ပရိသတ်တွေ နှစ်ခြိုက်စွာ အားပေးလက်ခံချစ်ခင်ကြတဲ့
အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ဟာ လာမဲ့၂၉ရက်နေ့မှာ Mandalay Hill Resort
မှာ ဖျော်ဖြေပွဲ ကျင်းပပြုလုပ်မယ်လို့ သိရပြီး အချိန်ကတော့ ညနေ၄နာရီခွဲမှာ
စတင်ဖျော်ဖြေပါမယ်တဲ့။ အဆိုပါပွဲနဲ့ပတ်သတ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို
ဒီနေ့မနက် စင်ထရယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာကြောင့် ပွဲအတွက်
စိုင်းစိုင်းရဲ့ စိတ်ခံစားချက်တွေ မေးမြန်းကြည့်တဲ့အခါ ‘ခုမန္တလေးမှာ
လုပ်မဲ့ပွဲလေးကို လက်ခံဖြစ်တာက အမှန်က ကျွန်တော့်မွေးနေ့ပါတီကို
သူငယ်ချင်းတွေနဲ့ တိုင်ပင်လိုက်တဲ့အခါ ရန်ကုန်မှာပဲ
၁၀နှစ်ပြည့်အမှတ်တရအနေနဲ့လုပ်မယ်။ အဲဒီအချိန်မှာ မန္တလေးကပွဲ စီစဉ်သူတွေကနေ
မန္တလေးမှာ စိုင်းစိုင်းရှိုးမလုပ်တာကြာပြီဆိုတော့
ဝမ်းမြောက်ဝမ်းသာနဲ့ကျွန်တော်လက်ခံဖြစ်ခဲ့ပါတယ်။ အဲ့တော့မွေးနေ့ရှိုးကို
ရန်ကုန်မှာလုပ်ဖြစ်ပေမဲ့ မန္တလေးပရိသတ်အတွက်လဲ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို
အကောင်းဆုံးဖျော်ဖြေသွားပါမယ်။ ဒီပွဲမှာကျွန်တော့်ရဲ့ ရဲဖော်ရဲဖက်တွေ
ဖြစ်တဲ့ သူငယ်ချင်းတွေ အများကြီးပါဝင်ပါမယ်။ သီချင်းအပုဒ်၄၀လောက်
အနည်းဆုံးဖျော်ဖြေမယ်လို့မှန်းထားပါတယ်။
ခုလဲ သီချင်းတိုက်တာတွေ၊
အကတိုက်တာတွေကို လုပ်နေပါတယ်။ မန္တလေးမှာ ဒီလိုပွဲမျိုးလုပ်တယ်ဆိုတာ
တစ်ခါတစ်လေမှပေါ့။ ဒါပေမဲ့ မန္တလေးပရိသတ်ကသာ အားပေးမယ်ဆိုရင် ဒီထက်မက
သီချင်းတွေအများကြီးကိုလဲဖျော်ဖြေသွားမှာပါ။ မန္တလေးပရိသတ်က ကျွန်တော့်ကို
အဆိုတော်စလုပ်ကတည်းက အမြဲတမ်းအားပေးခဲ့ပါတယ်။ စိုင်းစိုင်းရဲ့
တစ်ကိုယ်တော်ရှိုးပွဲတင် မကပါဘူး။တခြားအနုပညာအလုပ်တွေနဲ့သွားရင်မကဘူး။
ရုပ်ရှင်ရိုက်၊ ကြော်ငြာရိုက်တွေမှာပါ မန္တလေးပရိသတ်က ကျွန်တော့်ကို
ဘယ်သောအခါမှ မျက်နှာမငယ်စေခဲ့ပါဘူး။ ကျန်ခဲ့တဲ့နှစ်နှစ်က
နောက်ဆုံးလုပ်ခဲ့တဲ့ မန္တလေးမှာ နောက်ဆုံးလုပ်ခဲ့တဲ့ပွဲကလဲ
မိုးတွေလေတွေကျပြီးတော့ ပျက်သွားခဲ့ရတဲ့အတွက် ဒီပွဲက ကျွန်တော်တို့
အားလုံးအတွက် မကျေပွဲလို့ပြောလို့ရပါတယ်။ ကျွန်တော်တို့ အားရပါးရ
မီးကုန်ယမ်းကုန်ဖျော်ဖြေပါမယ်။ အဲဒီအတွက် ဒီပွဲက အောင်မြင်မယ့်
ပွဲတစ်ပွဲဖြစ်မယ်လို့လဲ ယုံကြည်မျှော်လင့်ပါတယ်။’လို့ပြောပြပေးခဲ့ပါတယ်။
ခင်ဆွေသက် /Trend Myanmar
No comments:
Post a Comment