၂၀.၃.၂၀၁၄ ရက်နေ့ ၀၅၀၀အချိန်ခန့်တွင် ဆိပ်ကမ်းမြို့နယ်၊
ပုဇွန်တောင်ချောင်း၊ ဟိုင်လုံဆိပ်ကမ်းရှိ အဏ္ဏ၀ါအောင်ဆိပ်ခံတံတားမှ ပဲ့နင်း
သန်းထိုက်အောင်၊ (၂၇)နှစ်၊ (ဘ)ဦးသန်းတင် မောင်းနှင်သော အလျား(၉၅)ပေ၊
အနံ(၂၃)ပေ၊ ရေစူး(၁၃)ပေခန့်ရှိ “ထူးမြတ်အဏ္ဏ၀ါ” ငါးဖမ်းစက်လှေဖြင့်
အရွယ်အစားတူ “ထာဝရမြတ်အောင်-၇” ငါးဖမ်းစက်လှေကို
တွံတေးတူးမြောင်းဝရှိ“ထွန်းသော်တာ”လွန်းကျင်းသို့ ဒေါက်တင်ရန်ဆွဲလာစဉ်
တွံတေးတူးမြောင်းဝအရောက် နှင်းများထူတပ်စွာ ကျနေသဖြင့်
မီးပြကျောက်တိုင်နှင့်ငြိမိပြီး “ထာဝရမြတ်အောင်-၇” ငါးဖမ်းစက်လှေမှာ
ရွက်တိုင်ကျိုး၍ ၀ဲဘက်သို့တိမ်းစောင်းကာ ရေယာဉ် ၀ဲဘက်ခြမ်း
ရေ၀င်နစ်မြုပ်လျက်ရှိသဖြင့် ပြန်လည်ဆယ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါငါးဖမ်းစက်လှေနစ်မြုပ်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု
မရှိကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုး (၁၀)သိန်းကျပ်ခန့်ရှိကြောင်း
သိရှိရပါသည်။
အခင်းဖြစ်ရပ်သို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရေကြောင်းဌာနမှ တာဝန်ရှိသူများ
ရောက်ရှိစစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်သွားရန် စီစဉ် လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon
No comments:
Post a Comment