01 April 2014

သဘင်သမားတွေ Marketing မှားနေတယ်လို့ အကြံပြုလာတဲ့ သဘင်မင်းသားကြီး ဦးမိုးမင်း

“သဘင်သမားတွေ Marketing  မှားနေပါတယ်။ ကြာခဲ့ပြီ Marketing မှားနေခဲ့တယ်။ လူမရှိတဲ့ အချိန်မှာ ပွဲကနေတာ တော်တော် များနေတယ်။ ပွဲခင်း တစ်ခင်းကို ကြည့် လိုက်ပါ။ ၇နာရီကနေ ၉နာရီက လူအစည်ဆုံး အချိန်ပါ။ ကျွန်တော်တို့ရဲ့ customer က လူသားတွေဖြစ်ပါ တယ်။ ဒါကြောင့် လူတွေရှိတဲ့အချိန် မှာ ကျွန်တော်တို့ အလုပ် လုပ်ရမှာပါ။ အဲဒီတော့ ဘာအကြောင်းပြ၊ ညာ အကြောင်းပြနဲ့ ပွဲခင်းကို လူတွေ ပိုများလာအောင် စောင့်ရင်း၊ စောင့် ရင်းနဲ့ ပွဲခင်း နောက်ကျနေ ရပါတယ်။ လူတကယ် အများဆုံး အချိန်မှာ ပွဲခင်း ကို စနိုင်အောင် ကြိုးစားကြပါ။ တတ်နိုင်ရင် ၇ နာရီ ကနေ ၉နာရီ က လူအများဆုံး ဖြစ်တဲ့ အတွက် ၈နာရီ လောက်မှာ စနိုင်ဖို့ ကြိုးစား ကြပါ။ ၁ဝ နာရီလောက် မှ ပွဲထွက်ခြင်းက Marketing ပျက်ခြင်းပါပဲ။ ဒီ Marketing ကို ကမ္ဘာက လုံးဝလက်ခံ မှာ မဟုတ်ပါဘူး။


လူတွေ အားလုံး ပြန်တဲ့ အချိန်မှာ ပွဲ ကနေခြင်းက လုံးဝကို မှားယွင်းသော လုပ်ဆောင် မှု ဖြစ်နေတယ်လို့ မြင်ပါတယ်။ ပရိသတ်တွေက အနုပညာ သမားတွေ ကို ချစ်ပါတယ်။ ချစ်တော့ မိုးလင်း အထိ ကြည့်ပါတယ်။ နောက်နေ့ အလုပ် မလုပ်နိုင်တော့ဘူး။ သူတို့ရဲ့ ခွန်အားတွေ ကျရှုံးတယ်။ တိုင်းပြည် ရဲ့ ခွန်အားတွေ ကျရှုံးတယ်” လို့ အကြံ ပြုပြောကြားလာတဲ့ သူကတော့ သဘင် မင်းသားကြီး ဦးမိုးမင်းပဲ ဖြစ်ပါ တယ်။

ဒီနေ့ခေတ် ဇာတ်သဘင် လောကမှာ ရုပ်ဝတ္ထု ပစ္စည်းတွေ၊ မြန်မာမှု ပစ္စည်းတွေ၊ မြန်မာမှု အနု ပညာတွေ ကိုဖော်ကျူးမှုတွေ၊ ပရိသတ်အပေါ် အန်တာတိန်း မန့် ပြု လုပ်မှုတွေ မှာ တိုးတက်လာကြောင်း သဘင် မင်းသားကြီး ဦးမိုးမင်းက ပြောပြပါတယ်။
“ကျရှုံးလာတာ ကျတော့ ရိုးရာ ယဉ်ကျေးမှု လုပ်တယ် ဆိုတာက ဖျော် ဖြေရေး ရိုးရာ ယဉ်ကျေးမှုလေ။ တကယ်တမ်း ဆို၊ ငို၊ ပြော အတတ် ပညာ ကတော့ ခဲယဉ်းနေ ပါပြီ။ အဲဒါ ကိုလည်း ကြိုးစားနေပါတယ်။ သို့ သော်ဖြစ်နိုင်ခြေ တော်တော် လျော့ နေပြီလို့ တွေ့နေရတယ်။ ပညာရှင် တွေ တော်တော် နည်းပါးသွားတဲ့ အတွက်ကြောင့်ပါ။ ပညာရှင် နည်းပါး တယ်ဆိုတာက သူတို့ကြောင့် မဟုတ် ပါဘူး။ 

ပရိသတ် ကြောင့်ဖြစ်ပါတယ်။ အခြေအနေ က လက်မခံတော့တာပါ။ အခြေအနေ က လက်မခံတော့တာ ကို ဇွတ် အတင်း လုပ်ရတာ တအား ပင်ပန်းပါတယ်။ အနုပညာသမား က သူ့အနုပညာကို သိတယ်။ ဆို၊ ငို၊ ပြော မကျွမ်းကျင်တဲ့ သူက မကရဲဘူး။ မဆိုရဲဘူး။ မဆို ရဲတော့ မဆိုဘူး။ မဆိုတော့ မတတ်ဘူး။ မရမနေ လုပ်ရမယ်ဆိုတော့ မဟုတ်တာကြီး ကို ဆိုရတာ ရှက်လည်း ရှက်တယ်။ အောက်က လူကလည်း မဟုတ်ဘူး လို့ ပြော ဦးမယ်။ အဲဒီတော့ နောက် ဆုတ်ရင်း၊ ဆုတ်ရင်းနဲ့ ချောက်ထဲ ကျရတာပါ။ တကယ့် ဆို၊ ငို၊ ပြော၊ အတတ်ပညာ ကတော့ တဖြည်းဖြည်း နဲ့  နောက်ဆုတ်နေပါပြီ” လို့ ဇာတ် သဘင် ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှု နဲ့ ပတ်သက်ပြီး သဘင် မင်းသားကြီး မိုးမင်းက သူ့ရဲ့ အမြင်ကို ပြောပြ ပါတယ်။

လင်းအက္ခရာ/popularmyanmar

No comments:

Post a Comment