01 April 2014

အိမ်ထောင်ကျ ပြီးသွားရင်လည်း အလုပ်တွေ ပိုလုပ်သွားမှာပါ ဖြိုးငွေစိုး

 ဒါရိုက်တာဇေပါ ရိုက်ကူးနေတဲ့ “မစရင် မနေနိုင်တာ ကလွဲလို့” ဇာတ်ကားကို ဖြိုးငွေစိုးက မေကဗျာ နဲ့အတူ ရိုက် ကူးနေပါတယ်။ ဒီဇာတ်ကား ထဲမှာ ဖြိုးငွေစိုး က အစ အနောက် ခံရတဲ့သူ အဖြစ် သရုပ်ဆောင် ထားပါတယ်။ ဖြိုးငွေစိုးက ဇာတ်ကားတွေကို ဆက်တိုက် ရိုက်ကူးနေပြီး မင်္ဂလာဆောင်ရက် တဖြည်းဖြည်း နီးလာတဲ့ အတွက် လည်း အလုပ်လုပ် ရတာ နည်းနည်းတော့ စိုးရိမ် စိတ်ဖြစ်မိတယ် လို့ ပြောပါတယ်။
“ကျွန်တော့် မင်္ဂလာဆောင်လည်း တဖြည်း ဖြည်း နီးလာပြီဆိုတော့ အလုပ်ဘက်မှာ လုပ်ရ တာ နည်းနည်းတော့ ကသီတယ်။ စိတ်ကလည်း ရှုပ်ရ၊ အဓိကက ရာသီဥတု ကလည်း ပူတယ်။ နောက်ပြီး ကျွန်တော် တစ်ခု စိုးရိမ်တာက မင်္ဂလာ ကိစ္စတွေ လုပ်နေရင်းနဲ့ ကားရိုက်မှာ လည်း တစ်ခုခု ဖြစ်သွားမှာ စိုးရိမ် တယ်။ မင်္ဂလာဆောင်က တစ် ရက် ဆိုပေမယ့် ဒီဇာတ်ကား တွေကပြီး မှ ထွက်လာမှာဆို တော့ ဒီကားတွေ ထွက် လာတဲ့အခါ ကျရင် သူမင်္ဂ လာဆောင်ခါနီး က  ရိုက် ထားတယ်ဆိုတာ မရှိ ဘူးလေ။ 


မကောင်းရင် မကောင်းတာ ပဲဆိုတာ ပဲ သိကြမှာလေ။ အဲဒီ အတွက်ကိုပဲ စိတ်ပူ တယ်။ နည်းနည်းတော့ စိတ် ပင်ပန်းနေရတယ်။ အဲဒီတော့ မင်္ဂလာရက် နီးနေပေမယ့် လည်း အလုပ် ထဲကိုတော့ စိတ်ကို သေ ချာလေး ထည့်ပြီး အမှား အယွင်း နည်းအောင်တော့ အတတ်နိုင်ဆုံး ရိုက်ကူးနေပါတယ်” လို့ ပြောပါတယ်။
 မင်္ဂလာဆောင် ပြီးသွားရင် ပိုပြီး တည်ငြိမ်သွားပြီ။ ဇာတ်ကားတွေကို ပိုကောင်းအောင် ရိုက်ကူးနိုင်မယ် လို့ ယုံကြည်တယ်လို့ ဖြိုးငွေစိုးက ဆိုပါတယ်။ “ကျွန်တော်သိထား တာ တစ်ခုကတော့ မင်္ဂလာဆောင် ပြီး အိမ်ထောင်ကျ သွားရင် မိသားစု တစ်စုကို တည်ထောင်တဲ့ အချိန်မှာလုပ် တဲ့အလုပ်တွေက ပိုပြီး သပ်ရပ်တယ်။ ကျွန်တော်တို့ အတွက် ဆိုရင် ပိုကောင်းတယ်။ လူပျိုဘဝတုန်းက ဆိုရင် တစ်ကိုယ် ရေ တစ်ကာယ အလုပ်တွေက ပိုများတယ်။ အိမ်ထောင်ကျ ပြီးပြီဆိုတော့ အလုပ်က ပိုပြီး အရေးကြီး သွားတယ်။

 ပိုပြီး တည်ငြိမ်သွားတယ်လို့လည်း ခံစားရ တယ်။ အဲဒါကြောင့် အိမ်ထောင် ကျပြီး ရင်တော့ အလုပ် နဲ့ပတ်သက်ပြီး တခြား စိုးရိမ် စိတ်မျိုးတော့ မရှိပါဘူး။ ကျွန် တော် မင်္ဂလာဆောင်မယ့် ကိစ္စကို ပရိသတ်ကတောင် မြှောက်ပေး နေသေးတယ် ဆိုတော့ ကျွန်တော် မင်္ဂလာဆောင်ပြီး လည်းဆက် ပြီး အားပေးကြမှာပါ။ အိမ်ထောင်ကျ ပြီးသွားရင်လည်း ဒီ့ထက်မက အလုပ်တွေ ပိုပြီး လုပ်နိုင်မယ်။ ပိုပြီး သပ်ရပ်မယ် လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ ဇာတ်တွေကို ပိုကောင်းအောင် ကြိုးစား ရိုက် ကူးသွားမှာပါ”လို့ဆိုပါတယ်။

လွင်လွင်ထွန်း/popularmyanmar

No comments:

Post a Comment