ပိုလန်မှာ ရှိတဲ့ Kaplica Czaszek အမည်ရှိ Chapel ရှေ့မှာ
ခြေချမိပြီဆိုတာနဲ့ ဒီ့ထက် တမူထူးခြားတာ မရှိတော့ဘူးလို့ တွေးမိပါလိမ့်မယ်။
ဒါပေမဲ့ အတွင်းဘက်ကို ခြေလှမ်းလိုက်ပြီဆိုတာနဲ့ ကြောချမ်းအောင်
ခံစားရပါလိမ့်မယ်။ စစ် နဲ့ ရောဂါတွေကြောင့် သေဆုံးခဲ့ကြရတဲ့
ထောင်ပေါင်းများစွာသော လူ့အရိုးတွေကို သေခြင်းအနိဋ္ဌာရုံနဲ့ ဆက်စပ်တဲ့
အစီအရီနဲ့ နံရံတွေမှာ ကပ်ထားပါတယ်။
ဒီ Chapel (ခရစ်ယာန်
ဘုရားရှိခိုးကျောင်းအသေး)ကို ပိုလန်၊ Czermnaရွာ ခရစ်ယာန်ဘုန်းကြီးက
တည်ဆောက်ခဲ့တာပါ။ Silesia စစ်ပွဲတွေ၊ နှစ် ၃၀ စစ်ပွဲမှာ ကျဆုံးခဲ့တဲ့
စစ်သားတွေ၊ ပြည်သူတွေနဲ့ ပလိပ်ရောဂါ၊ ကာလ၀မ်းရောဂါတွေနဲ့
သေဆုံးခဲ့ရသူတွေရဲ့ အရိုးတွေနဲ့ တည်ဆောက်ထားတာပါ။
ကယ်တင်ခြင်းတပ်နဲ့ သေခြင်းကို မမေ့ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ဆပ်ကပ်တဲ့ စားပွဲပေါ်မှာတော့ ရွာသူကြီးရဲ့ ဦးခေါင်းခွံနဲ့ ကျည်ဆံတွေအပြည့်နဲ့ အရိုးခေါင်းတွေကို တင်ထားပါတယ်။
သီဟနိုင်/Trend Myanmar
No comments:
Post a Comment