17 March 2014

အငှားယာဉ်မောင်းထံမှ ငွေများလုယက်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးရမိ

၁၆.၃.၂၀၁၄ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်နေ အငှားယာဉ်မောင်း ကိုစိုးဝင်းမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်း အတိုင်း ယာဉ်အားမောင်းနှင်လာစဉ် အမျိုးသား(၄)ဦးမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်သို့ ငှားရမ်းခဲ့သဖြင့် လိုက်ပို့ပေးခဲ့ကြောင်း၊ (၃၃)ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်း အရောက်တွင် အဆိုပါအမျိုးသားများမှ ထိုးကြိတ်ကာ ယာဉ်၏ ဒက်ရှ်ဘုတ်ပေါ်တွင်တင်ထားသော ငွေကျပ်(၂၅၀၀၀)အား ယူဆောင် ထွက်ပြေးသွာခဲ့ကြသဖြင့် ကိုစိုးဝင်းတွင် နှုတ်ခမ်းဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုစိုးဝင်း၏ဇနီးဖြစ်သူ မသီတာဖြိုးမှ အရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် ဒဂုံမြောက်မြို့မရဲစခန်း (ပ)၁၃၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ခဲ့ပါသည်။


စုံစမ်းပေါ်ပေါက်ချက်အရ အဆိုပါပြစ်မှုကိုကျူးလွန်သူများဖြစ်သော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်နေသူများဖြစ်ကြသည့် မင်းကို(ခ)မျိုးလေး၊ (၁၉)နှစ်၊ (ဘ)ဦးခင်မောင်မြင့်၊ ရဲခန့်ဝင်း၊ (၁၉)နှစ်၊ (ဘ)ဦးရဲမင်းဝင်း၊ ဟိန်းထက်ပိုင်၊ (၁၉)နှစ်၊ (ဘ)ဦးရဲမြင့်နှင့် တရုတ်(ခ)ဇေအောင်ထွန်း၊ (၂၀)နှစ်၊ (ဘ)ဦးဝင်းဌေးတို့(၄)ဦးအား ၁၆.၃.၂၀၁၄ ရက်နေ့ ၁၇၂၀ အချိန်တွင် ဖမ်းဆီးရမိသဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment