11 March 2014

နှစ်စဉ်နှစ်တိုင်း ကလေးငယ်များအတွက် ပညာရည်ချွန်ဆုပေးအပ်နေသည့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး

                               
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အခြေခံ အလွှာများဖြစ်သောထုတ်လုပ်သူအလွှာ၊ စက်မှုအ လွှာ၊ ဗီဒီယိုအလွှာ၊ ဇာတ်ပို့၊ဇာတ်ရံအလွှာ၊ အဓိက သရုပ်ဆောင်အလွှာ၊ ဒါရိုက်တာအလွှာ၊ တည်းဖြတ်၊ မှတ်တမ်းအလွှာ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း အလွှာ၊ ပြဇာတ်နှင့် ရုပ်ရှင်နောက်ခံ တေးဂီတအလွှာစသည့် အလွှာများမှ အနုပညာရှင်၊ အတတ် ပညာရှင်တို့ ၏ သားသမီးများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ နှစ်စဉ်နှစ်တိုင်း ပညာရည်ချွန်ဆုပေး အပ်လျက်ရှိသည်။
ပညာရည်ချွန်ဆုပေးရာတွင် ဘာသာရပ်အလိုက်၊ ဂုဏ်ထူးအလိုက် မည် သည့်အလွှာမှ သားသမီးဖြစ်စေ၊ ခွဲ ခြားမှုမရှိဘဲ မျှမျှတတဖြစ်စေရေးအတွက်လည်း နာယကကြီး များ၊ အဖွဲ့ဝင်များက သေချာကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။ပညာရည်ချွန်ဆုပေးအပ်ရခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဒုဥက္ကဋ္ဌဦးအေးကြူလေး က ” မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ အလွှာအသီးသီး မှာရှိတဲ့ အနုပညာရှင်တွေရဲ့ ထူးထူးချွန်ချွန်နဲ့ ဆယ်တန်းအောင်မြင်တဲ့ သားသမီးတွေကို ဆုအဖြစ် ပေးအပ် တာပေါ့နော်။အခမ်းအနားနဲ့တကွ သေသေချာချာပြင်ဆင်ပြီးတော့ကိုပေးတယ်။
ဒါကနှစ်တိုင်း ပါပဲ။ သူတို့တွေရဲ့ ကြိုးစားမှုကို ပြန်လည်ပြီး အသိအမှတ်ပြုတဲ့ အနေနဲ့ ပေး အပ်တာပါ။ အခုက စာမေးပွဲလည်းနီးနေပြီ။ ဒီနှစ်လည်းပညာရည်ချွန်ဆုပေးအပ်မှာပါ။ ကလေးတွေစာမေးပွဲ အဖြေသေး တော့ ဘယ်လိုပုံစံမျိုးပေး မယ်ဆိုတာ ကို အတိအ ကျပြောလို့မရသေးဘူး။ ပေးတော့ပေးမှာပေါ့လေ” ဟု ပညာရည်ဆုပေးအပ်ပုံနှင့် ပတ်သက်ပြီးပြောသည်။ ပြီးခဲ့သည့်နှစ်ကလည်း ဒါရိုက်တာ ကိုဇော် (အရုဏ် ဦး)၏ သမီးနှင့်အတူ တခြားထူးချွန်သည့်ကလေးများကို ဂုဏ်ပြုဆုတံဆိပ်များကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊အစည်း အဝေးခန်းမ တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။

P-081/popularmyanmar

No comments:

Post a Comment