မင်္ဂလာဒုံ မြို့နယ်၊ သင်္ဃန်းကျွန်း ကြီး ကျေးရွာ၊ အောင်စည်း ခုံလမ်းထိပ် တွင်
မတ်လ (၁၇) ရက် နေ့ ၊ ညနေ (၆) နာရီ (၁၀) မိနစ် အချိန်ခန့် က အေ၀မ်း
အထည်ချုပ် စက်ရုံ ကြိုပို့ ယာဉ် နှင့် အငှား ယာဉ် တစ်စီး တို့ တိုက်မိ
ခဲ့သော ကြောင့် အသက် (၂၅) နှစ် အရွယ် စက်ရုံ ၀န်ထမ်း အမျိုးသမီး တစ်ဦး
သေဆုံး ခဲ့ ပြီး၊ လူ(၈)ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း ရန်ကုန် တိုင်း ဒေသကြီး
ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။
အဖြူရောင် အငှားယာဉ်သည် အောင် စည်းခုံလမ်းထိပ်အရောက် ၀ဲဘက်သို့ ချိုးကွေ့
စဉ် မျက်နှာ ချင်း ဆိုင်မှ မောင်းနှင်လာသော အေ၀မ်းအထည်ချုပ်စက်ရုံ
ကြိုပို့ယာဉ်ကို ၀င် တိုက်ခဲ့ခြင်း ဖြစ်ပြီး၊ ယာဉ်တိုက်မှု အ ရှိန်ကြောင့်
စက်ရုံကြိုပို့ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ညာ ဘက်လမ်းအစပ်ရှိ
ဈေးဆိုင်နှင့် ရပ်ထားသော စက်ဘီး တို့ အား ထပ်မံဝင်တိုက်ခဲ့ကြောင်း ရဲ
မှတ်တမ်းအရ သိရသည်။ ယင်းဖြစ်စဉ်ကြောင့်
စက်ရုံဝန်ထမ်းကိုးဦး ဒဏ် ရာ
ရရှိခဲ့ပြီး၊ မြောက် ဥက္ကလာပ ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ရွှေနံ့သာ
ကျေးရွာမှ အသက် (၂၅) နှစ်အရွယ် စက် ရုံ ၀န်ထမ်း အမျိုးသမီးမှာ
သေဆုံးခဲ့ခြင်းဖြစ် ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ်တွင် ယာဉ် မဆင်မခြင် မောင်းနှင်သူ အငှားယာဉ်မောင်းကို ယာဉ်ထိန်း
ရဲတပ်ဖွဲ့ စု (၁၃) မှ ဒုရဲအုပ် မောင်သာက တရား လိုပြု တိုင်တန်းခဲ့ပြီး၊
မင်္ဂလာဒုံမြို့မ ရဲစခန်း က ယာဉ် (ပ) ၃၆/၁၄ ပြစ်မှု ပုဒ်မ ၃၀ ၄-က/၃၃၈/ ၂၇၉
ဖြင့် မတ်လ (၁၇) ရက်နေ့ည (၁၁) နာရီ (၅၅) မိနစ်အချိန် အမှုဖွင့်ကာ အမှုစစ်
တရားလိုက စစ်ဆေးနေကြောင်း ပထမ သတင်းပေးချက်အရ သိရသည်။
Messenger News Journal
No comments:
Post a Comment