14 March 2014

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) အကြောင်း ရိုက်ကူးဖြစ်ရပုံ ဇာဂနာပြော

အမှန်တရားကို မြတ်နိုးသူ ပြည်သူတွေနဲ့ တစ်သားတည်း ဒီမိုကရေစီ အရေးကိုတောင်းဆို ပါဝင်ခဲ့သူ စွယ်စုံရ အနုပညာရှင် ဇာဂနာက ဗြိ တိန်နိုင်ငံကမ္ဘာကျော် စာရေး ဆရာ ဘက်နက်ဒစ်ရော်ဂျာ ရေးသားခဲ့ သော မြန်မာနိုင်ငံ၏ ထင်ရှားကျော် ကြားသည့် စစ်အစိုးရ ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းအား အခြေခံ ကာ ဒါရိုက်တာ စတီဗင်ဆိုဒါပတ်နှင့် ပူးတွဲ ရိုက် ကူးမည့် အကြောင်းကို ဇာဂနာက “ကျွန်တော် ရိုက်ချင်တာ မဟုတ်ပါဘူး။ တစ် ဖက်က ရိုက်ချင်တာ မြန်မာနိုင်ငံ မှာ ခုနေ ဒီအကြောင်းကို ရိုက်ရင်ဖြစ်နိုင် မလားဆိုပြီး ကျွန်တော့်ကို လှမ်းမေး တော့ကျွန်တော် ကတော့ ဖြစ်နိုင် တယ်လို့ အကြောင်းပြန်တော့ သူကမြန် မာနိုင်ငံ ဘက်ခြမ်း က တာဝန်ခင်ဗျား ယူနိုင် မလားပြောတော့ကျွန်တော် ဖြစ်နိုင်တယ် ဆိုပြီး ရိုက်မယ်လို့ ဖြစ် သွားတာပါ” လို့ ပြောပြခဲ့ပါတယ်။
ဒီဇာတ်ကားကို ဇာဂနာကပါဝင် ပြီးရိုက်ကူးမှာ ဆိုတော့ ပြည်သူတွေ ကို ဇာဂနာ ဘယ်လိုပြောမှာ လဲလို့မေး ကြည့်တော့ “ဇာဂနာ ဘာလို့ ဒီ ဇာတ် ကားကိုမှ ရိုက်ရလဲ လို့ မေးလာရင် အကြောင်း ရှိပါတယ်။
အဲဒီစာအုပ် မှာကိုက စိတ်ဝင်စားစရာ အကြောင်း တွေအများကြီး ပါရှိတယ်။ ဦးသန်းရွှေ အကြောင်းကို ရိုက်ရင်းနဲ့ ၁၉၈၈ ခု နှစ်က စပြီးတော့ ရွေးကောက်ပွဲ ကာလအထိ ဖြတ်သန်းခဲ့ရတဲ့ မြန်မာနိုင်ငံရေး သမိုင်းက ပါလာမယ်။ သူ့အကြောင်း ရိုက်ရင်းနဲ့ မြန်မာ့နိုင် ငံရေးသမိုင်း အစစ်အမှန်တွေ က ရှောရှော ရှူရှူ ပါသွားမယ်။ ကျွန် တော်ပြောချင်တာတွေ က ဒီလိုဇာတ် ကားမျိုး အရင်က အိုင်ဒီအာမင်(Idi Amin) အကြောင်း ရိုက်ထားတဲ့ “The Last King of Scotland” ဆိုတဲ့ ဇာတ် ကားရှိတယ်။ အဲဒါကို ပြည်သူတွေကို ပြလိုက်တဲ့ အခါမှာ ပြည်သူတွေ အီဒီ အမင် ဆိုတဲ့ အာဏာရှင်က ဘယ် လိုဆိုတာပေါ် သွားတယ်။ ကျွန် တော် တို့လည်း ဒီလို ဇာတ်ကားမျိုး ရိုက်ပြီး ပြရင် အာဏာရှင် တစ်ယောက်က ဘယ် လိုလဲ။ ပြီးတော့ တိုင်းပြည်ရဲ့နိုင်ငံရေး အတွက် ရင်းရတဲ့ သူတွေက ဘယ်လောက် ရင်းရလဲဆိုတာ ကိုပေါ်လွင်သွားမယ် လို့ ယုံကြည်တယ်။ အဲဒါကြောင့် ဇာဂ နာ ရိုက်မယ် ဆိုပြီး ဆုံးဖြတ်လိုက် တာပါ”လို့ ပြောပြခဲ့ပါတယ်။
ဆင်ဆာ ဆိုတဲ့ အရာက ရှိတော့ အကုန်လုံး ရိုက်ခွင့်ရှိပါ့မလား မေးကြည့်တော့ “အခုလောလောဆယ် သူ တို့ဘက်က ဇာတ်ညွှန်း အကြမ်း ကို ရေးနေတယ် ။ရေးလို့ မပြီးသေးဘူး။ ရေးလို့ပြီးရင် တော့ ကျွန်တော့်ဆီ ပို့မယ်။ ကျွန်တော့်ဆီ မှာက ညှိစရာ တွေ ညှိရမယ်။ ကျွန်တော် တော်တော် စကားပြော ရပါလိမ့်မယ်။ တော်တော် ညှိ ရပါလိမ့်မယ် ထင်တယ်။ အတတ် နိုင်ဆုံးတော့ ကြိုးစားကြည့်မယ်။ တကယ် ရိုက်ဖြစ်ပြီ ဆိုရင် နောက်နှစ်မှ စ ရိုက်ဖြစ်မယ်။ အခုက ညှိစရာတွေ သူတို့နဲ့ရော ကျွန်တော် နဲ့ဒီဘက်က ရော များတယ်” လို့ ပြောပြခဲ့ပါတယ်။
ဗိုလ် ချုပ်မှူးကြီးနေရာမှာ ပါဝင်သရုပ် ဆောင်မယ့် ဇာတ်ဆောင် ကိုကော ဘယ်လို ရွေးချယ်မှာလဲလို့ မေးကြည့် တော့ “ဗိုလ်ချုပ်မှူးကြီး နေရာမှာ သရုပ် ဆောင်မယ့် လူရွေး ချယ်ဖို့ သိပ် မခက် ခဲပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဗိုလ်ချုပ်မှူးကြီးလို ရုပ်ရည်မျိုးက အညာဒေသတွေ မှာ အများကြီး ရှိပါ တယ်”လို့ ဇာဂနာ ကပြောပြခဲ့ပါ တယ်။

ထူးထူး/popularmyanmar

No comments:

Post a Comment