ထူးထူး/popularmyanmar
04 March 2014
ဥက္ကာဦးသာရဲ့ ညီမ ဖြစ်သူ ဖူးပွင့်သခင် ရဲ့အနုပညာ လျှောက်လမ်း
အနုပညာကို ငယ်စဉ်ကတည်းက အိပ်မက်မက်
လာခဲ့ပြီး အကောင်အထည် ဖော်ရန် အတွက် မွေးရပ် မြေကို စွန့်ကာ
ရန်ကုန်မြို့သို့တက် လာခဲ့တယ် လို့ ပြော ပြသူ ကတော့ ဥက္ကာ ဦးသာ ရဲ့ ညီမ
ဖူးပွင့်သခင် ပဲဖြစ်ပါတယ်။ အနုပညာ အလုပ်ကို အခက်အခဲ များစွာနဲ့
ရင်ဆိုင်ပြီး ဇာတ်ကားတွေ ရိုက်ကူး လာရတဲ့ အထိ ကြိုးစားခဲ့ ပုံကို
ဖူးပွင့်သခင် က “ဒီအနုပညာက ညီမရဲ့ ဘဝတစ်စိတ် တစ်ဒေသ ဖြစ်တယ်။
ရန်ကုန်မှာမွေး ရန်ကုန်မှာ ကြီးလာတဲ့ ရန်ကုန်သူ တစ်ယောက်တော့ မဟုတ် ဘူး။
ကော့သောင်း မှာနေပြီး အနုပညာ ချစ်စိတ် တစ်ခုကြောင့် မွေးရပ်မြေ ကိုရော၊
စီးပွားရေးကို ရောထားခဲ့ပြီး ရန်ကုန်မှာ အနုပညာ အလုပ် လာလုပ်တာပါ။ အနု
ပညာလောက မှာ အသိဆိုလို့ အစ်ကိုရယ်၊ အစ်မရယ်ပဲ ရှိတယ်။ သူတို့နှစ်ယောက်လုံး
ကဂီတ အသိုင်းအဝိုင်း ကပဲဖြစ်တယ်။ သရုပ်ဆောင်ဘက် ကတော့ ညီမအတွက် အစိမ်း
သက်သက် ဖြစ်နေတယ်။ သူများတွေ ထက် အခက်အခဲ ပိုရှိတယ်၊ပိုရင်ဆိုင် ရတယ်”
လို့ပြောပါတယ်။ လတ် တလောမှာ ဒါရိုက်တာ နန္ဒကျော်ရိုက် ကူးတဲ့
“ယုံကြည်တယ်မဝေးဘူး” ဇာတ်ကားမှာ ဖူးပွင့် သခင်ကဇူး မြတ်ထက်
နဲ့တွဲဖက်သရုပ်ဆောင် ထားပါတယ်။
No comments:
Post a Comment