22 March 2014

မြောက်ကိုရီးယားခေါင်းဆောင်မှာ အမွှာညီအစ်ကို ရှိသလား


မြောက်ကိုရီးယားခေါင်းဆောင်မှာ အမွှာညီအစ်ကို ရှိသလား မေးရင် အထက်ပါ ဓာတ်ပုံအရ ရှိတယ်လို့ ဖြေရဖွယ် ရှိနေပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရုပ်ချင်း အင်မတန် ဆင်တူသူတယောက် တရုတ်ပြည်မှာ ရှိနေပါတယ်။ သူ့နာမည်ကတော့ Manchu Tuan ဖြစ်ပြီး လမ်းဘေးမှာ ဈေးရောင်းနေတာပါ။
-
- Liaoning ပြည်နယ်ထဲက Shenyang မြို့ကြီးမှာပါ။

ဖြတ်သွားဖြတ်လာတွေက သူ့ကို ဓာတ်ပုံတွေ ရိုက်ကြ၊ သူနဲ့အတူ တွဲရိုက်ကြပါတယ်။

သူက ကိုရီးယားနွယ်ဖွားလား၊ မြောက်ခေါင်းဆောင်နဲ့ ဘယ်လောက်အထိ အမျိုးတော်သလဲ၊ မတော်တဆ ရုပ်ချင်းဆင်နေတာလား။

အိန္ဒိယသမုဒ္ဒရာ တောင်ဘက်တွင် အပျက်အစီးအပိုင်းအစကြီး တစ်ခုကို တရုတ်ဂြိုဟ်တုက တွေ့ရှိခဲ့ပြီးနောက် မလေးရှားလေယာဉ် ပျောက်ရှာဖွေမှု မျှော်လင့်ချက် မြင့်တက်လာ

ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်းလေယာဉ်နှင့် ဆက်နွှယ်နေဖွယ်ရှိသော အပျက်အစီးအပိုင်းအစမျောကြီး တစ်ခုကို ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံအား တရုတ်က မတ် ၂၂ ရက်တွင် ထုတ်ပြန်ပေးခဲ့ပြီးနောက် လေယာဉ်ပျောက်ရှာဖွေရေးအတွက် မျှော်လင့်ချက် မြင့်တက်လာခဲ့သည်။

တရုတ်သိပ္ပံနည်းပညာ စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ခဲ့သော မတ် ၁၈ ရက်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံ၌ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် အလျားအနံ ၇၄ ပေ ၄၃ ပေရှိသော အပျက်အစီး အပိုင်းအစကြီးတစ်ခုကို တွေ့မြင်ခဲ့ရသည်။ သြစတြေးလျက မတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သော ဂြိုဟ်တု ဓာတ်ပုံတွင်းမှ နေရာနှင့် ၇၅ မိုင်ခန့် ကွာဝေးသောနေရာတွင် ယင်းအပျက်အစီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးပေါ် နည်းပညာများ တပ်ဆင်ထားသော ရေငုပ်သင်္ဘော ဖျက်လေယာဉ် Orion လေးစင်း အပါအ၀င် လေယာဉ် ခြောက်စင်းသည် သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှ အနောက်တောင်ဘက် မိုင် ၁၅၀၀ ခန့် ဝေးသောနေရာတွင် အပျက်အစီးအပိုင်းအစကို သုံးရက်ဆက် ရှာဖွေခဲ့ပြီး မည်သည့် အပိုင်းအစမျှ မတွေ့ရှိခဲ့ပေ။

အမြတ်ဆုံး ဒါန

           


အနာဂတ်ဘ၀အပေါ်၌ တွယ်တာတပ်မက်မှု အနာဂတ်ဘ၀အပေါ်၌ လိုလား
တောင့်တမှု၏ ထင်ရှားမရှိသောကြောင့် ဤအလှူဒါနမျိုးကို အသာဆုံး အ
မြတ်ဆုံး ဒါနဟု ဟောကြားတော်မူခြင်း ဖြစ်၏။

ဆိုလိုသည်မှာ ဤအရာ၌ ရာဂကင်းပြီးသူဟူသည် ကာမဘုံ၌ တွယ်တာတပ်
မက်တတ်သည့် ကာမရာဂကင်းပြီးသူ အနာဂါမ်ပုဂ္ဂိုလ်လည်း ဖြစ်နိုင်၏။ ရဟန္တာ
အရှင်မြတ်လည်း ဖြစ်နိုင်၏။

ရဟန္တာအရှင်မြတ်သည်ကား ရာဂအားလုံး စင်စစ်ကင်းပြီးသူသာ ဖြစ်၏။ ရဟန္တာ
အရှင်မြတ်က ရဟန္တာအရှင်မြတ်အား လှူဒါန်းသည့် အလှူဒါနသည်သာလျှင်
အသာဆုံး အမြတ်ဆုံး ဒါနဖြစ်၏။

ရဟန္တာအရှင်မြတ်တို့ ပြုစုပျိုးထောင်အပ်သော ကံဟူသမျှသည် ဘ၀ဟူသမျှ
တို့၌ လိုလားတပ်မက်မှု ဆန္ဒရာဂကင်းပြီးနေသည့်အတွက်ကြောင့် ကုသိုလ်
လည်းမဖြစ်၊ အကုသိုလ်လည်း မဖြစ်ပေ။ ပြုကာမတ္တ ကိရိယာအရာ၌သာ တည်

ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် စွန့်လွှတ်ရမယ့်အရာ (၁၀)ခု

       
၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘ၀ကို ထိန်းချုပ်ခွင့်ပြုခြင်း

အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။

၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း

သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။
အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။

၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း

သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။
သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင် ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။

ဖွဲ့စည်းပုံပြင်နိုင်ရေး တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီကြရန် ပြည်သူလူထုကို NLD တိုက်တွန်း

                                                        မတ်လ ၂၂ရက်က မိုးကုတ်မြို့ အောင်နန်းအားကစားကွင်းတွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) 
                                                          ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲကို လာရောက်အားပေးသည့် ပရိတ်သတ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-
                                                                                                          ဥာဏ်လှိုင်လင်း)

မိုးကုတ်၊ မဇ္ဈိမ။             ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် လျော်ညီသည့် ဒီမိုကရေစီစံနှုန်းများဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရေး ကြိုးပမ်းကြရာတွင် ပြည်သူလူထုအနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ကြပါရန် မတ် ၂၂ ရက်က မိုးကုတ်မြို့ အောင်နန်းအားကစားကွင်းတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များက တိုက်တွန်းပြောကြားလိုက်သည်။

“ပြည်သူတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးချင်လို့ရှိရင် ကိုယ့်တာဝန်ကိုယ်ယူရပါလိမ့်မယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၂ဝဝ၈ အခြေခံဥပဒေတွင် ရှေ့နောက်မညီသော ပြဋ္ဌာန်းချက်များ၊ ပြည်သူတို့အတွက် အကျိုးဖြစ်ထွန်းမှုမရှိသည့် ပြဋ္ဌာန်းချက်များ၊ ဒီမိုကရေစီစံနှုန်းများနှင့် မညီညွတ်မှုများကို  ပြင်ဆင်ရေးဆောင်ရွက်နိုင်မှု အခြေအနေများကို အန်အယ်လ်ဒီခေါင်းဆောင်များက မိုးကုတ်မြို့တွင် ရှင်းလင်းပြောကြားကြသည်။

တပ်မတော်က ကာကွယ်စောင့်ရှောက်နေသည့် ၂ဝဝ၈ အခြေခံဥပဒေသည် ပြည်သူ့အကျိုး အမှန်ဖြစ်ထွန်းပါရဲ့လားဟု ဒေါ်အောင်ဆန်းစုကြည်မေးခွန်းထုတ်

                                                            တပ်မတော်က ကာကွယ်စောင့်ရှောက်ပါသည်ဆိုသော ၂ဝဝ၈ ဖွဲ့စည်းပုံသည် နိုင်ငံသူနိုင်ငံသားအားလုံး၏ အကျိုးကို 
                                                             အမှန်တစ်ကယ်ဖြစ်ထွန်းစေသည့် ဥပဒေတစ်ခု ဟုတ်ပါရဲ့လားဟု မိုးကုတ်မြို့ အောင်နန်းအားကစားကွင်းတွင်  
                                                             မတ်၂၂ရက်က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ် (ဓါတ်ပုံ - ဥာဏ်လှိုင်လင်း)

 မိုးကုတ်၊ မဇ္ဈိမ။            ။ တပ်မတော်က ကာကွယ်စောင့်ရှောက်ပါသည်ဆိုသော ၂ဝဝ၈ ဖွဲ့စည်းပုံသည် နိုင်ငံသူနိုင်ငံသားအားလုံး၏ အကျိုးကို အမှန်တစ်ကယ်ဖြစ်ထွန်းစေသည့် ဥပဒေတစ်ခု ဟုတ်ပါရဲ့လားဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မေးခွန်းထုတ်လိုက်သည်။

မိုးကုတ်မြို့ အောင်နန်းအားကစားကွင်းတွင် မတ်၂၂ရက်က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် “အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ နိုင်ငံသူနိုင်ငံသားအားလုံးကိုအကျိုးပြုရာရောက်မှ ကာကွယ် တာမျိုးဖြစ်ရတယ်၊ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဟာ တစ်ကယ်ပဲ နိုင်ငံသူနိုင်ငံသားတွေအကျိုးဖြစ်ဖို့လိုတယ် ဆိုတာလည်း သဘောပေါက်ဖို့ လိုပါတယ်၊ နိုင်ငံသူနိုင်ငံသားတွေကို အကျိုးမပြုတဲ့ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ ပြည်သူတွေရဲ့ အကျိုးကို ထိပါးရာရောက်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပင်လယ်နက်ဆိပ်ကမ်းရှိ ယူကရိန်းလေတပ်စခန်း ရုရှားတပ်တွေဝိုင်းထားပြီ

                                                        ခရိုင်းမီးယားက ယူကရိန်းစစ်အခြေစိုက်စခန်းရှိရာကို ဝင်လာတဲ့ ရုရှားစစ်သည်တွေကို ဖြတ်ပြီး လမ်းလျှောက်လာတဲ့ 
                                                                                                             ယူကရိန်းစစ်သားတစ်ဦး။

 Sevastopol မြို့နားမှာရှိတဲ့  Belbek လေတပ်စခန်းမှာ ယူကရိန်းတပ်တွေကို ရုရှားတပ်တွေက ပိတ်ဆို့ ဝိုင်းထားပါတယ်။ ဒီကနေ့ ကြိုတင်အကြောင်းမကြားဘဲ ရုရှားတပ်တွေ ရောက်ရှိလာပြီး ဝိုင်းထားတာဖြစ်ပါတယ်။

ဘာအတွက်ခုလို စခန်းကို လာဝိုင်းသလဲ ဆိုတာ ပြောချင်းမရှိပေမဲ့ သတင်း ကင်မရာတခုကို သိမ်းဆည်းခဲ့ပြီး သတင်းထောက်တွေကို ထွက်သွားဖို့ ပြောခဲ့ပါတယ်။ Belbek စခန်းက ယူကရိန်းတပ်မှူးကြီးကို Reuters သတင်းဌာနက ဆက်သွယ်ခဲ့တာမှာ ရုရှားတပ်တွေက ယူကရိန်းတပ်တွေကို လက်နက်ချဖို့ ရာဇသံပေးထားတယ်လို့ ပြောပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး မိုးကုတ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြော

Photo: အခြေခံဥပဒေ ပြင်ဆင်ရေး မိုးကုတ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြော
Saturday, March 22, 2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ နိုင်ငံနဲ့ပြည်သူကို အကျိုးပြုတဲ့ အပိုင်းတွေ ပါသလို အကျိုးမပြုတဲ့ အပိုင်း တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့မိုးကုတ်မြို့လူထုနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

မိုးကုတ်မြို့ မြို့နယ်အားကစားဘောလုံးကွင်းမှာ ပရိတ်သတ် ၄ သောင်းနီးပါး တက်ရောက်တဲ့ လူထု ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုရာမှာ တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိုးမပြုတဲ့ အပိုင်းတွေကို ပြင်ဆင်ရမှာ ဖြစ်တဲ့အကြောင်း အခုလို ထည့်သွင်းပြောခဲ့တာပါ။

" ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဘယ်လိုပုံစံနဲ့ ပြည်သူလူထုကို အကျိုးပြုပါသလဲဆိုတဲ့ မေးခွန်းကို ဖြေနိုင်ရမယ်၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်သူကို အကျိုးပြုတဲ့ အပိုင်းတွေ ပါပါတယ်၊ ဒါတွေကို ကျွန်မတို့ ဘာမှမပြောလိုပါဘူး၊ ဒါကြောင့်မို့ ပြုပြင်ပြောင်းလဲတဲ့နေရာမှာ ပြည်သူတွေကို အကျိုးမပြုတဲ့ အပိုင်းတွေကို နိုင်ငံကို အကျိုးမပြုတဲ့ အပိုင်းတွေကို ပြုပြင်ပြောင်းလဲရမယ်"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးမှုရှိရေးဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးကြောင်းလည်း အခုလို ထည့်သွင်းပြောခဲ့ပါတယ်။

" တရားဥပဒေ စိုးမိုးရေးဆိုတာဘာလည်း နားလည်ကြပါ၊ တရားဥပဒေစိုးမိုးရေးဆိုတာဟာ ပြည်သူလူထု အားလုံးအတွက် ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်း တည်ငြိမ်ဖို့အတွက် ဖြစ်ပါတယ်၊ ကျွန်မတို့နိုင်ငံမှာဆိုရင် ပြည်သူ၊ ပြည်သားများဟာ ဆယ်စုနှစ်တွေနဲ့ ချီပြီးတော့၊ တကယ်ပြောရမယ်ဆိုရင် ကျွန်မတို့ နိုင်ငံ စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတာ နှစ်ငါးဆယ် နီးပါးပဲ"

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တစ်ဦးချင်းက တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းကူညီကြဖို့ တာဝန်ရှိကြောင်း၊ ဘယ်လိုအချက်တွေကို ပြင်ဆင်သင့်သလဲဆိုတာ အားလုံးကလေ့လာဖို့ တာဝန်ရှိကြောင်းနဲ့မိမိတို့ ပြောသမျှတွေကို မျက်စိစုံမိတ်ပြီး သဘောတူပါလို့လည်း မတောင်းဆိုကြောင်းလည်း ပြောခဲ့ပါတယ်။

RFA Burmese
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံနဲ့ပြည်သူကို အကျိုးပြုတဲ့ အပိုင်းတွေ ပါသလို အကျိုး မပြုတဲ့ အပိုင်း တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့မိုးကုတ်မြို့လူထုနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

မိုးကုတ်မြို့ မြို့နယ်အားကစားဘောလုံးကွင်းမှာ ပရိတ်သတ် ၄ သောင်းနီးပါး တက်ရောက်တဲ့ လူထု ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုရာမှာ တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိုးမပြုတဲ့ အပိုင်းတွေကို ပြင်ဆင်ရမှာ ဖြစ်တဲ့အကြောင်း အခုလို ထည့် သွင်းပြောခဲ့တာပါ။
" ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဘယ်လိုပုံစံနဲ့ ပြည်သူလူထုကို အကျိုးပြုပါသလဲဆိုတဲ့ မေးခွန်း ကို ဖြေနိုင်ရမယ်၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်သူကို အကျိုးပြုတဲ့ အပိုင်းတွေ ပါပါတယ်၊

မလေးရှားလေယာဉ်ကိုရှာရင်း အိန္ဒိယ သမုဒ္ဒရာထဲ၌ အမျိုးအမည်မဖော်နိုင်သေးသော အရာဝတ္ထုကြီး တစ်ခု မျောနေသည်ကို တရုတ်ဂြိုဟ်တုတွေ့

ပျောက်ဆုံးလျက်ရှိနေသော MH370 လေယာဉ်ကို ရှာဖွေမှုများ ပြုလုပ်နေစဉ် တရုတ်ဆက် သွယ်ရေး ဂြိုဟ်တုများက တစ်စုံတစ်ခု၏ ကြီးမားသော အကျိုးအပဲ့ အပျက်အစီး တစ်ခု အိန္ဒိယသမုဒ္ဒရာထဲတွင် မျောနေခဲ့သည်ကို တွေ့ရှိထားကြောင်း တရုတ် အာဏာပိုင်များက ဆိုခဲ့ သည်ဟု မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက စနေနေ့တွင် ပြောကြားခဲ့သည်။

၃ဝ မီတာခန့် ရှည်ကာ ၂၂ မီတာခန့် ကျယ်ဝန်းသော အမျိုးအမည် မဖော်နိုင်သေးသည့် အရာ ဝတ္ထု တစ်ခု အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ရှိနေခဲ့သည်ကို တရုတ်ဆက်သွယ်ရေး ဂြိုဟ်တု များက အာရုံခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Hishammuddin Husseinက ပြောကြားခဲ့သည်။ အိန္ဒိယသမုဒ္ဒရာမှာ အဓိက ရှာဖွေမှုများ ပြုလုပ်နေသော နေရာ တစ်ခုလည်း ဖြစ်သည်။

J Naw, 1st Runner Up of Miss Kachin State Day

Beautiful Kachin Girl J Naw's Lovely Casual Fashion

((( မွတ်ဆလင်ရှိတဲ့နေရာတိုင်းမှာ ပြဿနာဆိုတာ ရှိနေတယ် ၊ နယ်မြေလုမယ် ၊ နိုင်ငံသားတွေကို အကြမ်းဖက်မယ် )))

သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရှမ်းတိုင်းရင်းသားများ ဒီ
မိုကရက်တစ်ပါတီ ဦးရဲထွန်းမှ မျိုးစောင့်ဥပဒေတော်ပြဌာန်းရေးနဲ့မြန်မာနိုင်ငံတွင်
အစ္စလာမ်လွှမ်းမိုးနေမှုအပေါ် ထင်မြင်ချက်များကို တင်ပြသွားပါတယ် ။
ဦးရဲထွန်းက "" သမိုင်းကြောင်းအနေအထားအရကြည့်ရင် ကျွန်တော်တို့ရဲ့
နိုင်ငံဟာ လက်ရှိမှာ အစ္စလာမ်လွှမ်းမိုးမှုဒါဏ်ကို ခံနေရတဲ့ ရှေ့တန်းနိုင်ငံလို့ပြော
လို့ရပါတယ် ။ မူလက အာဖဂန်နစ္စတန်မှာ ဗုဒ္ဓဘာသာဟာ နေလို လလို ထွန်းကာ
းခဲ့ပါတယ် ။ ယခု ဗုဒ္ဓဘာသာကို ရှာမတွေ့လောက်အောင်ဖြစ်သွားပြီ ။ အိန္ဒိယ
ကိုလည်း တစ်ပိုင်းတစ ဝါးမျိုထားပြီ ။သီရိလင်္ကာလည်း အစ္စလာမ်ပြဿနာနဲ့
ရတက်မအေး ဖြစ်နေဆဲပါ ။နောက်တစ်ချက်က မွတ်ဆလင်ရှိ

အလုပ်လုပ်ချင်သူများ ကိုယ်က အလုပ်မရှာဘဲ အလုပ်က ကိုယ့်ကို ရှာစေဖို့ နည်းလမ်း

fine job

ရိုးရာလေးက သူငယ်ချင်းတို့ အလုပ်တွေ ရှာနေရတာ မပင်ပန်းဘူးလား။ အလုပ်က ကိုယ့်ကို ရှာစေမယ့် နည်းလမ်း ရှိပါတယ်။ အဲ့ဒါ တကယ်ပါ။ လက်တွေ့ သိရှိ အသုံးပြုနေတဲ့ နည်းလမ်း ဖြစ်ပါ တယ်။ အဲ့ဒါကို ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

www.linkedin.com မှာ အကောင့်ဖွင့်ပါ

ယနေ့ စီးပွားရေး လုပ်ငန်းရှင်များက လုပ်သားကို Linkedin ကနေ ရှာကြပါတယ်။ ( မြန်မာပြည် ရောက်ရှိလာတဲ့နိုင်ငံတကာ ကုမ္မဏီကြီး အတော်များများဟာ လုပ်သားကောင်း ရရှိဖို့အတွက် Linkedin ကနေ လူရှာ ပါတယ်။ ကျနော်တို့ work.com.mm ကိုယ်တိုင်ကလည်း Linkedin ကနေ Perfect ဖြစ်တဲ့ Profile account holder များကို ရှာဖွေ အင်တာဗျူးခေါ်ယူ ခန့်အပ် ပါတယ်။ ဒါ့အပြင် မြန်မာပြည်က အကြီးဆုံး ဖြစ်ပါတယ် ဆိုတဲ့ ကုမ္မဏီကြီးတွေလည်း Premium account ဝယ်ပြီးတော့ ပြည်တွင်းလုပ် သား ရှာနေတာ မျက်မြင်ကိုယ်တွေ့ တွေ့လိုက် ရ ပါတယ်။ ဖုန်းနံပါတ်နဲ့ ဆက်သွယ်ရန် အီးမေးလ်တို့ကို သေချာ ရေးထားရင် သင့်ကို ဆက်သွယ် လာပါ လိ့မ်မယ်။

ဒီမိုကရေစီရဲ့ စံနှုန်းစံထားနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ ပြုပြင်ရန်လိုဟု ဒေါ်စု ပြော


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ပဲနဲ့ နိုင်ငံဟာ ဒီမိုကရေစီကို သွားနေတယ်လို့ ပြောရင် ပြောတဲ့သူတွေဟာ ပြည်သူလူထုကို လှည့်စားနေတာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

မတ်လ ၂၂ ရက်က မန္တလေးတိုင်း မိုးကုတ်မြို့ အောင်နန်းဘောလုံးကွင်းမှာ ကျင်းပပြုလုပ်တဲ့ အခြေခံဥပဒေပြင်ရေး လူထုဆန္ဒရယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီရဲ့ စံနှုန်းစံထားနဲ့ မကိုက်ညီတဲ့ အပိုင်းတွေကို ကျမတို့ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ အဲဒီလို မပြုပြင် မပြောင်းလဲလို့ရှိရင် ဒီလို မပြုပြင်ပဲနဲ့ မပြုပြင်ချင်ပဲနဲ့ နိုင်ငံဟာ ဒီမိုကရေစီလမ်းကို လျှောက်နေပါတယ်လို့ ပြောတဲ့သူတွေဟာ ပြည်သူလူထုကို လှည့်ဖြားနေတာပဲလို့ ကျမ ဒီလိုပဲ ပြောချင်ပါတယ်။”

လိင်အပျော် ခရီးသွားလုပ်ငန်းကျိန်စာ


မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းဟာ တရားမ၀င်ပါဘူး။ ပြည့်တန်ဆာ အိမ်တစ်အိမ်ကို ၀င်ဖမ်းတဲ့ အခါ ပြည့်တန်ဆာ တွေသာ အဖမ်းခံရပြီး လိင်ဆက်ဆံသူကတော့ အဖမ်းမခံရပါဘူး။ ရံဖန်ရံခါ အိမ်ပိုင်ရှင်တောင် အဖမ်းမခံရတဲ့ ဖြစ်ရပ်မျိုးတွေလည်း ရှိပါတယ်။ လိင်အလုပ်သမတွေဟာ ရဲတွေရဲ့လက်မှာ မတရားပြုမှုတွေကို ခံရလေ့ ရှိတတ်ပါတယ် . . .

 ရန်ကုန်မြို့ရဲ့ အထင်ကရ ဘီယာဆိုင်ကြီး တစ်ဆိုင်ဟာ ညနေခင်းတစ်ခုမှာ အသက်ဝင် လှုပ်ရှားနေတယ်။ မလုံ့ တလုံ အ၀တ်အစားတွေ ၀တ်လာတဲ့ မိန်းမပျို နှစ်ဒါဇင်လောက်ဟာ စင်ပေါ်မှာ စီတန်းပြီး ဆံပင်တွေ ဝှေ့ယမ်း လို့ ပြင်းပြင်းရှရှ ပေါ့ပ်သီချင်း တစ်ပုဒ်ရဲ့ တေးသွားနဲ့ အတူ စည်းချက်ညီ ကနေကြတယ်။ နိုင်ငံခြားသား အနည်း ငယ်နဲ့ မြန်မာအမျိုးသား အများစုကတော့ စင်အောက်က ၀ိုင်းတွေမှာ Tiger ဘီယာကို မြုံ့ရင်း စင်ပေါ်က မြင်ကွင်းကို အမြည်းလုပ်နေ ကြတယ်။ တချို့က လက်ကိုင်ဖုန်းတွေနဲ့ စင်ပေါ်ကို ဗီဒီယိုလှမ်းရိုက်လို့။

NLD နဲ့ ကြံ့ခိုင်ရေး တိုင်းရင်းသားဒေသအားလုံးမှာ ယှဉ်ပြိုင်မည်


၂၀၁၀ ရွေးကောက်ပွဲ။

ဒီနှစ်အတွင်း ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွက် အားစမ်းမှုတခု ဖြစ်နိုင်တယ်လို့ အများက သုံးသပ်ကြပေမယ့် တိုင်းရင်းသားပါတီတချို့ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပိုပြီး အားကောင်းစေတယ်လို့ သုံးသပ်ကြပါတယ်။ အင်အားအကြီးဆုံး အတိုက်အခံ ပါတီဖြစ်တဲ့ NLD ကလည်း တိုင်းရင်းသားဒေသတွေမှာပါ သူတို့အနေနဲ့ အနိုင်ရနိုင်ခြေရှိကြောင်း ပြောပါတယ်။ အပြည့်အစုံကိုတော့ မအင်ကြင်းနိုင်က တင်ပြပေးပါမယ်။

၂၀၁၄ခုနှစ်နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ် တယ်လို့ ရွေးကောက်ပွဲကော်မရှင်က မနေ့ကကြေညာ ပြီးတဲ့နောက်ပိုင်းမှာ လစ်လပ်တဲ့ ကိုယ်စားလှယ်နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ပါတီတချို့က ကြေညာခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မှာတော့ လစ်လပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ် (၃)နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာအေးမောင်က ဗွီအိုအေကိုပြောပါတယ်။ ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ပိုပြီး အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။

စစ်တွေနှင့် မောင်တောကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထည့်ရန် ရေးသားမှု မြန်မာအစိုးရ ပြင်းပြင်းထန်ထန် ကန့်ကွက်


ရန်ကုန်၊ မတ် ၂၁

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများကို လူထုဆန္ဒ ခံယူ၍ ခွဲထုတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲ ထည့်သွင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် Dahaka Tribune သတင်းဌာန၏ ရေးသား ဖော်ပြချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှုလုပ်ရန် လိုပြီလား” အမည်အရ အဆိုပါ ဆောင်းပါးသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်စေခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စေခြင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး မတည်ငြိမ်မှု ဖြစ်အောင် သွေးထိုး လှုံ့ဆော်ရာ ရောက်စေခြင်းတို့ကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ခေါ်ယူ၍ အဆိုပါ ရေးသားချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောဆိုမည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ မြန်မာ သံအမတ်ကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို ယင်းကိစ္စနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု ပြောဆိုမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။