15 March 2014

အိန္ဒိယနိုင်ငံမှာ ၇ ထပ်တိုက်ပြို လူ ၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ မွန်ဘိုင်မြို့အနောက်ပိုင်းမှာ ၇ ထပ်ရှိ တိုက်အိုတိုက်ဟောင်းတခု မတ် ၁၄ ရက်နေ့ မနက်က ပြိုကျခဲ့လို့ အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိခဲ့တယ်လို့ အိန္ဒိယရဲတွေက ဆိုပါတယ်။ ပြိုကျခဲ့တဲ့တိုက်မှာ လူနေထိုင်ခွင့်ကို အစိုးရက ၂၀၀၇ ခုနှစ်ကတည်းက တားမြစ်ထားတာ ဖြစ်ပါတယ်။ မိမိဆန္ဒအလျောက်နေထိုင်သူ မိသားစုနှစ်စုပဲ အဲ့ဒီတိုက်မှာ နေထိုင်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အိမ်နီးနားချင်းတဦးဖြစ်တဲ့ စူနီတာရဲ့ ပြောပြချက်အရ တိုက်ဟာ အနှစ် ၅၀၊ ၆၀ လောက်ရှိပြီဖြစ်ပြီး အစအနတွေကို အိမ်နီးချင်းတွေရဲ့ ခေါင်းမိုးပေါ်ကို အမြဲတမ်းကျနေတာကြောင့် အိမ်နီးချင်းတွေကို အနှောင့်အယှက်ဖြစ်နေခဲ့တယ်လို့ ပြောဆိုပါတယ်။
အိန္ဒိယနိုင်ငံဟာ အဆောက်အဦပြိုကျမှုတွေ ဖြစ်လေ့ဖြစ်ထရှိပြီး ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း မွန်ဘိုင်မြို့မှာပဲ လူနေအဆောက်အဦပြိုကျခဲ့မှုကြောင့် လူ ၇၄ ဦးသေဆုံးခဲ့ပါတယ်။

 By /burmese

No comments:

Post a Comment