မလေးရှားလေကြောင်းပိုင် ဘိုးရင်း ၇၇၇ ခရီးသည်လေယာဉ်ပျောက်ဆုံးနေခဲ့တာ မတ်လ
၁၅ ရက်နေ့မှာ ၁ ပတ်ကြာလာပြီဖြစ်ပေမယ့် မလေးရှားပြည်သူတွေကတော့
ခရီးသည်တွေအားလုံးနဲ့ လေယာဉ်ဝန်ထမ်းတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့
ပြန်ရောက်လာကြလိမ့်မယ်
လို့ နေိုင်ငံစုံလေယာဉ်ရှာဖွေရေးလုပ်ငန်းကိုလည်း
ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြတာလည်း ၁ ပတ်ရှိလာပြီဖြစ်ပေမယ့်
အာဏာပိုင်တွေကို တိကျသေချာတဲ့ သတင်းအချက်အလက် အစအနတောင် မရတာလည်းဖြစ်ပါတယ်။
အခွင့်အရေးက နည်းပါးလာပြီးဖြစ်ပေမယ့် မျှော်လင့်ချက်တော့
မလျော့သေးဘူးလို့ ကွာလာလမ်ပူမြို့သားတဦးဖြစ်တဲ့ စတီဗင်က ပြောကြားပါတယ်။
တဖြေးဖြေးနဲ့ အခွင့်အရေးက နည်းလာပြီဖြစ်ပေမယ့် မျှော်လင့်ချက်ကတော့
ရှိနေတုံးပါပဲ။
အားလုံးပြန်လာကြလိမ့်မယ်လို့ မျှော်လင့်နေကြတုံးပါပဲ။
ကျနော်အပါအ၀င် မလေးရှားနိုင်ငံသားတွေရော၊ တကမ္ဘာလုံးကရော ဒီလိုပဲ
မျှော်လင့်ကြမှာပဲလို့ ပြောဆိုခဲ့ပါတယ်။
လေယာဉ်ဟာ ရည်ရွယ်တဲ့လမ်းကြောင်းကနေ သွေဖြည်ပြီး
မိုင်ရာချီပျံသန်းနေခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ထွက်ပေါ်အပြီးမှာ
လေယာဉ်ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပိုမိုကျယ်ပြန့်တဲ့ဧရိယာမှာ
ရှာဖွေဖို့ အာရုံစိုက်နေကြပြီလို့ မလေးရှားလေယာဉ်ရှာဖွေရေး အာဏာပိုင်တွေနဲ့
နီးစပ်သူတွေက ဆိုပါတယ်။
မတ်လ ဂ ရက်နေ့ မနက်မှာ အတည်မပြုနိုင်တဲ့လေယာဉ်တစင်းဟာ မလေးရှားနိုင်ငံ
အနောက်မြောက်ပိုင်းကနေ အရှေ့အလယ်ပိုင်း၊ ဒါမှမဟုတ် ဥရောပကို ပျံသန်းတဲ့
လေယာဉ်လမ်းကြောင်းအတိုင်း ပျံသန်းသွားတယ်ဆိုတဲ့ စစ်ဖက်ဆိုင်ရာ ရေဒါတွေမှာ
တွေ့မြင်ခဲ့ရတယ်ဆိုကြပါတယ်။
By ဒီဗွီဘီ
No comments:
Post a Comment