လင်မယားအချင်းချင်းရန်ဖြစ်ပြီး နပန်းလုံးသတ်ပုတ်ရာမှဇနီး
ဖြစ်သူကလင်ယောက်ျားဖြစ်သူအားလည်ပင်းညှစ်ခဲ့သဖြင့်လင်ယောက်ျား
ဖြစ်သူသေဆုံးခဲ့မှု ယခုလ ၁၃ ရက် ည ၈ နာရီတွင် မြိတ်မြို့၌ ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးကမ်းရပ်အောင်
ဇမ္ဗူ(၄)လမ်းတွင်နေထိုင်သူ မမိုးမိုးအေး (ခ)တင်တင်မိုး(၃၇နှစ်)နှင့်
၎င်း၏ခင်ပွန်းဖြစ်သူ မှတ်ကြီး(ခ)ကျော်နိုင်(၃၄နှစ်) ကျပန်းလုပ်ကိုင်
သူတို့သည် စကားများရန်ဖြစ်ကြပြီး နပန်းလုံးသတ်ပုတ်ကြရာ မမိုးမိုးအေး
(ခ)တင်တင်မိုးက ခင်ပွန်းဖြစ်သူမှတ်ကြီး(ခ) ကျော်နိုင်၏
လည်ပင်းကိုညှစ်ခဲ့သဖြင့် ကျော်နိုင်မှာသတိမေ့သွားပြီး မြိတ်ဆေးရုံ ကြီးသို့
တင်ပို့ကုသစဉ်ရရှိသောဒဏ်ရာများကြောင့် ည ၉ နာရီ ၄၅ မိနစ်တွင်
ကွယ်လွန်သွားခဲ့သည်။
အဆိုပါခင်ပွန်းဖြစ်သူအား လည်ပင်းညှစ်၍ ဒဏ်ရာရစေသူမမိုး
မိုးအေး(ခ)တင်တင်မိုးအား ဥပဒေအရအရေးယူပေးပါရန် ရာအိမ်မှူး ဦးကျော်မြင့်က
တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြိတ်မြို့မရဲစခန်းက (ပ) ၁၉၁/၂ဝ၁၄
၊ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားပြီးအမှုစစ်အဖြစ်
ဒုရဲအုပ်အောင်မျိုးဝင်းမှ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
The Union Daily
No comments:
Post a Comment