04 March 2014

ဟာသပုံပေါက်အောင် ခေါင်းတစ်လုံး ရင်းလိုက်တဲ့ လူမင်း

လူမင်းက ပုပ္ပား၊ ဆည်ပေါက်ရွာ မှာ “ပြန်ပေး” ရုပ်ရှင်ကားကြီးကို သွားရောက် ရိုက်ကူးနေပါတယ်။ ဒီ ဇာတ်ကားမှာတော့ မောင်ဖုန်း ဆိုတဲ့ ဇာတ်ရုပ်နဲ့ ဟာသ ဇာတ်ရိုက် ကူး ဖို့ အတွက် ဆံပင်ကို အတိုညှပ်လိုက် တယ်လို့ ပြောပြပါတယ်။ ဟာသပုံစံ ကို လိုက်ဖက်မှု ရှိအောင်ရင်း လိုက် တာလို့ပြောပြတဲ့ လူမင်းက “ဇာတ် ကား က ကျေးလက် ဟာသ ကားလေးဆို တော့ ဇာတ်ရုပ်နဲ့ ကိုယ်နဲ့ လိုက်ဖက် အောင် ကိုယ့်ပုံစံကို ပြင်ရ၊ပြောင်းရ တာပေါ့။ ကာရိုက်တာလေး တစ်ခုပေါ် အောင်လို့ ဆံပင်ညှပ်လိုက်တာပါ။ ရုပ်ရှင် ကားကြီး အတွက်ပေါ့ ။ပြောရရင် ကိုယ့်ရုပ်က ဟာသနဲ့ သိပ်မလိုက်ဘူးလို့ ပရိသတ်တော်တော် များများက အမြင်ရှိကြတယ်လေ။ အဲဒါကြောင့် ဟာသ ပုံပေါက်အောင် ခေါင်း တစ်လုံးတော့ ရင်းရတာပေါ့။ ဇာတ်က ဟာသလည်း ဖြစ်တယ်။ ဆရာကြီး သော်တာဆွေ ရဲ့ ပလော့လေးတွေ ကလည်း တအား ကောင်းတော့ ပရိသတ် တွေသဘော ကျကြမှာပါ။
ဟာသကားတွေ သိပ်မ ရိုက်ဖြစ်ပေမယ့် ကိုယ်တို့ လုပ်သက် အတွေ့အကြုံ အရ ဘယ်လို ကာရိုက်တာ မျိုးကိုမဆို မလုပ်ဖူးတာဆို ပိုပြီး လုပ်ချင်တဲ့ စိတ် ရှိတယ်။ ကိုယ့်ကိုစိန်ခေါ်တဲ့ ဇာတ်ရုပ် တစ်ခုကို လုပ်ရတာပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒါကလည်း ပရိသတ် ရှေ့ရောက်မယ့် အနုပညာ တင် ဆက်မှု တစ်ခုပဲလေ။ အဲဒီ အတွက် ကိုယ့်ဘက်က ကြိုးစားမှု တစ်ခုပါ။ အပြင်က လူမင်းဆိုတဲ့ ပုံစံကြီးကို ဖျောက်ပြီး မောင်ဖုန်း ဆိုတဲ့ ရုပ်ပေါက် အောင် ပုံစံ၊ အဝတ် အစား ကအစ ပြောင်း ထားတာပါပဲ” လို့ပြောပြခဲ့ပါတယ်။

မေမွန်မောင်/popularmyanmar

No comments:

Post a Comment