17 March 2014

လျှပ်စစ်စီးဝင်နေသည့် ပြူတင်းပေါက်သံတိုင်များအား ကိုင်မိသဖြင့် ဓါတ်လိုက်သေဆုံး

၁၆.၃.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန်တွင် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံတွင် အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံးပြီး ရောက်ရှိနေကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာနေ မြမြ မုန့်စက်ရုံ လုံခြုံရေး ၀န်ထမ်းဖြစ်သူ ဦးဝင်းနိုင်၊(၅၀)နှစ်ဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံ တစ်ရာမရှိဘဲ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ဦးဝင်းနိုင်သည် ၁၉၁၅ အချိန်ခန့်က ရေချိုးပြီး ကင်းတဲ၏ ပြူတင်းပေါက်သံတိုင်များအား လက်ဖြင့်ကိုင်စဉ် ဓါတ်လိုက် ခဲ့ခြင်း ဖြစ်ကြောင်း၊ လုံခြုံရေးကင်းတဲသို့သွယ်တန်းထားသော လျှပ်စစ်ဓါတ်ကြိုးမှာပေါက်နေပြီး ကင်းတဲအမိုးမှတစ်ဆင့် အဆိုပါ ပြူတင်းပေါက်သံတိုင်များသို့ လျှပ်စစ်စီးဝင်နေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၂/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment