19 March 2014

အလုပ်ရမည်ဟုခေါ်ဆောင်ကာ တရုတ်နိုင်ငံတွင် ရောင်းစားခဲ့သူကို အရေးယူပေးရန် တိုင်တန်း

ရွှေပြည်သာမြို့နယ်နေ ဒေါ်--- မှ လွန်ခဲ့သော(၁)နှစ်ကျော်ခန့်က ၎င်းနှင့် သမီးဖြစ်သူ မ--- တို့ထံသို့ ရွှေပြည်သာမြို့နယ်၊ (၁၈)ရပ်ကွက်နေ မစိုးစိုး (စိစစ်ဆဲ) ရောက်ရှိလာပြီး ရှမ်းပြည်နယ်ရှိ ယူနီဆက်ဆေးဝါးဖြန့်ဖြူးရေး စက်ရုံတွင် အလုပ်လုပ်ကိုင်ရန် လူလိုနေကြောင်းနှင့် တစ်လလျင် လစာ (၁)သိန်းခွဲ၊ (၂)သိန်းခန့်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် ၎င်းတို့မှ လုပ်ကိုင်လိုကြောင်းပြောဆိုခဲ့ရာ ၇.၁၁.၂၀၁၂ရက်နေ့ ၁၄၀၀အချိန်ခန့်တွင် မစိုးစိုးမှ သမီးဖြစ်သူကို လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုသို့ ခေါ်ဆောင်သွားခဲ့ပြီး အဆက်အသွယ်မရရှိတော့ကြောင်း၊ ၁၆.၃.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန်ခန့်တွင် ဒေါ်----၏ဖုန်းသို့ သမီးဖြစ်သူမှ ဆက်သွယ်လာပြီး မစိုးစိုးမှ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ
တရုတ်အမျိုးသား တစ်ဦးထံတွင် ၎င်းအား ရောင်းစားခဲ့ကြောင်း၊ ယခုအခါ ကလေးတစ်ယောက်ရရှိ နေပြီဖြစ်ကြောင်း၊ ပြန်လည်ခေါ်ယူနိုင်ရေး ဆောင်ရွက်ပေးပါရန်ပြောပြသဖြင့် ဖြစ်စဉ်ကို သိရှိခဲ့ရကြောင်းနှင့် ယင်းကဲ့သို့သမီးဖြစ်သူအား ရောင်းစားခဲ့သူ မစိုးစိုးကို အရေးယူပေးပါရန်တိုင်တန်းချက်အရ  ရွှေပြည်သာမြို့မရဲစခန်း(ပ) ၁၇၄/၂၀၁၄၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ-၂၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment