11 March 2014

ပါတော်မူဇာတ်ထုပ် ကြီး ကပြဖို့ စီစဉ်နေ ကြောင်း ပတ္တမြား ကေခိုင်ပြောကြား

ဂရိတ် ဦးဘိုးစိန် နှစ် ၁၃ဝ ပြည့် ပွဲကြီး စီစဉ်ပြီးတဲ့ နောက်ပိုင်းမှာ ပါတော်မူ ဇာတ်တော်ကြီးကိုလည်း ခမ်းနားစွာနဲ့ တင်ဆက် ကပြနိုင်ရန် စီစဉ်နေကြောင်း ပတ္တမြားကေခိုင် က ပြောပါတယ်။ ပွဲကိုတော့ ဇူလိုင်နဲ့ သြဂုတ်လထဲမှာ ပြုလုပ်သွားဖို့ စီစဉ် ထားပြီး ပါတော်မူ ဇာတ်တော်ကြီး နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကိုလည်း စုဆောင်းနေကြောင်း ပြောပြလာတဲ့ ပတ္တမြားကေခိုင် က “ဖေဖေတို့ သွင်းခဲ့တဲ့ ကက်ဆက် ဇာတ်လမ်းခွေတွေ ရှိတယ်။ အဲဒါတွေ အကုန်လုံးကို ဇာတ် ညွှန်းတွေပြန် ထုတ်ထားတယ်။ မင်းသားတွေ ပြောထားတာ တော့ သူတို့ကလည်း လုပ်ပေး မယ်ပေါ့။ ဒီတစ်ခေါက် ကတော့ ကောက်နုတ် ချက်တွေပဲ မဟုတ်တော့ဘူး။ တကယ့် ဒရာမာ ပဲဖြစ်လိမ့်မယ်။ ပွဲလုပ်ဖြစ်ခဲ့ရင် အစ်မတို့ စိတ်ကူး ထားတာကတော့ နှစ်ပါးသွားနဲ့ သိမ်း တာမျိုး မဟုတ်ဘဲနဲ့ ဖေဖေ တို့တုန်းက ဇာတ်ကခဲ့တဲ့ ပုံစံမျိုးနဲ့ သိမ်း မယ်။ နှစ်ပါးသွားကို ရှေ့မှာထွက်ပေးမယ်။ ပါတော်မူ နဲ့ပဲ သိမ်းလိုက်မယ်။၂ ရက် ကပြမှ ဇာတ်ထုတ်ပြည့်စုံမယ် ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ပါတော် မူထဲမှာ ပါတဲ့သူတွေ ကရနောင် မောင်မောင်တုတ်တို့၊ မောင်ဖေငယ် တို့ဆိုရင် သူတို့ ဇာတ်လမ်းတွေ နဲ့သူ တို့ရှိတယ်။
အဲဒါတွေက ချန်ထားခဲ့ လို့ ရတာ မဟုတ်ဘူး။ ဇာတ် ညွှန်း ကိုတော့ ဦးညီဝင်းစိန် တို့တခြား ပညာရှင်ကြီး တွေ နဲ့တိုင်ပင်ပြီး ပြုစုနေကြပါတယ်” လို့ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းဖြစ်တဲ့ ပါတော်မူ ဇာတ်ထုတ်ကို တင်ဆက်ဖို့ လုပ်တဲ့ အခါမှာ တာဝန်ကြီးမှု အပိုင်းနဲ့ ပတ်သက်ပြီးလည်း ပတ္တမြားကေခိုင်က “တာဝန် တအားကြီးတယ်။ တကယ် တော့ ဒီဇာတ်ထုပ်ကို ဖေဖေ တို့ကခဲ့  တုန်းက အပိတ်ခံ ခဲ့ရဖူးတယ်။ အရင် နိုင်ငံရေး အခြေအနေအရပေါ့။ အခု ခေတ်မှာတော့ အကုန်လုံးက နားလည်မှု တွေလည်း ရှိလာကြပြီလေ။ အစ်မ တို့အနေနဲ့ ကတော့ အစ်မတို့ တစ်မျိုး သားလုံး သူ့ကျွန်ဘဝကျ ရောက်ခဲ့ရ တာကို တကယ် သမိုင်းဖြစ် ရပ်မှန်ဖြစ် တယ်။ ဒီအပေါ် မှာလည်း သင်ခန်းစာ ယူစေချင်တယ်။ ဒီပါတော်မူ ဇာတ် ထုတ်က ဦးဘိုးစိန်လက်ထက်မှာ ကခဲ့ တဲ့ဇာတ်ထုပ် မဟုတ်ပါဘူး။ ဦးကနက်စိန် လက်ထက် ကျတော့မှ စာရေး ဆရာမကြီး ဒဂုံခင်ခင်လေးက သူ့ရဲ့ စာဆိုတော် ဝတ္ထု ကို ဦးကနက်စိန်ကို ပေးတယ်။ ဦးကနက် စိန်က မန္တလေး ရာပြည့် ပွဲတော် မှာကခဲ့တာပါ”လို့ ပြောပြ ပါတယ်။ ပါတော်မူ ဇာတ်ထုပ်ကို ကပြ တဲ့အခါမှာ ဂရိတ် ဦးဘိုးစိန် ပွဲကြီးနဲ့ မတူတဲ့ အရသာမျိုး ရအောင်လည်း လုပ်ဆောင်မှာ ဖြစ်ကြောင်း ပါတော် မူ ဇာတ်ကတကယ့် ဖြစ်ရပ်မှန် လည်း ဖြစ်နေတဲ့ အတွက် သူတို့အနေနဲ့ တအား သတိ ထားရပါကြောင်း၊ ပါတော်မူ နေ့ နဲ့ ပတ်သက်ပြီးလည်း အခုခေတ် လူငယ်တွေကို သိစေချင်တဲ့ ရည်ရွယ်ချက် လည်းပါကြောင်း ပတ္တမြားကေခိုင် ကပြော ပါ တယ်။

လင်းအက္ခရာ/popularmyanmar

No comments:

Post a Comment