14 March 2014

လမ်းလျှောက်လာသည့် အမျိုးသမီး၏လည်ပင်းမှ ဆွဲကြိုးဖြုတ်ယူခံရ

၅.၃.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)
မြို့နယ်နေ ဒေါ်နုနုလွင်သည် အလုပ်မှနေအိမ်သို့လမ်းလျှောက်ပြန်လာစဉ် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၀)ရပ်ကွက်၊ ဗန္ဓုလလမ်းနှင့် မြသီရိ
လမ်းထိပ် အရောက်တွင် မတ်တပ်ရပ်နေသည့် အမျိုးသားလူငယ် (၁)ဦးကို ကျော်တက်ခဲ့စဉ် ၎င်းလူငယ်က ဒေါ်နုနုလွင်၏ နောက်ဘက်မှ
နေ၍ လည်ပင်းတွင်ဆွဲထားသော လော့ကတ်သီးပါ ရွှေဆွဲကြိုးအလေးချိန် (၄)ကျပ်သားကျော်၊ တန်ဘိုးငွေကျပ် (၂၄)သိန်းခန့်အား ဖြုတ်ယူကာ ထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းအရေးယူပေးပါရန် ဒေါ်နုနုလွင်မှ တိုင်တန်းခဲ့သဖြင့် ဒဂုံမြောက်မြို့မရဲစခန်း (ပ)၁၂၆/၂၀၁၄၊
ပုဒ်မ ၃၇၉(နှိုက်)ဖြင့် အမှုဖွင့်ကာ ဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment