01 April 2014

ပရိသတ်ရဲ့ အားပေးမှု ကိုအလကား မဖြစ်စေရဘူး လို့ဆိုလာတဲ့ ကောင်းပြည့်

ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက် ကူးနေတဲ့ “မချစ်တတ်သူတို့ အ ကြောင်း” ဇာတ်ကား ကိုကောင်းပြည့် က ဝတ်မှုံရွှေရည် နဲ့အတူ ပါဝင် သရုပ် ဆောင်နေ ပါတယ်။ ဒီဇာတ်ကား ထဲမှာကောင်းပြည့် က ဝတ်မှုံ ရွှေရည် နဲ့ မာနတွေ ထားပြီး လိုက်ပြိုင်တဲ့သူ အဖြစ် သရုပ်ဆောင် ထားပါတယ်။
အခု လိုမျိုး နေရာ တစ်ခု ရလာတာကလည်း ပရိသတ် ရဲ့အားပေးမှုကြောင့် ပါလို့ပြောတဲ့ ကောင်းပြည့်က “ကျွန် တော် ဇာတ်ကားတွေ ကိုတော့ ထုတ် လုပ်ရေး နဲ့ တိုင်ပင် ပြီး ရွေးဖြစ်တယ်။ ထွက်တဲ့ ဇာတ်ကားတွေ ကိုလည်း ပရိ သတ်က အထိုက် အလျောက်အား ပေးကြပါတယ်။ သူတို့အားပေးမှု ကြောင့် တဖြည်းဖြည်း နဲ့ ကျွန်တော် ဒီနေရာ ထိရောက်လာပြီးတော့ ရပ် တည် လာနိုင်ခဲ့တယ်။ ပရိသတ်ရဲ့ အားပေးမှုကို အလကား မဖြစ်စေ ရအောင်လို့ အရင်ကထက် ပိုကြိုးစား ပြီး ရိုက်ဖြစ်တယ်။ ဇာတ်ကို လည်း အတတ်နိုင်ဆုံး အကောင်းဆုံးဇာတ် လေးတွေကို ရိုက်ပေးချင်တယ်။ မြန် မာပြည်မှာ ကတော့
အများအား ဖြင့် ဇာတ် တစ်ဇာတ် နဲ့တစ်ဇာတ် ဆင်တာ လေးတွေတော့ ရှိတယ်။ ဒါပေမဲ့ လည်း ကျွန်တော် တို့နိုင်သလောက်နဲ့ အတတ်နိုင်ဆုံးတော့ ပရိသတ်တွေ အမြင် ဆန်းအောင်တော့ ကြိုးစားပြီး ရိုက်ကူးနေ ပါတယ်” လို့ပြောပါတယ်။

အနုပညာ လောကမှာရော၊ အ ပြင် လောကမှာပါ အားလုံးနဲ့ အဆင် ပြေအောင် ဆက်ဆံသလို အောင် မြင်မှုရဖို့ အတွက် ကိုလည်း အခု အချိန်ထိ ကြိုးစားနေ တုန်းပါ ပဲလို့ ဆိုလာတဲ့ ကောင်းပြည့် က “အဓိကကတော့ ကျွန် တော် ဒီအလုပ်မှာ ကြိုး စားပြီးတော့ လုပ်သွားမယ်။ ပြီးတော့ ပရိသတ် အားလုံးနဲ့ ဆက်ဆံရေး ပြေ လည်အောင် နေနိုင်တယ်။ ဒီလောက ထဲ မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ် ဖြစ်အားလုံး နဲ့အဆင်ပြေ အောင်နေသွားမှာပါ။ ကိုယ့်ကို မလိုလားတဲ့ သူတွေရှိ လည်း ကျွန်တော် ကသိသိ ကြီး နဲ့ပဲ အဆင်ပြေအောင်နေ သွား မှာပါ။ အောင်မြင်လာ တယ်လို့လည်း ကိုယ့် ကိုယ် ကိုယ် မခံယူထားပါဘူး။ ကြိုးစားနေတဲ့ အချိန်ပဲ ရှိပါသေး တယ်” လို့ ပြောပြ ခဲ့ပါတယ်။

လွင်လွင်ထွန်း/popularmyanmar

No comments:

Post a Comment