မန္တလေးတိုင်း ဒေသကြီး ၊ အမရပူရ မြို့နယ် ၊ ရွှေဂဲရပ်ကွက် နေ ကျော်ကျော် ၃၅
နှစ်အား မတ် ၁၁ ရက် နံနက် ၃ နာရီခန့်က ၄င်း၏ ရည်းစား မသင်းသင်းအေး က
ချမ်းမြသာစည် မြို့နယ် ၊ သိပ္ပံလမ်း နှင့် ၅၆ လမ်းထောင့် သို့ လာရောက်ရန်
ဖုန်းဆက် ချိန်းဆိုသဖြင့် ဆိုင်ကယ်ဖြင့် သွားရောက် ခဲ့ပြီး သိပ္ပံလမ်း နှင့်
၅၆ လမ်းထောင့်သို့ ရောက်ရှိ၍ ဆိုင်ကယ်ရပ် ဖုန်းပြော နေစဉ် ဆိုင်ကယ်
နှစ်စီးဖြင့် အမည်မသိ အမျိုးသား ၅ ဦး ရောက်ရှိ လာပြီး ၄င်း ဆိုင်ကယ်
နောက်မှ လိုက်ပါလာသူ ၃ ဦးသည် ကျော်ကျော်ထံ လာရောက်ကာ " ဒီလမ်းက
သိပ္ပံလမ်းလား .. " ဟု မေး၍ တစ်ဦးက ၀ှက်ယူလာသော သစ်သားတုတ် ဖြင့်
ကျော်ကျော် ၏ ဦးခေါင်းကို တစ်ချက် ရိုက်ကာ နောက်မှ ချုပ်ထားပြီး ဓားဖြင့်
ဗိုက်ကို ထောက်၍ " အော်လျှင် သတ်ပစ်မည်
..." ဟု ခြိမ်းခြောက် ပြောဆိုကာ
ကျန် ၂ ဦးက ကျော်ကျော် ၀တ်ဆင် ထားသော အလေးချိန် ၉ ပဲခန့်ရှိ ပတ္တမြား
လက်စွပ် တစ်ကွင်း တန်ဖိုးငွေကျပ် ၄၅၀၀၀၀ ခန့် ၊ ပိုက်ဆံအိတ် အတွင်းမှ
ငွေကျပ် ၂ သိန်းခန့် ၊ Huawei အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး နှင့်
ယာဉ်မောင်း လိုင်စင် တို့ကို ယူဆောင်၍ ဆိုင်ကယ် ၂ စီးဖြင့် ပြန်လည်
ထွက်ပြေး သွားခဲ့သည်။
ဖြစ်စဉ် နှင့် ပတ်သက်၍ အောင်ပင်လယ် နယ်မြေ ရဲစခန်း မှ (ပ) ၁၀၁ /၂၀၁၄ ၊
ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့်ပြီး တရားခံများ ဖမ်းဆီး ရမိရေး စုံစမ်း
စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (မောင်ပြည်သူ)
#Themyawadydaily
No comments:
Post a Comment