လမ်းနှင့်ဆောက်လုပ်ရေး လုပ်ငန်းသုံး မြေနီများ ထုတ်ယူနေစဉ်
မြေပြိုကျ၍ အလုပ်သမားနှစ်ဦး သေဆုံး ကာ တစ်ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်တစ်ခု
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာ အုပ်စုတွင် မတ်လ ၁၆
ရက်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ကျေးရွာမှ ဆယ်အိမ်စုမှူး ဦးဗိုလ်အုန်းက
မဇ္ဈိမကို ပြော သည်။
နတ်မောက်ကျေးရွာ ကုက်္ကိုကုန်းရှိ မြေနီတောင်ကုန်းတွင် ယင်းနေ့ နေ့လယ် ၁၂
နာရီခန့်က အလုပ်သ မားငါးဦးသည် မြေစာများ ကားပေါ်တင်နေစဉ် မြေတောင်
ရုတ်တရက်ပြိုကျကာ မြေစာများကြောင့် သုံး ဦးပိမိပြီး နှစ်ဦး
သေဆုံးသွားသည်ဟု ၎င်းက ပြောသည်။
“ဖြိုပြီးသားမြေသားတွေကို ကားပေါ်တင်နေတုန်း အပေါ်ကနေ ပြိုကျတာ။
ပြေးတော့ပြေးတာပဲ မလွတ် တာ။ ငါးယောက် အလုပ်ဆင်းတာကို နှစ်ယောက်
လွတ်သွားတယ်။ ပိတဲ့သုံးယောက်မှာ နှစ်ယောက် သေတယ်၊ တစ်ယောက်က ပိတော့ပိတယ်
သက်သာတာပေါ့”ဟု ဦးဗိုလ်အုန်းက ဆိုသည်။
မြေပြိုကျမှုကြောင့် ရမနောက်ကျေးရွာမှ ကိုထွေးဆိုသူနှင့် သာယာကုန်းကျေးရွာမှ
ကိုဇော်မျိုးထွဋ်တို့ သေဆုံးသွားပြီး ရမနောက်ကျေးရွာမှ ကိုစိုးလွင်မှာ
မေးစေ့ရင်ဘတ်နှင့် ကျောဘတ်တွင် ပွန်းပဲ့ဒဏ်ရာ များ ရရှိခဲ့သည်ဟု ဆိုသည်။
မြေပြိုကျသည့် နေရာသို့ ပြည်မြို့မှ မီးသတ်ကားနှစ်စီးနှင့်
မီးသတ်တပ်ဖွဲ့ဝင် ၂၀ ခန့် သွားရောက်ခဲ့ပြီး ရုပ်အလောင်းများကို ဖော်ယူခဲ့ရာ
မွန်းလွဲ ၂ နာရီခွဲတွင် ကိုဇော်မျိုးထွဋ်၏ ရုပ်အလောင်းကို တူးဖော်ရရှိ
ခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် ကိုထွေး၏ ရုပ်လောင်းကို
တူးဖော်ယူနိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။
“ကိုစိုးလွင်က မြေကြီးတွေနဲ့ပိနေပေမယ့် ခေါင်းပေါ်နေတဲ့အတွက် ၀ိုင်းဖော်ကြလို့ မသေတာပါ”ဟု ပြော သည်။
ထိုသို့ မြေပြိုလူသေမှုဖြစ်ပွားခြင်းသည် နတ်မောက်ကျေးရွာအုပ်စုတွင်
ပထမဦးဆုံး ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါမြေပြိုသည့်နေရာကို
မြေရောင်းခွင့်၊ မြေတူးခွင့်များ ပိတ်ထားမည်ဟုလည်း နတ်မောက်ကျေးရွာ အုပ်စု
အုပ်ချုပ်ရေးမှူးဦးခင်မောင်ဝင်းက ပြောသည်။
ရေခဲ(ပြည်)
Mizzima - News in Burmese
No comments:
Post a Comment