အနုပညာရှင်တစ်ယောက်ရဲ့ ဘ၀မှာ အသားကျအောင်ကြိုးစားနေထိုင်ရင်း
ဇာတ်ကားရိုက်ကူးမှုတွေအပြင် ဖက်ရှင်ပိုင်းမှာလည်း အထာကျအောင် ၀တ်ဆင်လာတဲ့
မင်းသွေးနဲ့ တွေ့ဆုံခိုက် သူ့ရဲ့ဖက်ရှင် အကြောင်း နည်းနည်း
မေးမြန်းကြည့်တဲ့အခါ ‘အခုက နွေရာသီဆိုတော့ ပူတဲ့ ရာသီဥတုဖြစ်တဲ့အခါကျတော့
စွပ်ကျယ်ဘောင်းဘီတို၊ တီရှပ်ဆိုလည်း အေးတဲ့
အသားလေးတွေနဲ့ဘောင်းဘီတိုလေးတွေတော့ အများဆုံး ၀တ်ဖြစ်တာပေါ့နော်။
ဘောင်းဘီရှည်ကျတော့ ပူတဲ့အခါ တော်ရုံသိပ်မစွပ်ဖြစ်ဘူး။ အပေါ်ပိုင်းဆိုရင်လဲ
အေးတဲ့ချည်သား ရှပ်အကျီင်္လက်ရှည်လေးတွေ ၀တ်ဖြစ်တယ်။ ရွပ္အက်ီၤကေတာ့
ပူပူအေးအေး အမြဲဝတ်ဖြစ်တာပေါ့။ ဆိုင်တွေကတော့ အစုံဝယ်တယ်။
မျိုးစုံလဲဝတ်တယ်။ ချုပ်ဝတ်တာမျိုးလဲရှိတယ်။ ကျွန်တော်က သိပ်ပြီး
တောက်ပြောင်တာတွေ မ၀တ်တတ်ဘူး။
သာမာန်ရိုးရိုးပုံစံတွေပဲ ၀တ်တာများတယ်။
အရောင်တောက်တောက်တွေလဲ သိပ်မ၀တ်တတ်ဘူး။ အဖြူတို့၊ အသားရောင်တို့ကတော့
ကျွန်တော်ဝတ်နေကျ အရောင်တွေပေါ့။ သိပ်ဆန်းဆန်းပြားပြားတွေကို မကြိုက်ဘူး။
ပြောင်ပြောင်လက်လက်ကြီးတွေ ၀တ်ထားရင် စိတ်ထဲမှာ မနေတတ်သလို ခံစားရတယ်။
ဒီဇိုင်နာ ချုပ်ပေးတဲ့ဟာတွေ ဆိုရင်တောင် သိပ်ဆန်းဆန်းပြားပြား
မချုပ်ခိုင်းဘူး။ ရိုးရိုးတန်းတန်းပုံတွေပဲ အပ်ဖြစ်တာများတယ်။ ရိုးရှင်းတဲ့
ဖက်ရှင် ၊ တည်ငြိမ်တဲ့ဖက်ရှင်တွေကို ပိုကြိုက်တယ်။
ခင်ဆွေသက် /Trend Myanmar
No comments:
Post a Comment