01 April 2014

ဟိန်းဝေယံ စိတ်ဝင်စား နေတဲ့ စီးပွားရေး လုပ်ငန်းများ

ဒါရိုက်တာ သားကြီး ရိုက်ကူးနေ တဲ့ “အနမ်းနီ” ဇာတ်ကားကို ဟိန်းဝေယံ က မိုးဟေကို နဲ့အတူ ပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားမှာ ဆိုက်ကိုဖြစ်နေ တဲ့ ကောင်လေး အဖြစ် သရုပ်ဆောင် ထားပါတယ်။
အနုပညာ အလုပ်တွေ နဲ့ ပတ် သက်ပြီး ဘယ်အလုပ်ကို မဆို အဓိ ကထားပြီးတော့ စေတနာ ပါပါနဲ့ လုပ်ဖြစ်ပြီး ကာရိုက်တာ မျိုးစုံကို လည်း အတတ်နိုင်ဆုံး ကြိုးစားပြီး ရိုက်ပြချင်တယ် လို့ ဟိန်းဝေယံက ဆို ပါတယ်။ “ကျွန်တော်လုပ်တဲ့ အနုပညာ လှုပ်ရှားမှုတိုင်းကို သေချာလေး အာရုံ ထည့်ပြီးတော့ ပရိသတ်တွေ အတွက် ကို စေတနာ ထား ပြီးတော့ ကြိုးစား ထားပါတယ်။ ဖန်စီ ပဲဖြစ်ဖြစ်၊ ဒရာ မာပဲဖြစ်ဖြစ် ကြိုးစားပြီး လုပ်တယ် လူငယ် တစ်ယောက် အနေနဲ့ လူငယ် ဖန်စီ ကားလေးတွေ အရိုက် များတဲ့ သဘောတော့ ရှိပါတယ်။ ဒါပေမဲ့ ကိုယ် သရုပ်ဆောင် တစ်ယောက်ဖြစ် တဲ့အပေါ် မှာတော့ ပရိသတ်တွေ အကြိုက်ကို လိုက်ပြီးတော့ အစုံတော့ ရိုက်သွားမှာပါ။ ကျွန်တော် က အနု ပညာ နဲ့ ပတ်သက်ပြီးတော့ ဘာပဲလုပ် လုပ်သေချာလေး စဉ်းစားပြီးတော့ စေတနာပါပါလေး လုပ်ဖြစ်တယ်” လို့ ဇာတ်ကား ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ဟိန်းဝေယံ က ဆိုပါတယ်။


အနုပညာ အလုပ်ကို အချိန် အတိုင်းအတာ ကန့်သတ်ထားတာ မျိုးမရှိဘဲ အနုပညာ အလုပ်အပြင် တခြား စီးပွားရေး အလုပ်တွေကို လည်း လုပ်ဖို့ စိတ်ကူးရှိတယ် လို့  ပြောလာတဲ့  ဟိန်းဝေယံက..
“အနုပညာ အလုပ်နဲ့ပတ် သက်ပြီးတော့ ကန့်သတ်ပြီး လုပ်တာ မျိုးတော့ မရှိပါဘူး။ ကျွန်တော့်ကို ပရိသတ်တွေ အားပေးနေ သရွေ့ လက်ခံနေ သရွေ့ ကျွန်တော်က ကြိုး စားပြီး လုပ်သွားမှာပါ။ ဒါကလည်း ခုချိန် အထိတော့ ကျွန်တော်စိတ်က ဒီလို မျိုးဖြစ်နေတယ်။ ဒါပေမဲ့လည်း ဘယ်အရာ ကိုမှ ကျွန်တော် စကားကို အကုန် မပြောပါဘူး။ တခြား စီးပွားရေး ကိုလည်း  လုပ်ဖို့စိတ် ကူးတော့ရှိတယ်။ သေချာ သွားရင်တော့ ပြောမှာပါ။ အနုပညာ စီးပွားရေး ကိုလည်း လုပ်ဖို့ရှိတယ်။ တခြား ဟိုတယ် ပိုင်း တွေ လည်း လုပ်ဖို့ စိတ် ကူးရှိတယ်။ ကျွန်တော်က လူငယ် ဆိုတော့ ကားနဲ့ ပတ်သက်ပြီးတော့ ဝါသနာ ပါတယ်။ ကားပစ္စည်း ဆိုင် တွေလည်းဖွင့်ဖို့ စိတ်ကူးရှိတယ်။ ဒါပေမဲ့ ဘာတွေ လုပ်ဖြစ်မလဲဆိုတာ တော့ သေချာ မသိသေးဘူး။ အခုချိန် မှာတော့ အနုပညာကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်နေတယ်။ အခွင့်အရေး ရရင် အချိန်ရ လို့ရှိရင်တော့ စီးပွားရေး အလုပ်ဘက် ကိုလည်း ကြိုးစားကြည့် ချင်ပါတယ်” လို့ဆိုပါတယ်။

လွင်လွင်ထွန်း၊/popularmyanmar
ဓာတ်ပုံ-မင်းမင်းထွန်း

No comments:

Post a Comment