၁၃.၃.၂၀၁၄ရက်နေ့ ၂၂၁၅အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်နေဒေါ်မိငယ်သည် မောင်ဝမ်းကွဲ တော်စပ်သူ တစ်ရပ်ကွက်တည်းနေ
မောင်မောင်စိုး (၄၈)နှစ်မှာ ရဲဒင်းနှင့်အခုတ်ခံရသဖြင့် မြောက်ဥက္ကလာပ
ဆေးရုံသို့ ရောက်ရှိနေကြောင်းသိရှိရ၍သွားရောက်ကြည့်ရှုပြီး ဖြစ်စဉ်အား
မေးမြန်းရာ မောင်မောင်စိုးသည် ၎င်း၏နေအိမ်ရှေ့ ခုံတန်းလျားပေါ်တွင်
ထိုင်နေစဉ် ခြေရင်းဘက်အိမ်နေ ရဲဝင်း(စိစစ်ဆဲ)မှ အကြောင်းမဲ့ ရဲဒင်းဖြင့်
ဝင်ရောက် ခုတ်ခဲ့သဖြင့် ဦးခေါင်းနောက်စေ့တွင် ပေါက်ပြဲဒဏ်ရာ (၂)ချက်
ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး မြောက်ဥက္ကလာပဆေးရုံကြီးမှ
ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းတင်ပို့ခဲ့ရာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်
တက်ရောက်ကုသခဲ့ရသောကြောင့် အရေးယူပေးပါရန် ဒေါ်မိငယ်မှ တိုင်တန်းခဲ့၍
မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ)၁၉၄/၂၀၁၄၊ ပုဒ်မ ၃၂၆ဖြင့် အမှုဖွင့်ကာ
ပြစ်မှုကျူးလွန်သူ ရဲဝင်းအားဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment