27 February 2014

သားအမိနှစ်ဦး လည်ပင်းဒဏ်ရာဖြင့် အသတ်ခံရပြန်

ရွှေဘိုခရိုင်၊ ရေဦး မြို့နယ် အတွင်းရှိ ချောင်းဖြူ စခန်းတွင် နေထိုင်သော အသက် (၁၆) နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် အသက် (၄၀) နှစ်အရွယ် မိခင် ဖြစ်သူတို့ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ ညနေ (၃) နာရီ အချိန်ခန့်က အသတ်ခံရ မှုဖြစ်ပွား ခဲ့ကြောင်း ရေဦး မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက The Messenger သတင်းစာ သို့ ပြောသည်။

အဆိုပါ သားအမိ နှစ်ဦးမှာ ချောင်းဖြူ စခန်းမှ နေ့စဉ် ရေသွားခပ် နေကျ ဖြစ်သည့် သံ ချောင်း အစပ်တွင် လည်ပင်းတွင် ဒဏ်ရာ အသီးသီး ရရှိ၍ သေဆုံး နေခြင်း ဖြစ်ကြောင်း ပထမ သတင်းပေးချက် အရ သိရသည်။ ဖေဖော် ၀ါရီလ (၂၆) ရက်နေ့ နေ့လယ် အချိန်ထိ ပတ်ဝန်းကျင် သက်သေ (၁၂) ဦး အားခေါ် ယူ စစ်ဆေး မှုများ ပြုလုပ် နေကြောင်း ရေဦးမြို့ နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းဖြစ်စဉ် အားရေဦးမြို့မ ရဲစခန်းမှ (ပ) ၂၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ- ၃၀၂ ဖြင့် အမှု ဖွင့်ထားပြီး လူသတ် တရားခံ အား ဖမ်းဆီး ရမိ ရန် စုံစမ်း စစ်ဆေး လျက်ရှိကြောင်း ရေဦးမြို့မ ရဲစခန်းမှ သိရသည်။
The Messenger

No comments:

Post a Comment