ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် ဖူးခက်ပြည်နယ်
ပါတုံးကမ်းခြေမြို့ရှိ မြန်မာအလုပ်သမားများမှာ ထိုင်းလူမျိုးတစ်ဦး
အသတ်ခံရမှုနှင့် ပတ်သက်၍ ညမထွက်ရအမိန့်ထုတ်ပြန်ခံထားရကြောင်း မတ် ၁၄ ရက်
သတင်းများတွင် ဖော်ပြသည်။
ပါတုံးမြို့တွင်း၌ မတ် ၁၁ ရက်တွင် မြန်မာနိုင်ငံသား အုပ်စုတစ်စုက ထိုင်း
အမျိုးသားတစ်ဦးကို ရန်ပြုတိုက်ခိုက်ခဲ့ပြီး နောက်ပါတုံးမြို့တွင်းရှိ
မြန်မာအလုပ်သမားများ ည ၁၀ နာရီနောက်ပိုင်း၎င်းတို့ နေထိုင်ရာ စခန်းပြင်ပသို့
ထွက်ပါက အဖမ်းခံရမည်ဖြစ်ကြောင်း ပါတုံးရဲတပ်ဖွဲ့ က ကြေညာထားသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် ထုံးစံအားဖြင့်အလုပ်သမားများ၏
နိုင်ငံကူးလက်မှတ်များအား သိမ်းဆည်းထားတတ်ကြောင်း၊ သို့ဖြစ်ရာ
ပါတုံးမြို့နေ မြန်မာအလုပ်သမားများ ည ၁၀ နာရီ နောက်ပိုင်း ၎င်းတို့၏
စခန်းပြင်ပသို့ ထွက်ခွာပါက နိုင်ငံကူးလက်မှတ်လက်ဝယ် မထားရှိမှုနှင့်
ဖမ်းဆီးနိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်နိုင်ကြောင်း
ပါတုံးမြို့
ရဲတပ်ဖွဲ့ က ပြောကြားသည်။
ပါတုံးရဲတပ်ဖွဲ့၏ အဆိုအရ မတ် ၁၁ ရက် နံနက်ပိုင်းက ဆာဇစ်ဖိုတုန်း အမည်ရှိ
ထိုင်းအမျိုးသားတစ်ဦးကို မြန်မာနိုင်ငံသား ၁၁ ဦးတို့က
ရန်ပြုတိုက်ခိုက်ခဲ့ရာ ထိုင်းအမျိုးသား သေဆုံးခဲ့ရကြောင်း သိရသည်။
သို့ရာတွင် လုံခြုံရေးကင်မရာ မှတ်တမ်းများကို အထောက်အထားပြု၍
သုံးရက်တိုင်တိုင် ရှာဖွေစုံစမ်းပြီးနောက် ပြစ်မှုကျူးလွန်သူအဖြစ်ယူဆ
ရသူခြောက်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပါတုံးမြို့ရဲတပ်ဖွဲ့ တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။
အရက်ဆိုင်တစ်ဆိုင်၌ ဖြစ်ပွားခဲ့သည့် ရန်ပွဲတစ်ပွဲကိုအကြောင်းပြု၍
ပြန်လည်လက်စားချေလိုသဖြင့် သေဆုံးသူ ထိုင်းအမျိုးသားအား
တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟူ၍ ဖမ်းဆီးခံထားရသူ မြန်မာအလုပ်သမား များက
ဝန်ခံထားကြကြောင်းရဲတပ်ဖွဲ့၏ အဆိုအရ သိရသည်။
ထိုင်းအမျိုးသား အသတ်ခံရမှုတွင် ပါဝင်ပတ်သက်ကြောင်း ယူဆရသူ
အခြားမြန်မာနိုင်ငံသား ငါးဦးမှာ ဖူးခက်မှထွက်ခွာသွားပြီဟု ယူဆရကြောင်း
ပါတုံးရဲတပ်ဖွဲ့က ပြောကြားသည်။တစ်ချိန်တည်း၌ပင် လိုအပ်သည့်
ကာလအတိုင်းအတာတစ်ရပ်အထိ မြန်မာအလုပ်သမားများအပေါ် ညမထွက်ရအမိန့်
ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပါတုံးမြို့ ရဲတပ်ဖွဲ့က ပြောကြားသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ
No comments:
Post a Comment