27 February 2014

ဘဏ်အနီး စကေဘာတစ်လက်နှင့် ဆိုင်ကယ်စီးနေသူ ထောင်နှစ်နှစ်ချ

မကြာခဏ လုယက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဘဏ်လုပ်ငန်းများနှင့် ရွှေရတနာအရောင်းဆိုင်များတွင် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်သတင်းရယူနေစဉ် မုံရွာမြို့၊ ဆူးလေကုန်းရပ်၊ ဘူတာလမ်းရှိ ရိုးမဘဏ်အနီး၌ စကေဘာကိုင်ဆောင်ထားသူ ဆိုင်ကယ်စီး လူငယ်တစ်ဦးကို ဖမ်းဆီးအရေးယူလိုက်သည်ဟု မုံရွာခရိုင် ဒုစရိုက် အထူးနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်လင်းထက်နိုင်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောသည်။
ခိုး၊ ဆိုး၊ နှိုက် သတင်းများ စောင့်ကြပ်ကာလအတွင်း ဇန်န၀ါရီ ၃၁ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း၊ တံတားဦးမြို့၊ ကွက်သစ်ရပ်ကွက်နေ မောင်ကောင်းခန့်ပိုင် အသက် (၁၉) နှစ်သည် FZ ဆိုင်ကယ်အနက် ရောင်တစ်စီးဖြင့် ရိုးမဘဏ်အနီးခေါက် တုန့်ခေါက်ပြန်သွားလာနေရာ မသင်္ကာ၍ စစ်ဆေးခဲ့ရာတွင် ဆိုင် ကယ်၏ ရှေ့မီးခွက်နှင့် လက်ကိုင်အကြား၌ အရိုးအသွား ၁၁ လက္မရှိ ဦးချွန်စကေဘာတစ်ချောင်းအသင့် ထည့်ထားသည်ကို တွေ့ရှိရသဖြင့် မြို့မရဲစခန်းတွင် အရေးယူပေးရန် အထက်ပါရဲအရာရှိက တရားလိုပြု တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုင်ကြားချက်ကို မုံရွာမြို့မ ရဲစခန်းက(ပ)၃၅/ ၂၀၁၄ လက်နက်ပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေး ယူလိုက်ခြင်းဖြစ်သည်။ ယင်းအမှုကို အမှုစစ်ရဲအရာရှိက မုံရွာမြို့နယ်၊ ဒုတိယမြို့နယ်တရားသူကြီး ဒေါ်ခင် ခင်အေးရုံး၌ တရားစွဲဆိုခဲ့ရာ တရားရုံးက ပြစ်မှုဆိုင်ရာအမှုအမှတ် ၂၆၉၄/ ၂၀၁၄ အရ လက်ခံခဲ့ပြီးကြား နာ စစ်ဆေးခဲ့ပြီးထိုသူအား ယခုလ ၂၅ ရက် က အလုပ်နှင့်ထောင်ဒဏ်နှစ်နှစ်ကျခံစေရန် အမိန့်ချမှတ် ခဲ့ကြောင်း သိရသည်။

ကိုတိုးကြီး  /mizzimaburmese

No comments:

Post a Comment