၁၉.၃.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ဆင်ကူးကျေးရွာနေ
ဦးအေးကိုနှင့်တစ်ရွာတည်းနေ အေးသွင်တို့ ခြံမြေကိစ္စဖြင့်
စကားများရန်ဖြစ်နေစဉ် အေးသွင်နှင့်အတူပါလာသူ
ဘိုဘို(ခ)သိန်းစိုးဝင်း(စုံစမ်းဆဲ)မှ အသင့်ပါလာသောဓါးဖြင့်
ဦးအေးကိုအားထိုးခဲ့၍ ယာလက်ပြင်အောက် ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့်
ဝဲလက်မောင်းပြတ်ရှ ဒဏ်ရာ(၁)ချက်တို့ရရှိပြီး သေဆုံးသွားခဲ့ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အေးသွင်နှင့် ဘိုဘို(ခ)သိန်းစိုးဝင်းတို့အား
အရေးယူပေးရန် သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးမောင်မောင်လွင်မှ
တိုင်တန်းခဲ့သဖြင့် တိုက်ကြီးမြို့မရဲစခန်း(ပ)၉၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၁၁၄
ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။
အမှုမှပြစ်မှုကျူးလွန်သူများဖြစ်သော အေးသွင်၊ (၄၃)နှစ်၊ လယ်လုပ်၊ ဗမာ/ဗုဒ္ဓ၊
၁၂/တကန(နိုင်)၀၉၅၁၉၂၊ (ဘ)ဦးပေါက်စ၊ ဆင်ကူးကျေးရွာ၊
တိုက်ကြီးမြို့နယ်နေသူနှင့် ဘိုဘို(ခ) သိန်းစိုးဝင်း၊ (၃၅)နှစ်၊ လယ်လုပ်၊
ဗမာ/ဗုဒ္ဓ၊ ၁၂/တကန(နိုင်)၁၁၃၆၈၀၊(ဘ)ဦးကျင်မောင်၊ဆင်ကူးကျေးရွာ၊
တိုက်ကြီးမြို့နယ်နေသူတို့(၂)ဦးမှာ အခင်းဖြစ်ပွားပြီး
ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေးအတွက်
ရဲတပ်ဖွဲ့မှဆောင်ရွက်လျက်ရှိပါသည်။
၎င်းတို့(၂)ဦးအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် မိဘပြည်သူများ
အနေဖြင့်လည်း ၎င်းတို့နှင့်ပတ်သက်သည့် သတင်းများရရှိပါက
အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီသတင်းပေးနိုင်ပါရန်
မေတ္တာရပ်ခံအပ်ပါသည်။
ဖုန်းနံပါတ်-
- ၀၁ ၂၃၀၀၇၄၇ (ကွပ်ကဲမှုခန်းမ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)
- ၀၉ ၅၂၄၀၁၂၂ (ရဲမှူး-ဦးစီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)
- ၀၉ ၈၆၀၂၃၆၃ (ရဲမှူး-မှုခင်း၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)
- ၀၁ ၆၄၅၈၂၃ (မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)
- ၀၅၅ ၂၀၀၁၀ (တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး)
- ၀၅၅ ၂၀၀၀၃ (တိုက်ကြီးမြို့မရဲစခန်း)
Yangon
No comments:
Post a Comment