11 March 2014

ရုပ်ရှင်မှာ ဟာသကား မရိုက်ဘူးလို့ ဆိုလာသူ ဒါရိုက်တာ ဝင်းထွန်းထွန်း

ရုပ်ရှင်လောက ဖွံ့ဖြိုး တိုးတက် ဖို့ ရုပ်ရှင် ဥပဒေရေးဆွဲတဲ့ နေရာမှာ ကိုယ်တိုင် ပါဝင်နေသလို၊ မြန်မာ့ အားကစား တိုးတက်ရေး အစီအစဉ်တွေ မှာလည်း တတ်စွမ်း သရွေ့ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်းက သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ကား တစ်ကားဖြစ်တဲ့ “စုန်းပြူး” ကို မကြာခင်မှာ ရုံတင်တော့ မှာဖြစ် ကြောင်း အဲဒီ ကားအတွက် လည်း အကောင်းဆုံး ရိုက်ပြထားတာမို့ ပရိသတ် ကျေနပ်နှစ်သက်လိမ့်မယ် လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ဒီဇာတ်ကား နဲ့ပတ်သက်ပြီး ဒါရိုက် တာ ဝင်းထွန်းထွန်းက..
“အစ်ကို့ရဲ့ ပထမဆုံး ရုပ်ရှင် ကားဖြစ်တဲ့ “စုန်းပြူး” ရုပ်ရှင်ကားကို နိုဝင်ဘာမှာ ဖြစ်အောင် ရုံတင်မယ်။ အဲဒီအတွက်လည်း အဲဒီလမှာ ရုံတင် နိုင်အောင် ပြင်ဆင်နေ ရတာပေါ့။ ကျန်တဲ့ ကားရိုက်တာတွေနဲ့၊ ရုပ်ရှင် ဥပဒေ တစ်ဖက်၊ အားကစား တစ်ဖက်၊ မိသားစုတစ်ဖက် ဆိုတော့ သိပ်မအား ဘူး။
ဒါပေမဲ့ ဒီ၂ဝ၁၄မှာ အစ်ကို အများကြီး မျှော်လင့်ထားတယ်။ ရုံ တင်မယ့် စုန်းပြူး အတွက်လည်း ပါတာပေါ့။ အဲဒါနဲ့လည်း အများကြီး သက်ဆိုင်တယ်။ အစ်ကိုကြေညာ ထားခဲ့တာ ရှိတယ်။ တကယ် ရုပ်ရှင် ကားရိုက်တဲ့အခါ ဟာသကားကို လုံးဝမရိုက်ဘူးလို့ပေါ့။ ပြီးတော့ တစ် မူထူးခြားအောင် ရိုက်မယ်လို့လေ။  အခုတော့ အကောင်အထည် စပေါ် ပြီပေါ့။ အစ်ကို ဥာဏ်စွမ်း ရှိသ လောက် အကောင်းဆုံး ကြိုးစား ထားတယ်။ စုန်းပြူးကို ပရိသတ်အ ပြည့်အဝ စိတ်ကျေနပ်မှု ရရှိလိမ့်မယ် လို့ ရာနှုန်းပြည့် ယုံကြည်ပါတယ်” လို့ စုန်းပြူး နဲ့ပတ်သက်တဲ့ မျှော်လင့်ချက် တွေ၊ ရည်ရွယ်ချက်တွေကို ပြောပါ တယ်။ စုန်းပြူး ဇာတ်ကားမှာ နေတိုး၊ သက်မွန်မြင့်၊ ခိုင်သင်းကြည်၊ သင်ဇာ ဝင့်ကျော် တို့က အဓိက သရုပ်ဆောင် ထားပါတယ်။

Mဘွယ်/popularmyanmar

No comments:

Post a Comment