15 March 2014

ကိုယ်ရွေးချယ်လိုက်တဲ့အရာမို့ အရာရာတိုင်းကို အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမယ့် နိုဘယ်လ်ကျော်ကျော်

သွေးမေတ္တာပရဟိတအဖွဲ့နဲ့အတူ ပရဟိတအလုပ်တွေကို ပါဝင်လှုပ်ရှားဖြစ်နေတဲ့ နိုဘယ်ကျော်ကျော် ကို လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မေးဖြစ်တဲ့အခါ ‘အခုလတ်တလောမှာတော့ မင်းသား ထူးခန့်ကျော် နဲ့ မေမေပြုံးစမ်းပါ ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေး ရိုက်နေပါတယ်။ အဲဒီ့ဇာတ်ကားထဲမှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်ရိုက်ကူးနေပါတယ်။ နောက်ပြီး ညီမအခုပညာရေးပိုင်းအရ အင်္ဂလိပ်နဲ့ပတ်သက်တဲ့ MA ဘွဲ့အပြင် Business Management နဲ့သက်ဆိုင်တဲ့ ဒီဂရီဘွဲ့ တစ်ခုရအောင် ရန်ကုန်ဒါမှမဟုတ် နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့အတွက် အစီအစဉ် ဆွဲနေပါတယ်။ ညီမက ပညာရေးနဲ့ အနုပညာကို နှစ်ဖက်မျှအောင် ကြိုးစားချင်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ကျောင်းတက်ဖို့အချိန်ရတုန်းမှာ MA ဘွဲ့နဲ့ဒီဂရီဘွဲ့နှစ်ခုလုံးကို တစ်ပြိုင်တည်းရအောင် ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ ဘွဲ့လွန်သင်တန်းရော၊ အနုပညာရော နှစ်ဖက်အလုပ်လုပ်တဲ့ အခါ စိတ်ဖိစီးမှုတွေ ရလာမယ်ဆိုရင်လည်း ကိုယ်ရွေးချယ်လိုက်တဲ့အရာမို့ အရာရာတိုင်းကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါလို့ ဆိုပါတယ်။

 စန္ဒီ/Trend Myanmar

No comments:

Post a Comment