04 March 2014

ချစ်သူရှိပေမယ့် အိမ်ထောင်ပြုဖို့တော့ လိုပါသေးတယ် ဆိုတဲ့ ချစ်စနိုးဦး

ချစ်စနိုးဦးက အနုပညာ လှုပ်ရှားမှုအနေ နဲ့နယ်ပွဲတွေမှာ သီချင်းတွေသွား ရောက် ဆိုဖြစ်နေသလို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ “ခိုနား ခွင့်ပေးပါ” ဗီစီဒီအတွက် စတင်ရိုက် ကူးနေပြီ ဖြစ်တယ် လို့ပြောပြ ခဲ့ပါတယ်။
လတ်တလော ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ သူ့အချစ်ရေးနဲ့ ပတ်သက်ပြီး လည်း ချစ်စနိုးဦးက “ဒီအရွယ်ရောက်နေပြီ ဆိုတော့ ချစ်သူ ရည်းစား ကတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ အိမ်ထောင်ပြုဖို့ ကတော့ လိုပါသေးတယ်။ အစ်မကို နားလည်ပေးနိုင်မယ့်သူ၊ အစ်မကလည်း ချစ် တဲ့သူ၊ ပြီးတော့ အားကိုးလို့ ရမယ့်သူ၊ စိတ် ထားကောင်း မယ့်သူ အဲဒါဆို အစ်မရဲ့ အိမ်ထောင်ဖက် အဖြစ် ရွေးချယ်သွားမှာပါ။ မိန်းကလေး တိုင်းအိမ်ထောင်ပြုဖို့ ကတော့ ထီထိုးသလိုပါပဲ။ အကောင်းဆုံးတော့ လူတိုင်း လိုချင်ကြတာပေါ့ ။ဒါပေမဲ့ ကိုယ့်လက်ထဲ ကျတော့ ဘယ်လိုဖြစ်သွားမယ် ဆိုတာတော့ ကိုယ့်ကံနဲ့ပဲဆိုင်ပါ တယ်။ မျှော်မှန်းထား တာတော့ ကိုယ့်ဘက်က အကောင်းဆုံး ပျော်ရွှင်တဲ့အိမ် ထောင် ၊မိသားစုဘဝကို မျှော်လင့်မိပါ တယ်”လို့ ပြောပါတယ်။

“ခိုနားခွင့်ပေးပါ” ဗီစီဒီ မှာလည်း ကိုယ်တိုင် ပါဝင်သရုပ်ဆောင် မှာဖြစ်ပြီး စရိုက်တဲ့ သီချင်းနှစ်ပုဒ်မှာတော့ ဥာဏ်လင်းအောင်နဲ့ ဆုပန်ထွာ၊ ခင်လေးနွယ်နဲ့ ထွန်းထွန်း တို့နဲ့အရင် စရိုက်သွားမှာဖြစ်တယ် လို့ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်/၊popularmyanmar
                          
                      

No comments:

Post a Comment