04 March 2014

ဇာတ်သဘင်ရဲ့ စင်မြင့် နောက်ကွယ်က အကြောင်းတွေကို Documentary ရိုက်ဖို့ စီစဉ်နေတဲ့ ဟန်ဇာမိုးဝင်း

ဇာတ်အဖွဲ့တွေ ရဲ့က ပြဖျော်ဖြေမှုတွေ နောက်ကွယ် ကလှုပ်ရှား မှုတွေကို Documentary အနေနဲ့ ရိုက်ကူးသွားဖို့ ဆန္ဒ ရှိနေတယ်လို့ စံပြသဘင်က ဟန်ဇာမိုးဝင်း က ပြောပြ ပါတယ်။
“ဇာတ်သဘင်က ရှေ့မှာ ကနေတယ်။ နောက်ပိုင်းမှာ ဖြစ်ပျက်နေမှု ပုံစံ တွေကို ပရိသတ်တွေ သိအောင် တင်ပြချင်တယ်။ ကျွန်တော်တို့က ပွဲထွက်ဖို့ မိတ်ကပ် လိမ်းနေတာ။ ဆက်တင် ဆင်တဲ့သူတွေက ဆက်တင် ဆင်နေတယ်။ ပြီးရင် ပွဲတစ်ပွဲကပြီးတာနဲ့ ပစ္စည်းတွေကို ဘယ်လို ခက်ခက်ခဲခဲ ပြန်ဖြုတ်ရသ လဲ။ ဒီပစ္စည်းတွေကို ဘယ် လိုရွှေ့ကြ တယ်ပေါ့။ မနက်ကျရင် ဘယ်လို ထမင်းစားကြ လဲ။ ဇာတ်ထမင်းကို ဘယ်လိုပေးလဲ။ ရေချိုးဖို့ ဘယ်လို သွားကြ ရလဲဆိုတာ မျိုး တွေ ကို Documentary ပုံစံ ရိုက်ပြချင်တယ်။ ကျွန်တော်ပဲ ရိုက်မယ်။ အစ်မ တင်ဇာက စင်ရှေ့မှာ စကားပြောနေတဲ့ အချိန်မှာ ကျွန်တော်က စင်နောက်မှာ အဝတ်အစား လဲနေမယ်။ အဲဒီမှာကျွန်တော်က စကားပြောသွားမယ်။ ကျွန်တော် တို့အနေ နဲ့ အချိန်မီအောင် အဝတ်အစားကို ဘယ်လို ဝတ်ရတယ် ဆိုတာပေါ့။ ဇာတ်သဘင် ဆိုတာ မလွယ် ပါဘူး။
သူများတွေလို တစ်စုံတည်းနဲ့ ဆိုရတာမဟုတ်ဘူး ဆိုတာမျိုးကို ပရိသတ်တွေ သိအောင် စကားပါပြောပြီး ရိုက်ပြသွားမယ်။ ဒါကို ရိုက်ပြီးတဲ့အခါ Movie လိုင်း ကိုရောင်းလိုက်မယ်။ အဲ့ဒီအတွက် စီစဉ် နေတယ်။ ဥပမာဒီပွဲကနေ ဒီပွဲကို ကူးမယ်။ မိုင်ဘယ်လောက် ရှိတယ်။ တချို့ခရီးတွေက ခက်ခဲတယ်လေ။ ဒါတွေကို ဘယ်လို သွားရလဲ ဆိုတာမျိုးတွေကို ရိုက်ပြမယ်” လို့ ဇာတ်သဘင်နောက်က ဇာတ် အဖွဲ့သားတွေရဲ့လှုပ်ရှား ရုန်းကန်နေ ရမှု တွေကို Documentary အဖြစ် ရိုက်ပြ ချင်တဲ့ အကြောင်း ဟန်ဇာမိုးဝင်း ကပြောပြပါတယ်။ ဟန်ဇာမိုးဝင်းတို့ စံပြသဘင် ကဧပြီလမှာ ကျင်းပတော့မယ့် ပဲခူးဘုရားပွဲကြီး အတွက် လည်းကြိုတင်ပြင် ဆင်နေကြပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းအက္ခရာ/popularmyanmar

No comments:

Post a Comment