19 March 2014

သာကေတမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားကာ ဓါးဖြင့်ထိုးခဲ့၍(၁)ဦးသေ၊(၂)ဦး ဒဏ်ရာရခဲ့သည့် အမှုမှ ကျန်ရှိ နေသော ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေသူ (၂)ဦးကို မိဘအုပ်ထိန်းသူများက ရဲစခန်းသို့ လာရောက်အပ်နှံ

၁၂.၃.၂၀၁၄ ရက်နေ့ ၂၃၃၀အချိန်ခန့်တွင် ကိုကျော်ထင်ဦးနှင့်သူငယ်ချင်း (၅)ဦးတို့သည် သာကေတမြို့နယ် ရန်ပြေထိပ်အနီးရှိ အရက်ဆိုင်တွင် အတူအရက်သောက်ခဲ့ကြပြီးပြန်လာခဲ့ကြစဉ် အချင်းချင်း ဖုန်းဆက်ပြီး ဆဲဆိုပြောသည်ကို အနီးရှိလမ်းဘေးတွင်ထိုင်နေကြသောအမျိုးသားတစ်ဦး
နှင့် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့ကိုဆဲသည်ဟုထင်ကာ နှစ်ဖက်အုပ်စု စကားများခဲ့ကြပြီး ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် (၁)ဦးသေဆုံးပြီး(၂)ဦး ဒဏ်ရာရခဲ့သဖြင့် သာကေတမြို့မရဲစခန်း(ပ)၁၁၃/၂၀၁၄၊ ပုဒ်မ ၃၀၂/ ၃၂၆/ ၁၁၄ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး
စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက် လျက် ရှိသည့်အပြင် YangonPolice လူမှုကွန်ယက်စာမျက်နှာမှ ပြစ်မှု
ကျူးလွန်သူများနှင့်ပတ်သက်ပြီး သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်

ပေးနိုင်ပါရန် မေတ္တာရပ်ခံခဲ့မှုအပေါ် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ရဲနိုင်၊ လင်းထက်အောင်၊ ကိုထက်(ခ)သန့်ဇော်ထက်၊ သဲမောင်မောင်(ခ)မမ(ခ) ဟိန်းလတ်အောင် တို့(၄)ဦးကို ၁၆.၃.၂၀၁၄ရက်နေ့ ၁၅၁၀ အချိန်တွင် ၎င်းတို့၏မိဘအုပ်ထိန်းသူများက သာကေတမြို့မရဲစခန်းသို့ လာရောက်
အပ်နှံပေးခဲ့ကြပြီးဖြစ်ပါသည်။

အမှုမှကျန်ရှိသော ပြစ်မှုကျူးလွန်သူများဖြစ်သည့် သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက်နေ ဘောကြီး(ခ) သိန်းထိုက်အောင်၊ (၂၅)နှစ်၊ (ဘ)ဦးအောင်ကြီးနှင့် ဖိုးပြည့်(ခ)ဘိုလေး(ခ)ရဲပိုင်၊ (၁၈)နှစ်၊ (ဘ)ဦးအောင်ကြီးတို့ ညီအစ်ကို(၂)ဦးတို့ကိုလည်း ၁၇.၃.၂၀၁၄ ရက်နေ့
၁၇၄၀ အချိန်တွင် ၎င်းတို့၏မိဘအုပ်ထိန်းသူများက သာကေတမြို့မ ရဲစခန်းသို့ လာရောက်အပ်နှံပေးခဲ့သဖြင့် အမှုဖြင့် ဆက်လက်အရေးယူ
ဆောင်ရွက်လျက်ရှိပါသည်။

ယခုကဲ့သို့ ဥပဒေကို လေးစားလိုက်နာရမည်ဆိုသည့် အသိတရားနှင့်
ယှဉ်၍ ပြစ်မှုကျူးလွန်သူများ၏ မိဘအုပ်ထိန်းသူများကိုယ်တိုင် သာကေတ မြို့မရဲစခန်းသို့ မိမိတို့၏သားများကို လာရောက်အပ်နှံပေးခဲ့ခြင်းဖြစ်သည့်
အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့မှလည်း အထူးကျေးဇူးတင်ရှိ ပါကြောင်းနှင့် မှတ်တမ်းတင်ထားရှိပါကြောင်း
ဖော်ပြအပ်ပါသည်။

Yangon Police

No comments:

Post a Comment