14 March 2014

‘မင်းဘာလဲ၊ ငါဘာလဲ ‘လို့မေးလာတဲ့ ဖိုးသောကြာ

မြန်မာနိုင်ငံ အနေနဲ့ မြန်မာသံ သီချင်းတွေကို သီဆိုတဲ့သူ လက်ချိုး ရေလို့ ရလောက်ပါတယ်။ မြန်မာသံ တစ်ခေတ် ရှိခဲ့ပေမယ့် အခုအချိန်မှာ တော့ မြန်မာသံက စတူ ဒီယိုလောက် သိပ်ပြီးပေါ်ပေါ်ထင်ထင် မရှိပါဘူး။ ဒါပေမဲ့လည်း မြန်မာသံကို မျိုးရိုးစဉ် ဆက်လက် ကိုင်ထားသူတွေ လည်း အခု ထိ ရှိနေပါတယ်။ ရုပ်ရှင်မင်းသား၊ စာရေးဆရာ ဦးသုမောင်ရဲ့ သားဖြစ် သူ ဖိုးသောကြာက သူ့အဖေ ရဲ့ သီချင်းတွေကို ပြန်အသက်သွင်း ဖို့ စီစဉ်နေပါတယ်။ စီးရီး တိုင်တယ်ကိုလည်း “မင်းဘာလဲ၊ ငါဘာလဲ” လို့ ပေးထားကြောင်း ဖိုးသောကြာက ပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဖိုးသောကြာ က “အဖေ ဆိုခဲ့တဲ့ သီချင်းတွေ တော်တော် များများ ရှိတာပေါ့နော်။ အဲဒါတွေ ကနေလိုက်ဖက်မယ့် သီချင်းတွေ ကို စုစည်းပြီး ပြန်ထုတ်ဖို့ စီစဉ်နေတယ်။ စီးရီးတိုင်တယ်က “မင်းဘာလဲ၊ ငါဘာလဲ” ပေါ့။ ဒါကလည်း အဖေ့ ရဲ့သီချင်းပါ။ ဒါကို သင်္ကြန် မတိုင်ခင်ထွက်နိုင်ဖို့ စီစဉ်တာ ပါပဲ။
ဒါပေမဲ့ တချို့ကိစ္စတွေက မပြီးပြတ် သေးတာ နဲ့ မထွက်နိုင်ဘူး ဖြစ်သွားတယ်။ ဒီတော့ အခုသင်္ကြန်ပြီးမှပဲ ထွက်နိုင်တော့ မယ်။ ထွက်ဖြစ်အောင် လည်း ကြိုးစားနေတယ်။ ဒီစီးရီးထဲမှာ သီချင်း ၁ဝ ပုဒ်ပါမှာပါ။ အကောင်းဆုံး ဖြစ်အောင် ပြန်လည် သီဆိုထား တာကြောင့် မူရင်းအရသာ ပျက်မှာ မဟုတ်ပါဘူး။ ဒါကိုတော့ သေချာဂရုစိုက် ထားတာပေါ့” လို့ ပြောပါတယ်။ ဖိုးသောကြာ အနေနဲ့ ရန်ကုန် အပါအဝင် နယ်ဘက်တွေမှာ သီချင်းတွေ တောက်လျှောက် ဆိုဖြစ် နေတယ် လို့လည်း ထပ် လောင်းပြောပြပါတယ်။

Mဘွယ်/popularmyanmar

No comments:

Post a Comment