆုံး နေခြင်း ဖြစ်ကြောင်း ပထမ သတင်းပေးချက် အရ သိရသည်။ ဖေဖော် ၀ါရီလ (၂၆) ရက်နေ့ နေ့လယ် အချိန်ထိ ပတ်ဝန်းကျင် သက်သေ (၁၂) ဦး အားခေါ် ယူ စစ်ဆေး မှုများ ပြုလုပ် နေကြောင်း ရေဦးမြို့ နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းဖြစ်စဉ် အားရေဦးမြို့မ ရဲစခန်းမှ (ပ) ၂၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ- ၃၀၂ ဖြင့် အမှု ဖွင့်ထားပြီး လူသတ် တရားခံ အား ဖမ်းဆီး ရမိ ရန် စုံစမ်း စစ်ဆေး လျက်ရှိကြောင်း ရေဦးမြို့မ ရဲစခန်းမှ သိရသည်။
The Messenger

ရန်ဖြစ်နေတဲ့ အစ်ကို ဖြစ်သူကို ၀င်ရောက်ဖြန်ဖြေတဲ့ညီမ၊ အစ်ကိုဖြစ်သူရဲ့ ဓားချက်ကြောင့်သေ

၂၅.၂.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုရွာ၊ ပုလဲလမ်းထိပ်ရှိကုန်စုံဆိုင်အနီး၌ ၎င်းရွာနေ မောင်မျိုး(ခ)ဇော်မျိုးမှာ ကုန်စုံဆိုင်ဘေးလမ်းကြားသို့ လမ်းမှားဝင်သည့် ကိစ္စဖြင့် ကုန်စုံဆိုင်မှ ကိုကျော်မိုးနှင့်စကားများကြပြီး လုံးထွေးသတ်ပုတ် နေကြသဖြင့် မောင်မျိုး(ခ)ဇော်မျိုး၏ညီမများဖြစ်သော မငြိမ်းငြိမ်းအေးနှင့် မသန္တာထွေးတို့မှ ၀င်ရောက်ဖျန်ဖြေပေးခဲ့ကြပါသည်။

ထိုသို့ ဖျန်ဖြေပေးနေစဉ် မောင်မျိုး(ခ)ဇော်မျိုးမှ အသင့်ပါလာသောဓါးဖြင့် ကိုကျော်မိုးကိုထိုးခဲ့ရာ ကိုကျော်မိုး အားမထိုးမိဘဲ ညီမဖြစ်သူမသန္တာထွေး၏ ယာဘက်ရင်သားအောက်ကိုထိုးမိသွားခဲ့သဖြင့် လှိုင်သာယာဆေးရုံသို့
တင်ပို့ကုသစဉ် မသန္တာထွေးမှာသေဆုံးသွားခဲ့ပါသည်။

ပညာရေးအတွက် လှူဒါန်းထားတဲ့ ကျပ်သိန်းပေါင်း ၇၀၀ နီးပါးတန်ဖိုးရှိ ဒေါ်လာများ အခိုးခံလိုက်ရ

ကမာရွတ်မြို့နယ် အမှတ် (၄) ရပ်ကွက် ဘုရင့်နောင် တာဝါရှိ ၇ လွှာ တိုက်ခန်းတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အမေရိကန် ဒေါ်လာ ခုနစ်သောင်းကျော် သိမ်းဆည်းထားသော မီးခံသေတ္တာ ခိုးယူခံရပြီး ပုံစံတူ မီးခံသေတ္တာ အလွတ်ဖြင့် လဲလှယ် ခံရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

အမှတ် (၆) ရပ်ကွက် ပြည်ရိပ်မွန် အိမ်ရာတွင် နေသူ အသက် ၃၉ နှစ် အရွယ်ရှိ အင်္ဂလိပ်စာ သင်တန်း ဆရာသည် ခရီးသွား ကုမ္ပဏီ ဖွင့်ရန် ငှားရမ်းထားသော ဘုရင့်နောင် တာဝါရှိ တိုက်ခန်းတွင်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့က အမေရိကန် ဒေါ်လာ ၇၁,၉၅၆ ကို မီးခံသေတ္တာ အတွင်း သော့ခတ် သိမ်းဆည်းခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၆ နာရီခန့်က စာရင်းကိုင် အမျိုးသမီးက မီးခံသေတ္တာ သော့ဖွင့်မရ၍ အဆိုပါ အမျိုးသားကို တယ်လီဖုန်းဖြင့် အကြောင်းကြား၍ သွားရောက် စစ်ဆေးခဲ့ရာမှ မီးခံသေတ္တာ ပုံစံတူ ဖြစ်နေပြီး ကန်ဒေါ်လာ ငွေများ သိမ်းဆည်းထားသော မီးခံသေတ္တာမှာ ပျောက်ဆုံးနေကြောင်း ကမာရွတ်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

မိဘတွေနဲ့ အိမ်ခွဲနေဖို့ပြောတာကို လက်မခံ၍ ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ ခင်ပွန်းထောင် ၁၀ နှစ်ကျ

မကွေးတိုင်းဒေသကြီး၊မကွေး ခရိုင်တရားသူကြီးရုံးကဇနီးဖြစ်သူ ကို ဓားဖြင့် ထိုးသတ်သူ ကျော် သန်းကို လူသတ်မှုဖြင့် အလုပ်နဲ့ ထောင်ဒဏ် (၁၀)နှစ်ကျခံစေရန် (၂၀-၂-၂၀၁၄) ရက်နေ့က အမိန့် ချမှတ်လိုက်ပြီဖြစ်ကြောင်းသတင်း ရရှိသည်။

ဖြစ်စဉ်မှာ (၃-၇-၂၀၁၃) ရက် ည(၇း၃၀)အချိန်ခန့်က ရွှေ အိုး(၁)ရပ်ကွက်၊ အပိုင်း (၃) နေ ရာအိမ်မှူး ဦးတင်ဝင်းသည် နေ အိမ်တွင်ရှိနေစဉ် ဦးလေးတစ်ဝမ်း ကွဲတော်စပ်သူဦးအောင်စိုးရောက် ရှိလာပြီး ၄င်း၏သမီး မအေးအေး သင်းကို ခင်ပွန်းဖြစ်သူကျော်သန်း မှ ဓားဖြင့်ထိုး၍ တောင်တွင်းကြီး ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ နေကြောင်း ပြောပြသိရှိရသဖြင့် ဆေးရုံသို့ လိုက်သွားခဲ့ရာ မအေး အေးသင်း၏ ယာနို့အုံဘေး၊ ယာ နံဘေး၊ နောက်ကျောယာဘက် ခြမ်း၊ နဖူးယာဘက် ခြမ်းတို့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရသည်ဆို၏။

၂ မိနစ်ထဲနဲ့ ဘ၀ကို အမောပြေသွားစေမည့် နည်းလမ်းများ

အရမ်းကို ပင်ပန်းနွမ်း နယ်နေ တယ်လို့ ခံစားနေရ ချိန်မျိုးမှာ ပင်ပန်းမှုနဲ့ မောပမ်းမှုတွေကို ပြေပျောက်စေဖို့ အချိန် နှစ် မိနစ်နဲ့ သက်သာစေမယ့် နည်းလမ်းလေး တွေရှိပါတယ်။ အကြင်နာပေးပါ နှစ်မိနစ်လောက် နှုတ်ခမ်းချင်း အ ကြင်နာပေးတာဟာ တခြား နှာခေါင်း၊ လက်နဲ့ ပါးတွေကို အကြင်နာပေးတာ ထက် ပျော်ရွှင်မှုကို ပိုစေကာ ခံစားမှု ကောင်းတဲ့ဟော်မုန်းထွက်လာပြီး၊ ၁၀ ကယ်လိုရီလောက် လောင်ကျွမ်းစေတယ် တယ်လို့ Stanford တက္ကသိုလ်မှ လေ့လာမှုတွေအရ ဆိုပါတယ်။ သာယာလှပသော ကားချပ်များကို ကြည့်ပါ ရေတံခွန်လို၊ စမ်းချောင်းလေးတွေ လို၊ တောတောင်လေးတွေလို၊ ကြယ်တံ ခွန်လေးတွေလို ကားချပ်တွေကို စက္ကန့် ၆၀ လောက်စိုက်ကြည့်နေရုံနဲ့ သင့်စိတ်ကို ကြည်လင်လာ စေတယ်လို့ ဆိုပါတယ်။ ဖိအားပေးပါ

အလုပ်ကောင်းကောင်းရဖို့ လျှို့ဝှက်ချက်များ

JOB seekers Journal
အလုပ်ကောင်းကောင်းရဖို့ လျှို့ဝှက်ချက်များ

လင်းသိုက်ညွန့် (မြန်မာ့မြေ) "အရေးကြီးတာကို အရင်လုပ်ပါ"

Job Seekers Journal vol.2,No.39

စိတ္တဇဆေးရုံတစ်ခုတွင် ဆေးသုတ်သမား တစ်ယောက် နံရံကို ဆေးသုတ်နေ သည်။ ထိုစဉ် လူနာတစ်ယောက်က ၎င်းကို မေးသည်။
“ခင်ဗျားဆေးသုတ်တံကို သေချာကိုင်ထားရဲ့လား”
“ကိုင်ထားပါတယ်”
“ဆေးဘူးကိုရော သေချာကိုင်ထားရဲ့လား”
“ဟုတ်ကဲ့၊ ကိုင်ထားပါတယ်”
“ဒါဆိုရင် ..လှေကားကို ဖြုတ်လိုက်တော့ မယ်နော်”
စာရေးသူတို့တွေလည်း တစ်ခါတလေ ဒီလို ပါပဲ။ ဆေးသုတ် တံနဲ့ ဆေးဘူးကို သေသေချာချာကိုင်ထားပြီး လှေကားကို ဖြုတ်ပစ်လိုက် တတ်ကြပါတယ်။