မကွေးတိုင်းဒေသကြီး၊မကွေး
ခရိုင်တရားသူကြီးရုံးကဇနီးဖြစ်သူ ကို ဓားဖြင့် ထိုးသတ်သူ ကျော် သန်းကို
လူသတ်မှုဖြင့် အလုပ်နဲ့ ထောင်ဒဏ် (၁၀)နှစ်ကျခံစေရန် (၂၀-၂-၂၀၁၄) ရက်နေ့က
အမိန့် ချမှတ်လိုက်ပြီဖြစ်ကြောင်းသတင်း ရရှိသည်။
ဖြစ်စဉ်မှာ
(၃-၇-၂၀၁၃) ရက် ည(၇း၃၀)အချိန်ခန့်က ရွှေ အိုး(၁)ရပ်ကွက်၊ အပိုင်း (၃) နေ
ရာအိမ်မှူး ဦးတင်ဝင်းသည် နေ အိမ်တွင်ရှိနေစဉ် ဦးလေးတစ်ဝမ်း
ကွဲတော်စပ်သူဦးအောင်စိုးရောက် ရှိလာပြီး ၄င်း၏သမီး မအေးအေး သင်းကို
ခင်ပွန်းဖြစ်သူကျော်သန်း မှ ဓားဖြင့်ထိုး၍ တောင်တွင်းကြီး
ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ နေကြောင်း ပြောပြသိရှိရသဖြင့် ဆေးရုံသို့
လိုက်သွားခဲ့ရာ မအေး အေးသင်း၏ ယာနို့အုံဘေး၊ ယာ နံဘေး၊ နောက်ကျောယာဘက်
ခြမ်း၊ နဖူးယာဘက် ခြမ်းတို့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေ သည်ကို
တွေ့ရှိရသည်ဆို၏။ အဆိုပါ အချင်းမဖြစ်ပွားမီ ထိုနေ့ ည (၇း၀၀) အချိန်ခန့်က
ကျော် သန်းမှာ ဇနီးဖြစ်သူ မအေးအေး သင်းကို မိဘများနှင့်အတူ မနေ ဘဲ
အိမ်ခွဲနေရန် ပြောကြားရာမှ လင်မယားချင်း စကားများပြီး ကျော်သန်းက
ဇနီးဖြစ်သူ မအေး အေးသင်းကို ဓားဖြင့် ထိုးသတ် ခဲ့ကြောင်း မအေးအေးသင်း၏
ဖခင်ဦးအောင်စိုး၊ မိခင်ဒေါ်ကြင် နှင့် မောင်ဖြစ်သူ သန်းထွန်း အောင်တို့၏
ပြောပြချက်အရ သိရသည်ဆို၏။ ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍
ညီမတစ်ဝမ်းကွဲတော်စပ်သူ မအေးအေးသင်းကို ဓားဖြင့်ထိုး သတ်သူ ကျော်သန်း
(၃၅)နှစ်၊ (ဘ)ဦးထွန်းကြည် ရွှေအိုး (၁) ရပ် ကွက် တောင်တွင်းကြီးမြို့နေသူ
ကို ဥပဒေနှင့်အညီ အရေးယူပေး ပါရန် ရာအိမ်မှူး ဦးတင်ဝင်းက
တရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၁၃၄/၂၀၁၃
ပြစ်မှုပုဒ်မ ၃၀၂ အရ ထိုနေ့ည (၈း၁၅)အချိန် အမှု ဖွင့်အရေးယူထားပြီး၊ အမှုစစ်
ဒုရဲမှူး တင်မောင်ဆွေက အမှုကို ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ
ခိုင်မာစွာတည်ဆောက်၍ မကွေး ခရိုင်တရားရုံးသို့ ရဲစွဲချက်အမှတ် ၁၃၈/၂၀၁၃
ဖြင့် ၃၀-၇-၂၀၁၃ ရက်က တရားစွဲတင်ပို့ခဲ့ရာ ခရိုင် တရားရုံးက
ပြစ်မှုကြီးအမှတ် ၁၉/၂၀၁၃ ဖြင့် လက်ခံကြားနာ စစ်ဆေးခဲ့ပြီး
ပြစ်မှုထင်ရှားသဖြင့် တရားခံ ကျော်သန်းကို ခရိုင် တရားရုံးက ပြစ်မှုပုဒ်မ ၃၀၂
(၂) အရ အလုပ်နှင့် ထောင်ဒဏ်(၁၀) နှစ်ကျခံစေရန် (၂၀-၂-၂၀၁၄) ရက်တွင်
အမိန့်ချမှတ်လိုက်ပြီဖြစ် ကြောင်း သတင်းရရှိသည်။
By Hot News
No comments:
Post a Comment