၁၅.၃.၂၀၁၄ရက်နေ့ ၂၂၄၅အချိန် ရန်ကင်းမြို့နယ်၊ (၁၂)ရပ်ကွက်နေ
ဒေါ်နီနီသည် နေအိမ်တွင်ရှိနေစဉ် အတူနေသားမက်ဖြစ်သူ မင်းမင်းဦး၊ (ဘ)ဦးအောင်ကြည်မှာ ဒဏ်ရာများဖြင့် (၁၂)ရပ်ကွက်၊ မေတ္တာရိပ်သာ
လမ်းဘေးတွင် လဲကျနေကြောင်း ကြားသိရသဖြင့် ၎င်း၏သမီး
(မင်းမင်းဦး၏ဇနီးဖြစ်သူ)မတင်နွယ်ဝင်းအား သွားရောက်ကြည့်ရှုစေခဲ့ရာ မင်းမင်းဦးတွင် လည်းပင်ပြတ်ရှဒဏ်ရာ (၁)ချက်၊ နောက်စေ့ပြတ်ရှ
ဒဏ်ရာ(၂)ချက်၊ ယာလက်ပြင်ပြတ်ရှဒဏ်ရာ (၃)ချက်၊
ဝဲလက်မောင်းပြတ်ရှဒဏ်ရာ (၁)ချက်တို့ဖြင့် သေဆုံးနေသည်ကို
တွေ့ရပြီး မင်းမင်းဦးနှင့် ချစ်ပို(စုံစမ်းဆဲ)တို့စကားများရန်ဖြစ်စဉ်
ချစ်ပိုမှ ဓါးဖြင့်ခုတ်၍ ဒဏ်ရာများရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍
ချစ်ပိုအား အရေးယူပေးရန် ဒေါ်နီနီမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့်
ရန်ကင်းမြို့မရဲစခန်း(ပ)၄၅/၂၀၁၄၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး
တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment