မိမိချစ်သူ မိန်းခလေးဖြစ်သူ အိမ်ထောင်ပြုသွားသဖြင့် လွန်ခဲ့သောလေး နှစ်ခန်
့က အချစ်မွန်နေကြစဉ် နှစ်ဦးသား ဘဘောတူကာ အမှတ်တယ ရိုက်ကူးထားသည့်
ချစ်ပွဲမှတ်တမ်းအား အများသိအောင်ဖွင့်ပြကာ......
အဆိုပါမိန်းခလေးအား ပြည့်တံဆာဖြစ်သည်. .ခေါ်ချင်ပါက ဖုန်းဆက်ပါ ဟု
မိမိချစ်သူဟောင်း၏ဖုန်းနံပါတ် ကိုထည့်ပေးလျှက် ကြော်ငြာထုတ်ခဲ့သူ
အမျိုးသားတဦးအား ရန်ကုန်တိုင်းသံလျှင်မြို့ မရဲ စခန်းက အမှုဖွင့်ဖမ်းဆီး
ခဲ့ကြောင်းသိရပါသည်။
အဆိုပါ မိန်းခလေးပုံများ အင်တာနက်တွင်ပြန့် နှံ့ ခဲ့ပြီးနောက်
..မိန်းခလေးဖြစ်သူမှ ရဲစခန်းသို့ 
ကိုယ်တိုင်အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ချစ်သူဘ၀ အလွမ်ပြေကြည့်ရန်ဟု တရားလို မိန်းခလေးအား စည်းရုံးရိုက်ကူးထား
သောအဆိုပါ ရုပ်သံမှတ်တမ်းမှာ အပြာဝက်ဆိုဒ်များတွင်ပြန့် နှံ့ ခဲ့ပြီးသည့်
နောက်ပိုင်းလူပြောများလျှက်ရှိရာ အမျိုးသားများကသူမအား ဆက်သွယ်
လာပြီးမဖွယ်မရာအပြောခံရပြီးသည့်နောက်ပိုင်းတွင်..ယခုလိုရဲစခန်းမှာလာရောက်
တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း၊
ညစ်ညမ်းဗီဒီယိုဖိုင် အင်နာနက်ပေါ်တင်ခဲ့သူဟု စွပ်စွဲခံရသူ
အသက်(၂၄)နှစ်အရွယ်အမျိုးသားအား ညစ်ညမ်းသောရုပ်ပုံများကို အများပြည်သူမြင်သာ
အောင်ပြုလုပ်ခဲ့မှု ဥပဒေ၂၉၂(က)အပြင် အသရေဖျက်မှု
ပုဒ်မ(၅၀၀)ဖြင့်ပါအမှုဖွင့်အရေးယူထားကြောင်းသိရသည်။။
myanmar dailypost
No comments:
Post a Comment